အိန္ဒိယအစိုးရက ဆင်းရဲမွဲတေမှုအဆင့်အတန်းသတ်မှတ်ချက်ကို ပြင်ဆင်လိုက်ရာ အိန္ဒိယတွင် ဆင်းရဲ မွဲတေသူ သန်း ၁၀၀ ကျော်ထပ်မံ တိုးလာခဲ့ကြောင်း သိရသည်။
အိန္ဒိယအမျိုးသားစီမံကိန်း ကော်မရှင်အဖွဲ့က လူဦးရေ၏ ၂၇ ဒသမ ၅ ရာခိုင်နှုန်း ဆင်းရဲမွဲတေနေကြောင်း သတ်မှတ်ထားမှုကို ၃၇ ဒသမ ၂ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ စားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ်များကို တိုးချဲ့နိုင်ရေးအတွက် တိုးတက်မှုတစ်ရပ် ဖြစ်ခဲ့သည်။တစ်နေ့တာလိုအပ်သော အာဟာရကို ၀ယ်ယူနိုင်စွမ်းကို တွက်ချက်မှုအရ အိန္ဒိယလူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်ရောက်နေပြီး အစိုးရက အစားအစာထောက်ပံ့ပေး မှုကို တိုးချဲ့သွားမည်ဖြစ်သည်။ ယခင်ခန့်မှန်းမှုအရ အိန္ဒိယလူဦးရေ ၁ ဒသမ ၁၅ ဘီလျံအနက် ၂၇၅ သန်းခန့်သည် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသူများဖြစ်သည်။
ယခုပြင်ဆင်တွက်ချက်မှုအရ အိန္ဒိယ ၃၇၂ သန်းခန့်သည် ဆင်းရဲမွဲတေသူများအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး အစိုးရ၏ လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ရရှိနိုင်မည် ဖြစ်သည်။ အိန္ဒိယအစိုးရက ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရသည့် မိသားစုများကို တစ်လလျင် ဂျုံနှင့်ဆန် ၂၅ ကီလိုဂရမ်ထောက်ပံ့ပေးမည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းနိုင်ရေးအတွက် ၀န်ကြီးချုပ်မန်မိုဟန်ဆင်းန်၏ အစိုးရက ကြိုးပမ်းနေသည်။ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်တွင် နေထိုင်နေရသူများ သည် အစားအစာတစ်ကီလိုဂရမ်အတွက် ၇ ဆင့်ခန့်နှုန်းဖြင့် ပေးချေရမည်ဖြစ်သည်။ မကြာသေးမီလများက စားသောက်ကုန်ဈေးနှုန်းများ ၁၈ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း အတွင်း တိုးတက်ခဲ့ပြီး ဆင်းရဲသော အိန္ဒိယနိုင်ငံသားများအတွက် ပိုမို ကျပ်တည်းစေခဲ့သည်။
weeklyeleven
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
5 days ago

0 comments:
Post a Comment