Saturday, March 27, 2010

 စည်းကမ်းနှင့်အညီ စစ်သားမစုဆောင်း၍ အရာရှိနှင့် တပ်သားနှစ်ဦးတို့အား အရေးယ

တစ်နှစ်တာ ကာလအတွင်း စည်းကမ်းနှင့်အညီ စစ်သား မစုဆောင်း၍ အရာရှိနှင့် တပ်သားနှစ်ဦးတို့အား သက်ဆိုင်ရာက အရေးယူခဲ့ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးမှ သတင်းရရှိပါသည်။


၎င်းတို့သည် စစ်သားစုဆောင်းရာတွင် တပ်မတော်ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ စုဆောင်းခြင်းမပြုခဲ့သည့်အတွက် အရေးယူခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်သားစုဆောင်းရာ၌ တပ်မတော်ဥပဒေ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စုဆောင်းခြင်း မပြုသည့် အရာရှိစစ်သည်များကို အရေးယူခဲ့ရာတွင် ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ အရာရှိနှင့်အခြား အဆင့် စုစုပေါင်း ၄၄ ဦးရှိခဲ့ကြောင်း သိရသည်။

"တပ်သားသစ်များ စုဆောင်းရာတွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်ကျစွာ ဆောင်ရွက်နိုင်ရန်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်း မှ ကြိုတင်ကာကွယ်ရန်ဖြစ်ကြောင်း"


အသက်မပြည့်သေးသည့် ကလေးသူငယ်များအား တပ်သားအဖြစ် စုဆောင်းခြင်းသည် အဓမ္မခိုင်းစေမှုမြောက်ကြောင်းနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား တပ်သားသစ်စုဆောင်းခြင်းကို အစိုးရအာဏာပိုင်အဖွဲ့အစည်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO) သို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ရုံးမှ သိရသည်။


မြန်မာနိုင်ငံတွင်အရွယ်မရောက် သေးသူ ကလေးသူငယ်များ စစ်မှု ထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပညာပေးသင်တန်းများကို ပို့ချ လျက်ရှိကြောင်းနှင့် သင်တန်းပြုလုပ်ရခြင်းမှာ တပ်သားသစ်များ စုဆောင်းရာတွင် လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်ကျစွာ ဆောင်ရွက်နိုင်ရန်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်း မှ ကြိုတင်ကာကွယ်ရန်ဖြစ်ကြောင်း သိရသည်။


ယင်းကဲ့သို့ သင်တန်းပို့ချမှုကို ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းအချို့ ပူးပေါင်းဆောင်ရွက် လျက်ရှိနေသည်ဟု ပါဝင်ဆောင်ရွက် နေသူတို့၏ပြောကြားချက်အရ သိရှိရပါသည်။

http://www.weeklyeleven.com

0 comments: