Sunday, December 12, 2010

စာပေ ဟောပြောပွဲ (ကြော်ငြာ)


ဒီနေ့ ဆိုင်ရောက်တယ်.... ဈေးရောင်းတယ်... ကိုယ့်စိတ်နဲ့ မတွေ့တဲ့ ဂျာနယ်တွေ မြင်တယ်.. သတင်း တော်တော်များများက ကိုယ်ဖတ်ပြီးသားတွေ.... sexy ပုံတွေ ကို မျက်နှာဖုံးမှာ အသားပေးဖေါ်ပြကြတယ်.. ကိုယ်သိပ်မကြိုက်ဘူး... သူတို့ ကြည့်စေချင်လို့ ... ကိုယ်ကြည့်ပေးလိုက်တယ်၊ ဒီလောက်ပဲ ။ဈးရောင်းနေတဲ့ ကောင်တာမှာ စာပေဟောပြောပွဲ လက်မှတ်တွေ ရောင်းဖို့တင်တားတာ မြင်ရတယ်.. ကိုယ်နည်းနည်း စူစမ်းတယ်.. ဘ၀င်မကျဘူး... နံမည်ကြီးသက်ရှင်ထင်ရှား အောင်မြင်နေဆဲ ကိုယ်ကြိုက်တဲ့ စာရေးဆရာ ဆရာမတွေပဲ...။ ဒါပေမယ့် ခြောက်နာရီကြာ ဟောပြောပွဲအတွက် ဘ၀နဲ့ရင်းရ... အပင်ပန်းခံထားရတဲ့.. စေတနာတွေနဲ့ ပြုစုထားတဲ့ ကာယကံမြောက် ဒါနပြုပွဲအတွက် တန်ကြေးကနည်းလွန်းနေတယ် (ကိုယ့်အမြင်)

ဘာတဲ့.. စာရေးဆရာတွေ ရဲ့ ဟောပြောပွဲ လက်မှတ်က တန်ကြေး ရင်းဂစ် (၁၀) ။ အိုင်စီပွဲ တို့.. မိန်းမ ရှစ်ယောက် လှစ်ဟတဲ့ ပွဲတို့တောင် .. ၀င်ကြေးက ရင်းဂစ် ၅၀ အောက်မရှိဘူး... ထားတော့.. လောကကြီးကိုက ကိုယ်ဖြစ်ချင်တာ မဖြစ်ရ ... မဖြစ်စေချင်တာတွေ မြင်ရ... ထားတော့...ထားတော့..


ဓါတ်ပုံတွေ ဗွီဒီယိုတွေ ညံ့တာတော့နည်းနည်းသီးခံပါဗျာ.. ကိုယ်ကလဲ မကျွမ်းကျင် ဖုန်းကလဲ... ပေးရတာနဲ့ မတန်ပါဘူး... ဒီကြားထဲ အလင်းအမှောင်တွေမှ ကိုယ်က နားမလည်တာကိုး...




9 comments:

Maung Myo said...

ဆရာမခင်ခင်ထူးစာတွေကြိုက်တယ် စာပေဟောပြောပွဲတွေ တစ်ခါမှမတက်ဖူးဘူး လာချင်တာ ။


မိန်းမ ရှစ်ယောက် လှစ်ဟတဲ့ ပွဲတို့တောင် .. ၀င်ကြေးက ရင်းဂစ် ၅၀ အောက်မရှိဘူး... တဲ့ အတိကျကြီးဈေးသိနေတာဆိုတော့ ဒင်း သွားလို့ကိုဖြစ်ရမယ် အော် ဒွတ်ခ ဒွတ်ခ အနိစ်စ ဒွတ်ခ အနတ်တ မြဲချင်မြဲ မမြဲချင်နေ နင်ကတော့ မသေခင်ကဲချင်တာ ကဲနေတယ်ပေါ့လေ ဟိဟိ ။။

လက်စားပြန်ချေတာ ဂွီး)

...အလင်းစက်များ said...

အော...... ဘာတဲ့..... သူတို့ ကြည့်စေချင်လို့  ကိုယ်ကကြည့်ပေးလိုက်ရဒယ်ဆိုဘဲ.... တယ်စာတဲ့ဆိုပါ့လား.......

ဒါမျိုးပွဲ တစ်ခါမှ မသွားဖူးသေးဘူး.... နောင်သွားနိုင်ဖို့  ကြိုးစားမယ်...

ကိုဇော် said...

အဲသလိုပဲ အပေါ်မှာ ရေးထားတဲ့ အတိုင်းပဲ။
ဒါတွေကို စိတ်ကုန်တာ။
စာပေဟောပြောပွဲတော့ သွားရမယ်။ စာရေးသူ စာဖတ်သူများ အားလုံးကိုလည်း လာစေချင်တယ်။

Anonymous said...

ဟိန်းလတ်က ငါ့ကို အီးသင်ပေးခဲ့တဲ့ဆရာ
ကျေးဇူးကြီးတယ် လာချင်တရ် (လေယာဉ်လက်မှတ်ပို့လိုက်):P

မိုးယံ said...

မေမယ်လ်(ခ) မီးမီးလေးသို့

ပို့ချင်ပါတယ် သယ်ရင်းရယ်... ဒါပေမယ့် ငါသိသလောက်တော့ DHL ဆိုတဲ့ဌာန ၀န်ထမ်းတွေက ငရဲပြည်ကို မပို့ပေးဘူးတဲ့...

ရွှေရတုမှတ်တမ်း said...

ဟိုက ၈ ယောက်တောင် လှစ်ဟတာ..တန်ပါတယ်..
၅၀ ...ဝင်ကြေး၈၀ တောင်ပေးသင့်တာ..၊ ဒါမှ ဒီကောင်မတွေ ၁၀ တန်မှာ ..ခုတော့ ၈ယောက်မှ ၅၀..တယောက်..ခြောက်ကျပ်ခွဲ ဆိုတော့ xxxx့ ပြဲတာလောက်ပဲရှိမှာ...
ဒီက ၂ ယောက်ထဲ..ပြီးတော့ အဖွားကြီးတွေ..ဘယ်မှာကြည့်ကောင်းမှာလဲ..

ယွန်း said...

စာပေဟောပြောပွဲတွေဆို အရမ်းနားထောင်ချင်ပေမဲ့
မလာနိုင်သေးတဲ့ဘ၀ရောက်နေတယ် ..

ခင်တဲ့
မယွန်း

SHWE ZIN U said...

အင်း ဒုက္ခ ဒုက္ခ လို့အော်ရင်း ကြော်ငြာ စုံ ဖတ်သွား ပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

blackကော်ဖီ said...

ဟုတ်တယ် ကိုမိုးယံရေ သွားဖူးမှသိတာ။ တကယ်တော့ စာပေဟောပြောပွဲက ရှိုးပွဲတွေထက် အများကြီးသာတယ်။