Friday, March 19, 2010

ဒေါ့ကွန်း ကွန်ရက်လိပ်စာသုံးစွဲမှု ၂၅ နှစ်ပြည့်ပြီ



အင်တာနက်တွင် ပထမဆုံး ဒေါ့ကွန်းကွန်ရက်လိပ်စာ (.com) သုံးစွဲမှု မှာ ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ၂၅ နှစ်ပြည့် ငွေ ရတုတိုင်ခဲ့ပြီဖြစ်သည်။ ၁၉၈၅ ခုနှစ်၊ မတ်လ ၁၅ရက် နေ့တွင် အမေရိကန်နိုင်ငံ၊ မက်ဆာ ချူးဆက်ပြည်နယ်၊ ကိန်းဘရစ်ခ်ျ မြို့မှ Symbolics ကွန်ပျူတာများ သည်သမိုင်းမှတ်တမ်းတွင် ဒေါ့ကွန်း ဖြင့်အစပြုသော ကွန်ရက်လိပ်စာတို့ ၏ပထမဆုံးအဖြစ် Symbolics.com ဟူသောအမည်ဖြင့် စတင် လွှင့်တင်ခဲ့သည်။ Symbolics.com သည် World Wide Web ၏ စီးပွား ရေးလုပ်ငန်းသုံးခေတ်ကိုအစပျိုးစေခဲ့ သည့် ကနဦးကာလဖြစ်သည်။

ဒိုမိန်းအမည် တစ်ခုရှိခြင်း သည် ၀က်ဘ်ဆိုက်များသို့ဝင်ရောက် ရလွယ်ကူစေပြီး သို့မဟုတ်ပါက ကိန်းဂဏန်းများနှင့်အစက်များ အမြောက်အမြားရိုက်ပြီးမှသာဝက်ဘ် ဆိုက်တစ်ခုသို့ဝင်ရောက်နိုင်မည်ဖြစ် သည်။ ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းနှင့် ၁၉၉၀ ပြည့်နှစ်များ အစောပိုင်းကာ လအထိ ဒေါ့ကွန်းအကြောင်းကို သိ ရှိသူမှာ ကမ္ဘာတစ်ဝန်းတွင်လူနည်း စုသာဖြစ်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ၀က်ဘ်ဆိုက် ၁၀၀ ပြည့်ခဲ့ပြီး ယင်း နှစ်တွင်ပင် ၀က်ဘ်ဆိုက်အရေအတွက် ၁၈၀၀၀ အထိ ရှိလာခဲ့သည်။

အစောပိုင်းတွင်မူ ဒေါ့ကွန်းများ သည်စီးပွားရေးအတွက်ရည်ရွယ်ခဲ့ ကြခြင်းမဟုတ်ဘဲ အစိုးရနှင့် တက္က သိုလ်များ၊ ပညာရပ်ဆိုင်ရာသုတေ သနဌာနများက အိုင်ဒီယာများ ဖလှယ်ရန်အတွက်သာ ရည်ရွယ်သုံး စွဲခဲ့ခြင်းဖြစ်သည်။ Netscape က ဖန် တီးခဲ့သည့် Mosaic Web Browser မှစတင်ပြီး သုံးစွဲသူများကို ကွန်ရက် ပေါ်စတင်ဆွဲခေါ်နိုင်ခဲ့ခြင်း ဖြစ်သည် ဟုပညာရှင်အများစုကယူဆကြသည်။

ယခုအချိန်တွင်မူ Information Technology & Innovation Foundation(ITIF) ၏လေ့လာမှု အရ ကမ္ဘာတစ်ဝန်းဒေါ့ကွန်းနှင့် ဆုံး သော ဒိုမိန်းအမည် သန်း ၈၀ ကျော် ရှိနေပြီဟုသိရပြီး လတိုင်း ဒေါ့ကွန်း ဆိုက် ၆၆၈၀၀၀ မှတ်ပုံတင်လျက်ရှိ သည်။ အင်တာနက်တိုးတက်လာ မှု၏ ၉၉ ဒသမ ၉ ရာခိုင်နှုန်းမှာ လွန်ခဲ့သည့် ၁၅ နှစ်အတွင်းတစ် ဟုန်ထိုးဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

.com ပေါ်ပေါက်လာပြီး ၂၅ နှစ်အတွင်း အင်တာနက်စီးပွားရေး သည် တစ်ဟုန်ထိုးတိုးတက်လာ ခဲ့ပြီး ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း ဆင်းရဲ၊ ချမ်းသာမရွေးအင်တာနက်ကို သုံးစွဲ နေကြပြီဖြစ်သည်ဟု ITIF ၏အစီ ရင်ခံစာတွင် ဖော်ပြသည်။

အင်တာနက်မှ စီးပွားရေးအရ အကျိုးအမြတ်ရရှိမှုသည် ၁ ဒသမ ၅ ထရီလျံဒေါ်လာအထိ ရှိနိုင်ပြီး ကမ္ဘာတစ်ဝန်းဆေးရောင်းချမှု၊ ပြန် လည်ဖွံ့ဖြိုးမြဲစွမ်းအင်အတွက် ရင်း နှီးမြှုပ်နှံမှု၊ သုတေသနလုပ်ငန်းများ အတွက် အစိုးရ၏ရင်းနှီးမြှုပ်နှံမှု များထက်ပင် များပြားသည်ဟုသိရ သည်။

0 comments: