Thursday, January 27, 2011

မလေးရှားရောက်မြန်မာများအတွက်ရဟန်းခံရှင်ပြုမင်္ဂလာ

မလေးရှားနိုင်ငံတမန်ဆွန်ဂိုင်းဘီစီ ဒေသရှိ သတိပဋ္ဌာနဓမ္မရိပ်သာသစ်ကြီးတွင် (၇)ရက် တရားစခန်းပွဲနှင့် ရဟန်းခံ ရှင်ပြု ၊ မင်္ဂလာများကို ၁၃၇၂ ခုနှစ် ပြာသို လကွယ်နေ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်ကြာသပတေးနေ့မှ ဖေဖော်ဝါရီလ (၁၀)ရက်နေ့ကြာသပတေးနေ့ အထိ မလေးရှားနိုင်ငံတရုတ်နှစ်သစ်ကူးကာလတွင်
ကျင်းပပြုလုပ်ပေးမည်ဖြစ်ပါသောကြောင့် ဒုလ္လဘရဟန်း၊ သာမဏေဝတ်လိုသူများ နှင့် (၇) ရက်တရားစခန်းဝင်မည့်ယောဂီသူတော်စင်များအနေဖြင့် ဇန္နဝါရီလ (၃၀) ရက်နေ့ နောက်ဆုံးထား၍ သတိပဋ္ဌာနဓမ္မရိပ်သာ အကျိုးတော်ဆောင်အဖွဲ့နှင့် တာဝန်ခံ ဆရာတော်သံဃာတော်များ ထံသို့ကြိုတင်အကြောင်းကြားစာရင်း ပေးသွင်းကြရမည်ဖြစ်ပါသည်။
ဒုလ္လဘရဟန်းနှင့်ရှင်သာမဏေဦးရေ (၁၀) ပါးသတ်မှတ်ထားပါသည်။
အမျိုးသားယောဂီဦးရေ (၁၀) ဦးသတ်မှတ်ထားပါသည်။
အမျိုးသမီးယောဂီဦးရေ (၁၀)ဦးသတ်မှတ်ထားပါသည်။
မည်သည့်ကုန်ကျစရိတ်မှပေးဆောင်ရန်မလိုပဲ ရဟန်းယောဂီပြုနိုင်ကြပါသည်။
လှူဒါန်းဖွယ်ရာများမှအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ သင်္ကန်းပရိက္ခရာများ လှူဒါန်း၍ ရဟန်းဒါယကာ ၊ ရဟန်းဒါယိကာမများပြုနိုင်ကြပါသည်။
၂။ နေ့စဉ်ဆွမ်းနှင့် အထွေအထွေဝေယျာဝစ္စအတွက် သတ်မှတ်ထားသော ရဟန်းသံဃာ ၊ ရှင်သာမဏေ ယောဂီများအတွက် ဆွမ်းတစ်နပ်စာ (သို့) ဆွမ်းတစ်နေ့စာ (သို့) ဆွမ်းတစ်ပတ်စာ သစ်သီးအချိုရည် စသဖြင့် ဆွမ်းကိစ္စပြီးမြောက်စေရန်အတွက် တစ်ဦးချင်းသော်လည်းကောင်း ၊ အဖွဲ့လိုက်သော်လည်းကောင်း ၊ ကုသိုလ်ပြုလှူဒါန်းနိုင်ကြပါသည်။
၃။ သိမ်ဆင်းလောင်းရန်အတွက် မိမိတို့အစီအစဉ်ဖြင့်သော်လည်းကောင်း ၊ ကျောင်းဝေယျာဝစ္စအဖွဲ့တွင်ပါဝင်၍သော်လည်းကောင်း ၊ကိုယ်တိုင်ကိုယ်ကြပါဝင်၍
သိမ်ဆင်းလောင်းလှူဒါန်းနိုင်ကြပါသည်။
သတိပဋ္ဌာနဓမ္မရိပ်သာ
အကျိုးတော်ဆောင်အဖွဲ့ ၊
ကိုဇော်မင်း = ၀၁၆၂၄၁၀၈၃၃
ကိုရောဘတ် = ၀၁၂၉၇၃၂၃၀၁
ဒေါ်မြင့်မြင့်ဝင်း = ၀၁၆၂၆၁၃၂၉၁
သတိပဋ္ဌာန ဓမ္မရိပ်သာ
တမန်ဆွန်ဂိုင်းဘီစီ ဆလန်ဆောက်ဘာရူးအနီး ပါးဘလစ်ဘဏ် အနီး ဒုတိယထပ် အမှတ် ၃၇ ။
၃/၁၀၈c . လမ်း ကွာလာလမ်ပူ မလေးရှား။

STIPATTHANA MEDITATION CENTRE
@ No.37- 2nd floor jalan 3/108c
Taman Sungai Besi 57100
Kuala Lumpur Malaysia
thuwunnaoscar@gmail.com
www.thuwunna-oscar.blogspot.com
+6016 6025536, +60122395621,
ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ၍နိဗ္ဗာန်မျှော်ရှုကောင်းရာပြုနိုင်ကြပါစေ

0 comments: