Thursday, January 20, 2011

လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ


လုပ်ကြံမှု့များကြားက -( နိဒါန်း) စကားချီး

ဗုဒ္ဓဘာသာရဲ့ ရေရှည်အကျိုးအတွက် လူမျိုးခြား ဗုဒ္ဓဘာသာတစ်ဥိးရဲ့ နိုးဆော်တိုက်တွန်းတောင်းပန်တာကိုမြန်မာဗုဒ္ဓဘာသာတွေရဲ့ ရင်ထဲရောက်အောင်

မြန်မာဘာသာနဲ့ ပြန်ဆိုပြတဲ့ နောင်ကြီးကုသလသာမိ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ထဲရောက်အောင်ပြုသင့်တယ်လို့ တွန်းအားပေးတဲ့

ဝိနယပိဋကတ်ရဲ့ အဖြည့်ခံသူရဲကောင်းကြီး ဥဒါယီနဲ့ရောင်းရင်းများကို လေးစားစွာ ကျေးဇူးပါပဲ။

အေဒီနှစ်ရာစု ပတ်ဝန်းကျင်မှာ ဖရိုဖရဲဖြစ်နေတဲ့ဗုဒ္ဓဘာသာ အိန္ဒိယမြေပေါ်က အကွက်ကျကျ မောင်းထုတ်ခြင်းခံခဲ့ရပါတယ်။

အေဒီ နှစ်ဆယ့်တစ်ရာစု ပတ်ဝန်းကျင်မှာရော အသက်ငွေ့ငွေ့သာ ရှိတော့တဲ့ ဗုဒ္ဓဘာသာကိုမြန်မာမြေပေါ်က မောင်းထုတ်ခံနိုင်မှာလားလို့

အားလုံးသောဗုဒ္ဓဘာသာဝင်တွေကို မေးကြည့်ချင်ပါတယ်။

လက်မခံနိုင်ဘူးဆိုရင်တော့ အားလုံးအလုပ်လုပ်ဖို့ လိုနေပါပြီ။ ဗုဒ္ဓတည်ထောင်ခဲ့တဲ့ သံဃအဖွဲ့ဝင်ဖြစ်နေပြီးတော့ သံဃာဆိုတာ မရှိတော့ပါဘူးလို့

ပြောနေတဲ့ အချိန်၊ သူများတွေဝေဒနာကြားထဲက သာသနာအတွက် အလုပ်တွေလုပ်နေတဲ့ အချိန်၊ မိမိပိုင်ဆိုင်ထားတဲ့ အသိတွေ

အကျင့်တွေကို လာတ်လာဘ ငွေကြေးတွေနဲ့ လိုက်ပြီးလဲလှယ်နေတဲ့အချိန်၊ အတိတ်မှာကျန်ခဲ့တဲ့ သူတွေကိုလိုက်ပြီး အတိုက်ခံတွေလုပ်နေတဲ့ အချိန်၊

ဒီလိုအားနည်းချက်မျိုးစုံနဲ့ ဘာသာခြားတွေရဲ့ ထိုးနှက်တိုက်ခိုက်မူ့ကိုခံနေရတဲ့ အချိန်မှာ ဗုဒ္ဓဘာသာကို ယုံကြည်လက်ခံ ချစ်မြတ်နိုးတဲ့ ဒီဗုဒ္ဓဘာသာဝင်တွေ မိမိစွမ်းနိုင်ရာ

အလုပ်တွေကို မလုပ်ဘူးဆိုရင်တော့ ဗုဒ္ဓဘာသာဟာ သိပ်မကြာခင်အချိန်မှာပဲ သွားမှာပါပေါ့။

သာသနာကို အထောက်ပံ့ပေးနေကြတဲ့ ဒါယကာ ဒါယိကာမတွေကို ပြန်လည်တရားစွဲဖို့ ကြိုးစားမနေသင့်သလိုကြေးအိုးဆီချက်လေးစားပြီး ဒူးနန့်နေလို့လည်း မဖြစ်တော့ပါဘူး။

မင်းတစ်ယောက်ဖျက်လို့ သာသနာပျက်မသွားဘူး (တယာ ကတံဝါ အကတံဝါ ပိတုသာသနံ နဟာသိ)

ဆိုပေမယ့်လည်း သုနက္ခဆိုရင် ရှင်းသင့်ရင် ရှင်းလိုက်ပါ။

သူလိုလို ကိုယ်လိုလို လုပ်ပါလိမ့်မယ်ဆိုတဲ့စိတ်က သာသနာကြီးကို ဘေးချထားရာ ရောက်ပါလိမ့်မယ်။

ဘေးချထားပြီဆိုမှတော့ ဘေးရောက်ပြီပေါ့။ ကြော်ငြာကောင်းတဲ့ခေတ်မှာ `အပြောထက် အလုပ်ကပိုပြီးထိရောက်တယ်´ ဆိုတာကို ငါတို့တွေ

သက်သေပြသင့်တယ်။ ရဟန်းဘ၀ ဆိုတာ ပရဟိတလုပ်ငန်းလုပ်လိုသူတွေအတွက် မဟာအခွင့်အရေးကြီးပါ။

မျိုးဆက်သစ် တွေကို ကျမ်းတက်မရလို့ အထင်မသေးသင့်သလို မျိုးဆက်ဟောင်းတွေကိုလည်း အလုပ်မလုပ်လို့ အပြစ်မတင်သင့်ပါ။

`လောကကြိးကို ဘယ်လိုမြင်သလဲဆိုရင် ကိုယ်ဘယ်လို ကြည့်သလဲ´ ဆိုတာကို သိထားသင့်တယ်။ကျောချင်းကပ်နေတဲ့ ရဟန်းတွေ မျက်နှာချင်းဆိုင်ပြီး ပြုးံပြချိန်ရောက်ပြီ။

ဒါမှ ငါတို့ ရဟန်းတော်တွေ တိုက်စစ်မဖြစ်ရင်တောင်မှ ခံစစ်လေးလောက်တော့ လုံနိုင်ကောင်းပါရဲ့။ကရဏီယ (မေတ္တာသုတ်) နဲ့ ရရင်ကျေနပ်နေတဲ့ `ရ´ဟန်း´ ဘ၀ကို စွန့်လွတ်သင့်ပြီ။

လူဆိုတာ မိမိလုပ်တဲ့အလုပ်ကို မြတ်မြတ်နိုးနိုးနဲ့ လုပ်မယ်ဆိုရင် မိမိကိုယ်ကိုယ် မြတ်နိုးလာပါလိမ့်မယ်။

အလကားရတာတွေကို အကုန်ယူပြီး မြတ်နိုးနေမယ့်အစား အလုပ်လုပ်ပြီး ရလာတဲ့မြတ်နိုးမှုကိုသာမြတ်နိုးကြစေချင်တယ်။

ဘုန်းကြီးရဟန်းဆိုတာ သရဏဂုံတင်တာ၊ သီလပေးတာပဲ လုပ်တတ်တယ်။ ငွေပေးပြီး ခိုင်းရင်ရတယ်ဆိုတဲ့ လူတန်းစားတရပ်လို့ လူတွေက မြင်နေကြပြီ။

အားမလို အားမရနဲ့ ဝေဖန်မှုတွေကို တွန်းအားအဖြစ် အသုံးချပြီး ပရဟိတ အလုပ်တွေ လုပ်ပြဖို့ လိုလာပြီနော်။

အားလုံးကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ အလုပ်နဲ့ ငါတို့ရဟန်းဘ၀ကို သက်သေပြဖို့ လိုလာပြီ။

ဒီဘ၀မှာ မိမိကတော့ ကိုးဆယ်ကိုး ရာခိုင်နှုံးလောက် တရားထူးမရဖို့ သေချာနေပြီ။

အဲဒီတော့ ပရဟိတ အလုပ်လုပ်ဖိုပဲ့ ဆုံးဖြတ်လိုက်ပြီ။ အေးပေါ့လေ။ ဒီဘ၀မှာ တရားထူးရမယ့်ပစ္ဆိမဘ၀ိက ရဟန်းတွေကတော့

မလုပ်ချင်နေပေါ့။ ရပါတယ်။ သာသနာကြီးကတော့ ခွင့်လွတ်နေမှာပါ။ ဒါကြောင့်မို့သာ လူမျိုးခြား ဗုဒ္ဓဘာသာ တစ်ယောက်ရဲ့ ဗုဒ္ဓဘာသာအပေါ်ထားတဲ့

စေတနာကိုမြန်မာဗုဒ္ဓဘာသာဝင်တွေ သိအောင် နှိုးဆော်ပေးခြင်းဖြစ်ပါတယ်။

(မဟာဝီရ၀ါသီ-မျိုးဆက်သစ်)

လုပ်ကြံမှု့များကြားက ဗုဒ္ဓဘာသာ - ၁

ဗုဒ္ဓဘာသာကို ကမ္ဘာက ဆွဲဆောင်စည်းရုံးဖို့ ကြိုးစားမှုအနေနဲ့ နောက်ဆုံးပေါ်ပေါက်လာတဲ့ စာအုပ်တစ်အုပ်ရှိပါတယ်။

အဲဒီစာအုပ်ကတော့ ဟက်ဝေးပေါလ် ဆိုသူရေးတဲ့ `ဗုဒ္ဓဘာသာ ကမ္ဘာမှလူများ´ဆိုတဲ့ စာအုပ်ပါ။

`ခရစ်ယာန် ဘုရားရှိခိုး လမ်းညွန်စာအုပ်´ လို့လည်း ဆိုပါတယ်။

မနုဿဗေဒ အားဖြင့်ဆိုရလျှင် ဒီစာအုပ်ဟာ ပြောင်မြောက်တဲ့ သုတေသန ပြုမှုတွေနဲ့ အလွန်ဂုဏ်ယူစရာကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ဝေးလံလှတဲ့ အရပ်ဒေသက ၂၃၈-မျိုးသော လူမျိုးစုတွေရဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေ၊ ဗုဒ္ဓဘာသာရဲ့ မြေပုံလမ်းညွန်တွေ

ပါဝင်အောင် ရေးထားပါတယ်။ အဲဒီထဲက အကြောင်းအရာတချို့တင်ပြချက်တွေဟာဗုဒ္ဓဘာသာတွေ အနေနဲ့

လုပ်နိုင်စွမ်းရှိပေမယ့် လုပ်ဖို့ပျင်းနေတဲ့ အချက်တွေဖြစ်နေပါတယ်။

ဆွဲဆောင်မှုရှိလှတဲ့ ဒီစာအုပ်ဟာ အမှားယွင်းမရှိဘဲ စွန့်စွန့်စားစား ထုတ်ဝေပြီးစီးသွားပါပြီ။

ဒါပေမယ့် ဒီစာအုပ်မှာ ကွယ်ဝှက်နေတဲ့ လုပ်ငန်းစဉ်တွေ ပါနေတယ်။ ဒီစာအုပ်က တရားဟောစည်းရုံးရန် စိတ်ဝင်စားပြီး စိတ်အားထက်သန်လှသော

ခရစ်ယာန် စည်းရုံးရေးသမားတွေအတွက် လုပ်ငန်းစဉ်နှင့် လုပ်ရမယ့် အခန်းကဏ္ဍ တစ်ခုအနေနဲ့ အထောက်ကူပြုနေတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒါဟာ ဗုဒ္ဓဘာသာတွေကို ကလိန်ကကျစ်နည်းတွေနဲ့ တိုက်ခိုက်ဖို့ ရေးဆွဲထားတဲ့ တိုက်ပွဲအစီစဉ်တစ်ခု (သို့မဟုတ်) တိကျခိုင်မာတဲ့ လမ်းညွန်မြေပုံ တစ်ခုလည်း

ဖြစ်ပါတယ်။

ဒါပေမယ့် ပညာတတ်၊ ချမ်းသာတဲ့ ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ တက်ကြွတဲ့ တရားဟောဆရာ၊ စာရေးဆရာကို ကျေးဇူးတင်စရာ အတော်ကောင်းပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့သူတင်ပြထားတဲ့ ၂၃၈-ခုသော လူမျိုးစုများနှင့် ပတ်သက်ပြီး အများစုကမသိကြသေးလို့ပါပဲ။

မှန်ပါတယ်။ ဗုဒ္ဓဘာသာအဖွဲ့စည်း အများစုဟာ

ဒီအကြောင်းအရာတွေကို မသိကြသလို ကြာမြင့်စွာကတည်းကမေ့လျော့ထားကြပါတယ်။ ဗုဒ္ဓဘာသာ ဆိုတာ ကမ္ဘာမှာ ပေါ့တိပေါ့ဆ အနေတတ်ဆုံးလူမျိုးတွေထဲမှာ ပါပါတယ်။

ဆိုးရွားလှတဲ့ ရည်ရွယ်ချက်တွေနဲ့ ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ ဆုတောင်းခြင်းအားဖြင့် သာမာန်ပြည်သူတွေရဲ့ ၀ိညာဏ်ကို ထိတွေ့ဖို့

ကောင်းကင်ဘုံသခင် ဖန်ဆင်းရှင် ထာဝရဘုရားရဲ့ မဟာဂရုဏာနဲ့ ကယ်တင်မှုရအောင် အများစုကို ဆွဲဆောင် စည်းရုံးလေ့ ရှိပါတယ်။

ဒီနေရာမှာ ကျွန်ုပ်ဟာ ဒီစာအုပ်ကို ဗုဒ္ဓဘာသာ ဆန့်ကျင်ရေး စာအုပ်ဖြစ်တယ် ဆိုပြီး အပြစ်တင်ဝေဖန်ဖို့မရည်ရွယ်ပါဘူး။

လောဘအားကြီးတဲ့ ခရစ်ယာန်ဓမ္မဆရာ သာသနာပြုအဖွဲ့ကိုလည်း အဲဒီလို တံဆိပ်တပ်ပြီး သံယောင်လိုက် စွပ်စွဲဖို့လည်း ရည်ရွယ်ချက် မရှိပါဘူး။

ကျွန်ုပ်ရည်ရွယ်တာက ပညာတတ်ပြီး ဥစ္စာကြွယ်တဲ့ ယဉ်ကျေးကမ္ဘာမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာ ညီအစ်ကို မောင်နှမများကို တိုက်တွန်းချင်တာပါ။ ဗုဒ္ဓဘာသာကမ္ဘာကို မတရားဆွဲဆောင် သိမ်းသွင်းနေမှုများကို လိမ္မာပါးနပ်လှတဲ့ အဖြေတစ်ခု ရှာဖွေသင့်တယ်ဆိုတာကို နားလည်စေချင်တာပါ။

ဒီလိုလုပ်ဆောင်ချက်တွေကို ယုတ္တိရှိရှိ ယုံယုံကြည်ကြည်နဲ့ ဘယ်လိုဝေဖန်ကြမလဲ ဆိုတာနဲ့ဘာသာကူးပြောင်းမှု့ကို ဆန့်ကျင်တဲ့ ဥပဒေတွေကို ဘယ်လောက်များများ

ပြဓာန်းဖို့ လိုအပ်သလဲ ဆိုတဲ့အပေါ်မှာလဲ ဦးတည်ချက် ထားမနေချင်ပါဘူး။ ကျွန်ုပ်အဓိက ရည်ရွယ်တာက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ

အဖွဲ့အစည်းအတွင်းမှာကိုပဲ ရိုးသားပြီး ပန်းတိုင်ရှိတဲ့ ပြန်လည်စစ်ကြောရေးတွေကို လုပ်ဆောင်နိုင်ကြဖို့ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအနေနဲ့ `ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဟာ ကရုဏာတရား၊ အခြေနေအရပ်ရပ်အတွက်ပြောင်းလဲနိုင်စွမ်း၊ သည်းခံခြင်းတရားနဲ့ အကြမ်းမဖက်

လမ်းစဉ်တွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာလက်နက်တွေကို တပ်ဆင်ပြီး နှစ်ပေါင်း ၂၅၀၀- ကျော်တိုင်အောင် အသက်ရှင်ရပ်တည်ခဲ့တဲ့

ဘာသာတရားတခုဖြစ်တယ်´ လို့ ဂုဏ်ယူဝင့်ကြွားစွာပြောဆိုနိုင်ပါတယ်။

အိန္ဒိယတိုက်ကြီးတခုလုံး ဗုဒ္ဓဘာသာမြေအဖြစ်ကနေ ကျဆုံးသွားခဲ့တာကိုတောင်မှ ကျွန်တော်တို့မေ့ပြောက်ထားနိုင်ခဲ့ကြတဲ့ အထိ

သဘောထားကြီးတဲ့ ဘာသာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေဟာ အာဖဂန်နစ္စတန် နှင့် ပါကစ္စတန်နိုင်ငံတွေကို

မွတ်ကျူးကျော်သူတွေ လက်ထဲထိုးအပ်ခဲ့ရပါတယ်။

အိန္ဒိယနဲ့ နီပေါတို့ကိုတော့ ဟိန္ဒူတွေရဲ့ လက်အောက်မှာ ကျရှုံးခဲ့ရပြီးပါပြီ။ အရှေ့အလည်ပိုင်းဒေသရဲ့ ဝေးလံတဲ့ အနောက်ဘက်ပိုင်း ဒေသတွေကိုလဲ

ညှိနှိုင်းလို့မရနိုင်တတ်တဲ့ မွတ်စလင်တွေလက်အောက် အရှုံးပေးခဲ့ရပြီးပါပြီ။

ဒီလိုဆုံးရှုံးမှုကြိးကြီးမားမားတွေ ကြုံခဲ့ရပြီးဖြစ်လို့ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာတွေဟာ နောက်ထပ်ဘယ်လောက်များများ

ထပ်မံဆုံးရှုံးဖို့ စောင့်နေရတော့မလဲ။ ဒီထက်ပိုပြီး အဆုံးရှုံးခံဖို့ မျှော်လင့်နေကြတာလား။

ဒီမေးခွန်းဟာ တိုးတက်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြေဖို့လိုအပ်နေတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီလို သမိုင်းဝင် အကြမ်းဖက်မွတ်စလင်ကြူးကျော်သူတွေရဲ့ လက်အောက်ကနေ အသက်ဆက်ခဲ့ရပေမယ့် ဒီမထင်ရှားတဲ့ ဗုဒ္ဓဘာသာနယ်မြေတွေဟာ

ခရစ်ယာန်စည်းရုံးရေးသမားတွေရဲ့ အကြမ်းဖက်မှုဆန်ဆန် စည်းရုံးမှုတွေကြောင့် သူတို့ရဲ့ လူမှုအဖွဲ့အစည်းတွေကို ဆုံးရှုံးနေရတဲ့ အနေထားတွေ

ဖြစ်နေပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ အဲဒီလို အလွန်စိတ်ဓာတ်ကျစရာ အရှိတရားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သမိုင်းကြောင်းနဲ့ ချီပြီး ပြောရမယ်ဆိုရင်

ဗုဒ္ဓဘာသာတိုးတက်မှုဖြစ်စဉ်ရဲ့အင်အားဟာ သံဃအဖွဲ့စည်းပေါ်မှာ အခြေဆိုက်ပါတယ်။ ထေရ၀ါဒပဲဖြစ်ဖြစ်၊ မယာယနပဲဖြစ်ဖြစ်၊ တိဗက်တန်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်၊

ဘယ်အဖွဲ့စည်းမှားမဆို သံဃအဖွဲ့အစည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် တစ်လျှောက်လုံး ဗုဒ္ဓဘာသာအဖွဲ့အစည်း တစ်ရပ်လုံးရဲ့ အဓိက ကြောရိုးအဖြစ်

တည်ရှိလာခဲ့ပါတယ်။

ဗုဒ္ဓဘာသာရဲ့ အောင်မြင်မှု့ကို သံဃအဖွဲ့အစည်းရဲ့ အင်အားနဲ့ မကြာခဏ တိုင်းတာသတ်မတ်လေ့ ရှိပါတယ်။

ဗုဒ္ဓသာကို အစဉ်အလာအားဖြင့် ကာကွယ်ထိန်းသိန်းစောင့်ရှောက်ခဲ့တဲ့ သူတွေဟာ ရဟန်းတော်တွေ၊ ဘိက္ခူနီတွေနဲ့ သီလရှင်တွေပဲ ဖြစ်ပါတယ်။

ယနေ့အချိန်ထိလဲ စောင့်ရှောက်နေကြဆဲပါပဲ။

သဘာဝအကျိုးဆက်အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ရဲ့ လမ်းညွန်မှုအတွက် သံဃအဖွဲ့စည်းကိုပဲ မှီခိုဖို့ အလားလားရှိပါတယ်။

ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ အဲဒီမှီခို အားထားမှု့တွေဟာ မှုန့်မှုန့်ညက်ညက် ပျက်စီးနေတဲ့ သွပ်ချာပါဒလိုက်မှုတွေကိုပဲ သယ်ဆောင်လာခဲ့ပါတယ်။

အထူးသဖြင့်တော့ ဘာသာရေးခေါင်းဆောင်ပိုင်းတွေမှာ သူတို့ရဲ့ စစ်မှန်မှုတွေ ပျောက်ဆုံးသွားတဲ့ အခါမျိုးမှာ၊

အကျင့်စာရိတ္တစံနှုန်းလို စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင့်အတန်းတွေ လျော့ပါးလာတဲ့ အခါမျိုးမှာ မေတ္တာ ကရုဏာနဲ့ ပညာတွေ အားနဲ့လာတဲ့ အခါမျိုးတွေမှာ ဖြစ်တတ်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတိုင်းမှာ ရှိတဲ့ ဗုဒ္ဓသံဃာ့အဖွဲ့စည်းတွေဟာ ဘာသာကူးပြောင်းသူတွေကို ဆွဲဆောင်ဖို့ နောက်လိုက်ပုဂ္ဂိုလ်တွေကို

ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လုံလောက်တဲ့ ဆက်ဆံမှုမျိုးတွေ မရှိခဲ့ပါဘူး။

အချို့ရဟန်းတွေဟာ သူတို့ကောင်းစားရေး၊ သူတို့တိုးတက်ကြီးပွါးရေးအတွက် အလုပ်တွေရှုပ်နေကြပါတယ်။

အချို့ရဟန်းတော်တွေခမျာမှာတော့ ခေတ်ပေါ်စိန်ခေါ်မှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းဖို့ လေ့ကျင့်သင်ကြားပေးမှုတွေမရှိ ဖြစ်နေပါတယ်။

အဲဒီ အချို့ရဟန်းတွေဟာ သူတို့ရဲ့ဝန်းကျင်လေးအတွင်းမှာ အာဏာတွေ အဆင့်အတန်းတွေ တိုးတက်ဖို့ ဖိုက်တင်ချနေကြပါတယ်။

အဲဒီလို မသတီစရာ အပြုမူတွေဟာ ကြီးမားတဲ့ ဟာကွက်ကြီးတွေ ဖြစ်စေခဲ့ပါတယ်။

ဗုဒ္ဓဘာသာ စက်ဝိုင်းအတွင်းမှာ ဘာသာရေးခေါင်းဆောင်မှု၊ သစ်လွင်တဲ့ လူမှုရေးခေါင်းဆောင်မှု နဲ့ တိုးတက်မှုအလားလာတွေကို

မျက်ကွယ်ပြုမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ ခရစ်ယာန် စည်းရုံးရေး သမားတွေက သံဃာနဲ့ ဒါယကာ ဒါယိကာမများရဲ့ လစ်ဟာနေတဲ့ ဒီကွက်လပ်ကြီးကို

အလျင်အမြန်ပဲ ဖြည့်ဆည်းပေးလိုက်ပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ပိုင်ဆိုင်တဲ့

ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာအစိုးရပိုင်ဆိုင်မှုထက် ကောင်းကောင်းကြီး ကျော်လွန်သွားစေ နိုင်စရာရှိတယ်လို့ ယုံကြည်ရပါတယ်။

မြောက်မြားလှစွာသော အလှူကြီးတွေက အချမ်းသာဆုံး ဆရာတော်တွေကို မွေးထုတ်ပေးပါတယ်။

ဗုဒ္ဓဘာသာ သမိုင်းမှာ တခါမှမရှိဘူးသေးတဲ့ ကျောင်းတော်ကြီးတွေ မွေးထုတ်ပေးပါတယ်။

ကျွန်ုပ်တို့လို မထင်မရှား ဗုဒ္ဓဘာသာတွေကိုတော့ `ကိုယ်လမ်းကိုလျှောက်၊ ကိုယ့်အားကိုယ် ကိုး´ ဆိုပြီးထားရစ်ခဲ့ကြပါတယ်။

ဥပေက္ခာ တရားတွေ ထွန်းကားပြီး မေ့ထားလိုက်ကြပါတယ်။

အရှင်ဝရသာမိ

လေးစားလျက်


င်္Forward Mail မှ ပြန်လည်မျှဝေပါသည်..


2 comments:

ကိုအောင် said...

မျှဝေထားတဲ့ စာကို လာဖတ်သွားတယ်ဗျို့။

သုခုမလေဒီ said...

ဘာသာရေးဆိုင်ရာလေးတွေ မျှဝေဖို့ကောင်းပါတယ်..
ဖတ်သွားပါတယ်..