ဘ၀ဆိုဟာ တိုတိုလေးလို့ ထင်တာပဲနော် … မျက်စိတ်တမှိတ်စာအတွင်းမှာပဲ အရမ်းကို
တိုတောင်းလွန်းပါတယ် …
အဲဒီထဲမှာမှ ဖြူဖြူစင်စင်လေးနဲ့ စိတ်ချမ်းချမ်းသာသာ ရှင်သန်နေထိုင်သွားရရင် ပိုကောင်းတာပေါ့ …
မဟုတ်ဘူးလား …
တစ်ခါတစ်လေ ပျော်ရွှင်ကြည်နူးမှုတွေ ခံစားရသလို …
အနိုင်ကျင့်ခံရတာတွေလဲ ရှိလာမှာပါပဲ …
ရှိဖို့လိုအပ်တယ် …
ဘယ်လိုအချိန် … ဘယ်လိုနေရာမှာပဲ ဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ဖြစ် ရဲဝံ့စွာ ယှဉ်ပြိုင်နိုင်ရမယ် …
ဒါပေမယ့်လည်း တစ်ခါတစ်လေတော့ ကိုယ်ကိုယ်တိုင်က နိုင်ထက်စီးနင်း
လုပ်လိုစိတ်တွေပေါ်လာတတ်တယ် …
အဲဒါတွေကို သာယာမနေဘဲ ရှက်တတ်တဲ့စိတ်လေးရှိရတယ် …
ဘာမဟုတ်တာတဲ့ကိစ္စလေးတစ်ခုဟာ တစ်ချို့တွေအတွက် အဆိုးမြင်ပြီး စိတ်ညစ်စရာဖြစ်နေပေမယ့် …
တစ်ချို့အတွက်ကတော့ အကောင်းမြင်ပြီး ရယ်မောပျော်ရွှင်နေရတာတွေ ရှိတတ်တယ် …
အဲလိုလူမျိုးတွေဟာ ... စိတ်ချမ်းသာကြတယ် ...
ပြီးတော့ ပါးနပ်လျှင်မြန်မှု ဆိုတာလည်း နေရာတိုင်းမှာ အသုံးဝင်ပါတယ် …
စူးစမ်းလိုစိတ် …
စွန့်စားလိုစိတ်တွေ ရှိတာလည်း ကောင်းတာပေါ့ …
ဒါပေမယ့် … အတတ်လွန်သွားရင်လဲ ဒုက္ခရောက်ရော …
ခြေချော်လက်ချော် ပြုတ်ကျတတ်တယ် …
နေရာတိုင်းမှာ သတိရှိတာ ကောင်းတာပေါ့ … သတိဆိုတာ ပိုတယ်မရှိတဲ့ …
ဒါမှလည်း ဘ၀ရဲ့ အဖော်မွန်ကောင်းတွေကို ပိုင်ဆိုင်ရမှာပေါ့ …
ပေါင်းကူးတံတားပဲတဲ့ …
ရယ်စရာ ရှိရင် အားပါးတရရယ်မောလိုက် … ရယ်မောခြင်းသည်အသက်ကို ပိုရှည်စေ၏ ဆိုပဲ …
တစ်ခါတစ်လေ အရင်းနှီးဆုံးလူက ကိုယ့်ကိုရောင်းစားလိုက်သလို အဖြစ်မျိုးတွေလည်း ကြုံရတတ်တယ် …
အဲဒီလို ဒေါသထွက်စရာတွေကြုံလာရင်လည်း … အတတ်နိုင်ဆုံးတော့ သည်းခံကြည့်ပေါ့ …
သည်းမခံနိုင်ရင်တော့ ဘယ်သူမှမရှိတဲ့နေရာ မှာ ပေါက်ကွဲလိုက်တာ အကောင်းဆုံးပဲ
တစ်ခါတစ်လေ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ အသားလွတ်စိတ်ဓါတ်ကျနေတာ မျိုးလည်း ရှိတတ်တယ်
တစ်ယောက်တည်း အထီးကျန်ပြီး ငေါင်နေချိန်တွေပေါ့ …
အဲလိုအခါမျိုးတွေမှာ စိတ်ကို Relax လုပ်ပေးရတယ် …
အားငယ်စရာတွေပဲ တွေးမနေပဲ … ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်မှ …
နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းဟာလည်း … စိတ်ကိုပေါ့ပါးလန်းဆန်းစေတယ် …
ဘယ်လိုပုံစံပဲဖြစ်ဖြစ်ပေါ့ … နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ပဲ လိုတယ် …
၁၅၀၀ ဆိုတဲ့ ချစ်ခြင်းမေတ္တာရောပေါ့ …
ဒါမှလည်း နေပျော်စရာ ကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်ရမှာလေ …
တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးမှာ အဓိကကျတာကတော့ နားလည်မှုဆိုတာပါပဲ …
ရင်ဖွင့်တိုင်ပင်ဖော် သူငယ်ချင်းကောင်းဆိုတာ ကတော့ မရှိမဖြစ်ပါပဲ …စစ်မှန်တဲ့ သူငယ်ချင်းဟာ
ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပါတဲ့ ...
သူငယ်ချင်းအားလုံးး ဖြူစင်တဲ့ သန့်ရှင်းတဲ့စိတ်ထားလေးနဲ့ … ပျော်ရွှင်တဲ့ဘ၀လေး
ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းဆုပြုရင်း …
အိပ်မက်လှလှလေးတွေ ပိုင်ဆိုင်ချင်တယ် ... စိတ်ကူးလှလှလေးတွေနဲ့ပေါ့ ...
ပျော်ရွှင်လန်းဆန်းပါစေနော် … သူငယ်ချင်း
ချောကလက်မြို့တော် မှ စက်တင်ဘာ ကိုယ်ပိုင်ရေးအကောင်းဆုံး ဘလော့ပိုင်ရှင် ဆုရ ညီမငယ်အလင်းရောင် ၏ ပို့စ်အား ကူးယူ တင်ပြပေးခြင်း ဖြစ်ပါ သည်။ source by Daily Mail
2 comments:
ကောင်းလိုက်တဲ့ ပုံ နဲ့ စာ သရုပ်ဖော်..
အမလေးနော်....ချစ်စရာကောင်းလွန်းလိုက်တဲ့
သတ္တဝါလေးတွေ။ မြင်ရတာ စိတ်ချမ်းသာမိပါဘိ။
ကျေးဇူးပဲဗျို့ ။ ရေးသားခဲ့သူ အလင်းရောင်လေးကိုကော
ကိုမိုးယံ ကိုကော...ခင်မင်လေးစားလျှက်..ခင်မာလာအောင်.:)
...ခင်မာလာအောင်...:)
Post a Comment