Friday, March 19, 2010

အဝေးပြေးယာဉ်ပေါ်မှ ခရီးသည်အား ဆေးခတ်၍ ရွှေနှင့် ငွေထည်ပစ္စည်းများ ယူဆောင်သွားသော တရားခံအား စုံစမ်းနေ

laymoe
အဝေးပြေးမော်တော်ယာဉ်မှ ခရီးသည်တစ်ဦးအား ဆေးခတ်၍ ၎င်း၏ ရွှေထည် ငွေထည်ပစ္စည်းများ ယူဆောင်ထွက်ပြေးသွားသော တရားခံအား သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်နေကြောင်း သတင်းရရှိသည်။ အခင်းဖြစ်ပွားရာ ၅-၃ ၂၀၁၀ ရက် နေ့ ည ၇ နာရီခွဲအချိန် တရားလို ကိုကျော်ကျော်ဦး (အသက် ၃၀နှစ်) ၊မော်လမြိုင်နေသူသည် မော်လမြိုင်-ရန်ကုန် အဝေးပြေးဂိတ်မှ ရွှေမန်းသူကားဖြင့်ခုံအမှတ် ၁၅ မှစီးနင်းလိုက်ပါလာစဉ် ဘေးချင်းကပ်ခုံတွင် လိုက်ပါလာသည့် (အရပ်ပု၊ ဗိုက်အနည်းငယ်ရွှဲ ၊အသားလတ် ၊ခန္ဓာကိုယ်ဝ၊ ပုဆိုးဝတ်) အသက် ၄၀ ခန့်ရှိသူ (လူမြငိမှတ်မိ) ရန်နိုင်ဆိုသူနှင့် တွေ့ဆုံရင်းနှီးကာ ၎င်းထံ၌ပါရှိသော ပေါင်မုန့်တစ်ခုအား ကားပေါ်တွင်ကျွေး၍ တရားလိုက စားခဲ့ပြီး ဘီးလင်းမြို့နယ် ကားရပ်နားသည့် နေရာအရောက်၌ ကားခေတ္တရပ်နားစဉ် လက်ဖက်ရည်အတူသောက်ကာ ကားဖြင့်ပြန်လည်လိုက်ပါလာစဉ် အိပ်ပျော်သွားရာ တောင်ဥက္ကလာပမြို့နယ်ရှိ၊ ပါရမီကားဂိတ်ဝင်းအတွင်းရှိ ရွှေမန်းသူဂိတ်ထံသို့ နံနက် ၅ နာရီအချိန်ရောက်ရှိစဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်က ၎င်းအားနှိုးရာ သတိကောင်းစွာမရရှိ၍ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ အတွင်း လူနာဖြစ် ပို့ဆောင်ကုသခံခဲ့ရပြီး ၇-၃-၂၀၁၀ ရက်တွင်ဆေးရုံမှဆင်းသည်အခါမှသာ တရားလို ကိုကျော်ကျော်၏ ခရီးဆောင် အိတ် အတွင်းမှ ငွေ၁၆၀၀၀၀ ကျပ်၊ ရွှေချိန်နှစ်ကျပ်သုံးပဲခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံး ၊သုံးမတ်သားရှိ ရွှေလက်စွပ်တစ်ကွင်း စုစုပေါင်းတန်ဖိုး ၁၆၅၅၅၀၀ကျပ် မှာမရှိတော့ကြောင်း တွေ့ရှိရသဖြင့် အမှုဖွင်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါဖြစ်စဉ်အား တောင်ဥက္ကလာပ ရဲစခန်းက (ပ) ၂၀၈/ ၁၀ပုဒ်မ ၃၂၈ ဖြင့် စစ်ဆေးကြောင်း သိရသည်။( Journal)

0 comments: