Saturday, December 4, 2010

2010, Decenber လ အတွက် ဗေဒင် ဟောစတမ်း



2010, Decenber အတွက် ဗေဒင် ဟောစတမ်း ....

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်းမှာ ဖြစ်ချင်တာတွေ ဆုံးဖြတ်ချက်တွေ ရည်ရွှယ်ချက်တွေများနေသော အချိန်လေး ဖြစ်ပါတယ်။ အလုပ်အကိုင် ကိစ္စများအတွက် အဆင်ပြေနေသော အချိန်လေး ဖြစ်သော်လည်း အလုပ်ထဲတွင် စိတ်မပျော်ပဲ ဖြစ်နေမည်။

ဒီလအတွင်းမှာ အထက်လူကြီးများမှ အကူညီပေးသူ ပေါ်လာမည်။ယခုလအတွင်း ငွေကြေးများ ကံကောင်းလာမည်။ အဆင်ပြေနေမည်။အပိုကုန်ငွေများနေသော အချိန်လေး ဖြစ်ပါသည်။

ဒီလအတွင်းမှာ ခရီးယာယီကိစ္စများ သွားရမည်။ ပျော်ရွှင်သော ခရီးဖြစ်ပါသည်။ ပညာရေးမှာ ရည်မှန်းချက် တိုးတက်လာမဲ့ အချိန်လေးပါ။အချိန်တော့ စောင့်ရမည်။

အချစ်ရေးမှာ ချစ်သူနဲ့ဒီလအတွင်း အဆင်ပြေလိုက် ၊မပြေလိုက်နဲ့ဖြစ်နေပြီး စိတ်ပျော်ရွှင်မှုများလည်း ညစ်လိုက် ပျော်လိုက်ဖြစ်နေမည်။ အိမ်ထောင်ရေးမှာနှလုံးသားချင်း ဝေးနေသော အချိန်လေးပါ။

ဒီလအတွက် ကျန်းမာရေးမှာ ဗိုက်အောင့်ခြင်း အစားမှားခြင်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် အိမ်ဘုရားတွင် ဖရဲသီး ၅ စိတ်ကိုတနင်္ဂနွေနေ့နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကပ်လှူ၍ ဆုတောင်း လိုက်ပါ။ ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 4 5 9 5



၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း လိုတာမရ ရတာမလို ဖြစ်နေမည်။ အလုပ်ကိစ္စများမိမိရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများနဲ့ ရှပ်နေရမဲ့ အချိန်လေးဖြစ်ပါသည်။ အထက်လူကြီးနဲ့ ပူးတွဲ၍ လုပ်ကိုင်ဆောင်ရွက်လိုက်ပါ။

စီးပွားရေး ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ငွေကံကောင်းနေသော အချိန်လေး ဖြစ်ပါသည်။ ရအောင်သာ စုဆောင်းပါ။ ငွေကြေးကိစ္စများ ဂရုစိုက်ပါ။

ခရီးယာယီများ သွားလာမှု အဆင်မပြေသေးပါ။ မိမိ မိသားစုအတွင်း မင်္ဂလာကိစ္စများ အလှူအတန်းကိစ္စများ ဖြစ်ပေါ်မည်။ပညာရေး သင့်တင့်ရှိပါသည်။

အချစ်ရေး ချစ်သူနဲ့ အဆင်မပြေသေးပါ။ ပြသာနာ ဖြစ်နေမည်။အလျှော့ပေးလိုက်ပါ။ အဆင်ပြေ လာမည်။ အိမ်ထောင်ရေးမှာ ပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နေမည်။

ယခုလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းခြင်း ၊ စိတ်ပင်ပန်ခြင်း ဖြစ်မည်။

ယတြာ = မိမိ နေအိမ်ဘုရားတွင် စပျစ်သီး ၃ ခိုင်ကို မိမိရဲ့မွေးနေ့ တနင်္လာနေ့ ၉နာရီ ၄၅ မီနစ်တွင် ကပ်လှူ၍ လိုရာဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 8 6 1 1

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလအတွင်း လိုရာဆန္ဒများ ပြည့်စုံလာမည်။ ရည်ရွယ်နေသော စိတ်ကူးများ အဆင်ပြေလာမည်။ အလုပ်အကိုင် ကိစ္စများ အတွက်နဲ့ စိတ်ပျော်လာရမည်။

အထက်လူကြီးတွေနဲ့ ပြုလုပ်သော ကိစ္စများတွင် အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ ဒီလအတွင်း အဆင်ပြေနေမည်။ ငွေကြေးကိစ္စများ စုဆောင်းမိသော အချိန်လေးပါ။

ခရီးကိစ္စ အဆင်မပြေ သေးပါဘူး။ မသွားတာ ကောင်းပါတယ်။ ပညာရေးမှာကံကောင်းနေသော
နေ့ရက်လေးပါ။ အချစ်ရေးမှာ စိတ်တူ ကိုယ်တူ အချစ်ကို ပိုင်ဆိုင်ခွင့် ရမည်။ ဒီလအတွင်း
အိမ်ထောင်ရေးမှာ အဆင်ပြေ နေသော အချိန်လေးပါပဲ။

ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ အနည်းငယ် ဖြစ်မည်။

ယတြာ = မိမိ နေအိမ်ဘုရားတွင် နွားနို့ ၇ ခွက် အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဘုရားတွင်ကပ်လှူ၍ ကံကောင်း လာစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 7 5 0 0

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ဒီလလေး အတွင်းမှာ ရည်မှန်းတာတွေ အဆင်ပြေနေမည်။ အလုပ် အကိုင် ကိစ္စများနဲ့ ပက်သက်လို့ အဆင်ပြေနေသော အချိန်လေးပါ။ အထက်လူကြီးနဲ့ လုပ်ကိုင်ဆောင်ရွှက်လိုက်ပါ။ အဆင်ပြေလာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများကတော့ ကံကောင်းနေသော အချိန်လေးပါ။ အဆင်ပြေနေမည်။ ငွေဝင်ကိန်း ရှိနေပါသည်။ ယခုလအတွင်းသူတစ်ပါးကို ဂရုစိုက်၍ ကူညီပါ။

ခရီးကိစ္စများ ကံကောင်းပြီး သွားလာမှု အဆင်ပြေနေမည်။ မိသားစုအတွင်း နေရာထိုင်ခင်း ကိစ္စများ
ပြုပြင် ရမည်။ အချစ်ရေးမှာ ဒီလအတွင်း အေးချမ်း နေမဲ့ အချိန်လေးပါ။ အဆင်ပြေပါသည်။
အိမ်ထောင်ရေးမှာ အဆင်ပြေပြီး စကားများနေရမည်။

ယခုလ ကျန်းမာရေးမှာ လက်နာမည် အအေးမိခြင်း ဖြစ်မည်။

ယတြာ = နေအိမ်ဘုရားတွင် ပန်းသီး ၈ လုံးကို ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ၄၅မိနစ်တွင်တင်လှူ၍
ကံကောင်း လာစေရန်အတွက် ဆုတောင်းပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 1 7 7 2

၅။ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွှယ်သော ကိစ္စများ အဆင်မပြေသေးပါ။ ဖြစ်ချင် လုပ်ချင်သော စိတ်ကူးများ နောက်ပိုင်းမှ အဆင်ပြေလာမည်။ အထက်လူကြီးများနဲ့ လုပ်ကိုင်ဆောင် ရွှက်လိုက်ပါ။ ဒီလအတွင်း စိတ်ပျော်ရွှင်မှုများနှင့် စိတ်ညစ်မှုများ သင့်တင့်ရှိပါသည်။

စီးပွားရေး ငွေကြေးကိစ္စများ ကူည်ီပေးသူ ပေါ်မည်။ ငွေကြေးများ မရခင်က ကုန်နေသလို ဖြစ်နေမည်။ ငွေဝင်ကိန်းရှိပါသည်။ ရအောင်သာ စုဆောင်းပါ။ ဒီလအတွင်း ပညာရေး ကိစ္စများ အဆင်ပြေပါသည်။

ခရီးတွေကတော့ မသွားတာ ကောင်းပါတယ်။ မိမိရဲ့ စိတ်များ စိတ်တခြား လူတစ်ခြားနဲ့ ဖြစ်နေမည်။ မိတ်ဆွေများမှ ကူညီပေးသူ ပေါ်မည်။ ဒီလအတွင်း အချစ်ရေးမှာ ပုံမှန်ပြန်လည် အဆင်ပြေမည်မည်။ စိတ်ညစ်စရာ မရှိပါဘူး။ အိမ်ထောင်ရေး စကားများနေရမည်။

အခုလ ကျန်းမာရေးမှာ မျက်စိအားနည်း ၊ ခေါင်းကိုက်ခြင်း ဖြစ်မည်။ ကျန်းမာရေး ဂရုစိုက်ပါ။

ယတြာ = မိမိနေအိမ် ဘုရားတွင် သစ်တော်သီး ၈ လုံးကို ကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ တင်လှူ၍ ကံကောင်းလာစေရန် အတွက်ဆုတောင်းယူပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 8 2 8 0

၆။ သောကြာသားသမီးများ အတွက်

ဒီလအတွင်းမှာ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ အချိန်ကုန်နေမည်။ အလုပ်ကိစ္စများ အထက်လူကြီးများနဲ့ လုပ်ကိုင်ဆောင် ရမဲ့ကိစ္စများတွင် ဂရုစိုက်ပါ။ အပြစ်တင်ခြင်း ခံရမည်။

စီပွားရေး ငွေကြေးကိစ္စများ ပြန်လည်အဆင်ပြေလာမည်။ မိမိရဲ့ချေးဌား ထားသော ငွေကြေးများ ပြန်လည်ရရှိမည်။ပုံမှန်လေးပါပဲ။ စီပွားရေးမှာ ကံကောင်းလာမည်။

ဒီလအတွင်း ခရီးကိစ္စများ အဆင်မပြေသေးဘူး။ ခရီဝေး ကိစ္စများ မသွားတာကောင်းပါတယ်။ ပညာရေးမှာ ကြိုးစားနေရမဲ့ အချိန်လေးပါ။

အချစ်ရေးမှာ ဝမ်းနည်း ဝမ်းသာမှုများနဲ့ စိုးရိမ် ပျော်ရွှင်နေရမည်။ ဘယ်လိုပဲဖြစ်ဖြစ်ကံကောင်းမှုတွေ
ရှိလာမှာပါ။ အိမ်ထောင်ရေးမှာ အဆင်ပြေပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာ ဗိုက်အောင့်ခြင်း ၊ အကြောတက်ခြင်း ဖြစ်မည်။

ယတြာ=အိမ်ဘုရားတွင် သောက်တော်ရေ ၅ ခွက် ဖယောင်းတိုင် ၅ တိုင်ကို သောကြာနေ့ နံနက် ၉ နာရီ ၄၅ တင်လှူ၍ ကံကောင်းလာစေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 4 1 5 0


၇။ စနေသားသမီးများ အတွက်

ဒီလအတွင်းမှာ ရည်ရွှယ်သော ကိစ္စများ အဆင်ပြေလာမည်။ အချိန်တော့ စောင့်ရဦးမည်။ ဒီလအတွင်း အလွယ်တကူ ဆုံးဖြတ် တာတို့ ဂရုစိုက်ပါ။ အမှားအယွင်း ရှိပါသည်။

အထက်လူကြီးနဲ့ လုပ်ကိုင်ပါက ဂရုစိုက်ပါ။ စကားပြောဆိုမှု ကိစ္စများ အဆင်မပြေပါ။ စီးပွားရေးကိစ္စတွေမှာ ကူညီသူ ပေါ်မည်။ ငွေကြေးကိစ္စများ ဒီလအတွင်း ငွေကြေးများ အဆင်ပြေလာမည်။ ငွေဝင်ဖို့ လမ်းစတွေ ရှိပါသည်။

ပညာရေး ကိစ္စများမှာ ပုံမှန်လေး ကံကောင်းပါသည်။ ခရီးကိစ္စများ သွားလာမှုများ အဆင်ပြေပါသည်။ အချစ်ရေးမှာ ပထမ အဆင်မပြေပါ။ နောက်ပိုင်းမှ အဆင်ပြေလာမည်။ အိမ်ထောင်ရေးမှာ ပျော်ရွှင်နေသော နေ့ရက်လေးကို ပိုင်ဆိုင်နေမည်။

အခုလအတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်းခြင်း ၊ သွေးအားနည်းခြင်း ဖြစ်မည်။

ယတြာ = မိမိနေအိမ်ဘုရားတွင် သရက်သီး ၆ လုံးကို စနေနေ့ နံနက် ၉ နာရီ ၄၅ တင်လှူ၍
ကံကောင်းလာ စေရန် အတွက် ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 5 0 1 0

အေးချမ်းသော ဒီဇင်ဘာလလေးမှာ မိမိရဲ့ဘဝလေးမျာလည်း အေးချမ်းပါစေ။

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

ဆရာ မျိုးဟန်ကို

NO. 314 , Block P/B ,
Jin Cheras Taman Cheras ,56100
Kuala Lumpur Malaysia

http://www.myohanko.br.ms

myohankonew@gmail.com

Ph; 016, 606 1917 , 017, 226 0715

41.1+21.2+7.3+17.4+8.5+14.6+51.7

မှက်ချက် ၊၊ ဆရာ မျိုးဟန်ကို ၏ ခွင့်ပြုချက်ဖြင့် ယခုလ ဒီဇင်ဘာမှ စ၍ လစဉ်
ဟောစတမ်းများ လာရောက် တင်ပေးပါမည်။

2 comments:

Anonymous said...

ဗေဒင်လေး ဖတ်ရင်း သဘောတွေကျသွားတယ်ဝေ့။
..ခင်မင်လျှက်..ခင်မာလာအောင်..:)

blackကော်ဖီ said...

1772 ဖိုးထီ ဂဏန်းရပြီ... ငွေဝင်ကိန်းရှိတယ်တဲ့ အပိုင်ဘဲ ဘောလုံးပွဲလဲ လောင်းရမယ်... ကျေးဇူး ကိုမိုးယံရေ... အဆင်ပြေရင် ကျေးဇူးဆပ်ပါ့မယ်။