Friday, March 19, 2010

 ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့် သက်ဆိုင်သောနေရာများတွင် အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား အရေးယူသ



ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရားများ၊ အင်းလျားကန်ပေါင်နှင့် လူအများနှင့်သက်ဆိုင်သောနေရာများတို့တွင် မြန်မာယဉ်ကျေးမှုနှင့်ကိုက်ညီမှုမရှိသော အမြင်မသင့်လျော်စွာ နေထိုင်သည့်စုံတွဲများအား ယခုလဆန်း ပိုင်းမှစတင်၍အရေးယူသွားရန် စီစဉ်လျက် ရှိကြောင်းသတင်းရရှိသည်။ ရန်ကုန်မြို့ရှိ တန်ခိုးကြီးဘုရား များနှင့် ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်းတို့ရှိ အင်လျားကန်ပေါင်တို့တွင် အမြင်မသင့်လျော်စွာ နေထိုင်သည့် စုံတွဲများအား ပထမအကြိမ် ဓာတ်ပုံရိုက်ခေါ်ယူမေးမြန်း၍ သက်ဆိုင်ရာမိဘများထံသို့ ဓာတ်ပုံများ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။ နောက်တစ်ကြိမ်ထပ်မံတွေ့ရှိပါက ဓာတ်ပုံများအား ဂျာနယ်နှင့်သတင်းစာများတွင် ရေးသားဖော်ပြသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ပြုလုပ်ရခြင်းမှာ လူအများမြင်တွေ့နေရသည့် မြင်ကွင်းများတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော သရုပ်ပျက်နေထိုင်မှု များမရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
''အခုရန်ကုန်မြို့ကို ပြည်ပခရီး သွားဧည့်သည်တွေ အ၀င်များလာတော့ အများပြည်သူတွေ့မြင်နေရတဲ့ မြင်ကွင်းတွေမှာ စုံတွဲတွေ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့နေထိုင်မှုတွေမရှိအောင်၊ ပြည်ပဧည့်သည်တွေ မြန်မာ့ယဉ်ကျေးမှုကို အထင်မသေးအောင် ဒီလိုအရေးယူမှုတွေ ပြုလုပ်ရခြင်းဖြစ်ပါတယ်။တန်ခိုးကြီးဘုရားတွေမှာလည်း ပြည်ပဧည့်သည်တွေ ၀င်နေတော့ အဲဒီလိုနေထိုင်မှုတွေ မရှိသင့်ဘူး။ သာမန်စကားပြောတာ ကတော့ရပါတယ်''ဟု ရန်ကုန်တိုင်း အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။


Share အမြင်မသင့်လျော်စွာနေထိုင်သည့် စုံတွဲများကို အရေးယူနိုင်ရန် အတွက် တန်ခိုးကြီးဘုရားများတွင် ဂေါပကအဖွဲ့ဝင်များနှင့် အင်းလျားကန်ပေါင်တို့တွင် စည်ပင်သာယာ တာဝန်ရှိသူများက လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ''အင်းလျားကန်ပေါင်လို နေရာမျိုးမှာ တစ်ခါတလေအမြင်မသင့်အောင် နေထိုင်တဲ့စုံတွဲတွေကို တွေ့နေရပါတယ်။ တစ်ခါတစ်လေ နှစ်ယောက်လုံးသရုပ်ပျက်တဲ့ အမူအရာတွေအထိ လုပ်တာတွေလည်းရှိပါတယ်။ ဒါဟာအများ အမြင်မှာလုံးဝမသင့်ပါဘူး''ဟု ကိုယ်တိုင်တွေ့ကြုံရခဲ့သူတစ်ဦးက ဆိုပါ သည်။
''ပိတ်ရက်တွေဆိုရင် ကလေး တွေကို ပန်းခြံတွေမှာ လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ လိုက်ပို့ပေးတဲ့အခါ တချို့စုံတွဲတွေရဲ့အမြင်မတော်တဲ့ အပြုအမူအနေအထိုင်တွေကြောင့် ပန်းခြံသွားဖြစ်တဲ့အခါမှာ အဲဒီလို အတွဲတွေနဲ့ မဆုံရအောင်ရှောင်ပြီး ကလေးတွေကို ကစားခိုင်းရတာမျိုး တွေရှိပါတယ်။ အများပြည်သူအပန်းဖြေတဲ့ ပန်းခြံလိုနေရာမျိုးမှာ အဲဒီလိုပုံစံမျိုးတွေတော့ မရှိသင့်ပါဘူး''ဟု မိခင်တစ်ဦးကပြောကြားခဲ့ပါသည်။

0 comments: