Thursday, December 23, 2010

အဲဒါ မြန်မာလူမျိုးလား..?

ကျွန်မတို့ မြန်မာလူမျိုး တော်တော်များများဟာ အကြောင်းအမျိုးမျိုးကြောင့် အခုလို သူများနိုင်ငံတွေမှာ အလုပ်လုပ်ကြရတာပါ...။

ကျွန်မတို့ က မြန်မာလူမျိုးဖြစ်တဲ့ အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ ကြင်နာသနားတတ်တဲ့ စိတ်ကောင်းနှလုံးကောင်းလေးတွေ ရှိကြပါတယ်...။

ဒါပေမဲ့ တချို့တချို့သော မြန်မာတွေက ဒါ မြန်မာလူမျိုးစစ်စစ်ပါလို့ ပြောရခက်စေနိုင်ပါတယ်...။

ဘာကြောင့်လဲဆိုတော့......

ကျွန်မရဲ့ တကယ်အဖြစ်အပျက်လေးကို ပြောပြပါမယ်...။

ကျွန်မတို့လင်မယားဟာ မလေးရှားကို စရောက်ပြီး (နှစ်ယောက်စလုံး အမှန်သမားတွေပါ) အလုပ်ရှာဖို့အတွက် ပီနန်းက သူငယ်ချင်းအိမ်မှာ တည်းခဲ့ပါတယ်။

အဲဒီ့ သူငယ်ချင်းရဲ့ အကိုဝမ်းကွဲ တစ်ယောက်ရဲ့ဆက်သွယ်ပေးမှုဖြင့် မြန်မာ အလုပ်သူဌေး ဖြစ်တဲ့  မစ္စတာ လင်း ( သူ့ကိုယ်သူခေါ်တာပါ. အားလုံးက
ကိုလင်းလို့ဘဲခေါ်ပါတယ်) ဆီမှာ အလုပ်ရခဲ့ပါတယ်။အလုပ်က ၀ါယာကြိုးလေးတွေကို
TV/computer စတဲ့ Electric ပစ္စည်းတွေမှာသုံးဖို့ သေးသေးလေးဖြစ်အောင်
ဖြတ်ပြီး ခဲတို့ပြီး အထုံးလေးတွေ
လုပ်ရတာပါ။တော်တော်လက်ဝင်ပါတယ်။အလုပ်စ၀င်ဝင်ချင်းတော့ တစ်နေ့ကို ရင်းဂစ်၅၀
ရမယ်ပြောတော့ဘာဘဲပြောပြော ပျော်ပြီး အလုပ်လုပ်ဖြစ်ပါတယ်။ အဲဒီမစ္စတာလင်း
ဆီမှာ ကျွန်မတို့အရင် အလုပ်ဝင်တဲ့ စန္ဒာနဲ့ အစိန်ရယ်၊ ကိုချစ်ကိုရယ်
ရှိပါတယ်။ သူတို့နဲ့ မစ္စတာလင်းတို့က မြန်မာပြည်မှာ
တစ်ရပ်ကွက်သားလို့(မြောက်ဥက္ကာလာ)ပြောကြပါတယ်။ ကျွန်မတို့အဲဒီမှာ
အလုပ်လုပ်ရင်း တစ်ပတ်ပြည့်တော့ ပြသာနာစတက်ပါတယ်။ ကျွန်မတို့က
အိမ်လုံးချင်းလေးထဲမှာ (သူဌေးလဲ အဲဒီအိမ်မှာနေပါတယ်) အတူတူနေရင်
အလုပ်လုပ်တာဆိုတော့ မနက်စာ၊ ညစာ ထမင်းစားဖို့အတွက် တစ်ယောက်တစ်လှည့်စီ
အားလုံးအတွက် ထမင်းချက်ပေးရပါတယ်။ စစအလုပ်ဝင်ချင်းတော့ အဆင်ပြေတာပေါ့။
နောက်လဲကျရောအရင် အလုပ်စ၀င်ထားတဲ့ စန္ဒာနဲ့ အစိန်တို့က
အနိုင်ကျင့်လာကြပါတယ်။ သူတို့ ထမင်းချက်တဲ့နေ့ကျရင် မချက်ဘူး။ သူတို့
ဗိုက်ဆာမှာ သူတို့ဘာသ သူတို့ မီးဖိုချောင်ထဲမှာ လုပ်စားကြပါတယ်။
ကျွန်မတို့မှာ မစားရပါဘူး။ ကျွန်မတို့ ချက်တဲ့နေ့ကျရင် အစောကြီး ထပြီး
ထမင်း၊ ဟင်းအကုန်ချက်ထားပါတယ်။ ဒီအကြောင်းကို မစ္စတာလင်းကို တိုင်တော့
အရေးမယူတဲ့အပြင် ကျွန်မတို့ကို ပီနန်းနဲ့တော်တော်ဝေးဝေးက(ဘယ်နေရာဆိုတာ
အခုထိမသိပါ) တောထဲက အိမ်လေးမှာသွားထားပါတယ်။ တစ်ပတ်ကို ထမင်းစားဖို့
ရင်းဂစ်၂၀ ပေးပါတယ်။ အလုပ်တွေကတော့ နေ့တိုင်းလုပ်ရပါတယ်။ မနက်ဆို
အလုပ်လုပ်ဖို့ ပစ္စည်းတွေလာပေးပြီး ညဆို လုပ်ပြီးသားအလုပ်တွေကို
ကားနဲ့လာယူပါတယ်။ ကျွန်မတို့က အမှန်သမားဆိုတော့ အလုပ်ထွက်မယ်ပြောတော့
အလုပ်ထွက်ရင် ရဲခေါ်ပြီး ဖမ်းခိုင်းမယ်၊ အမှန်သမားလဲ ပိုက်ဆံပေးရင် ဘာမဆို
ဖြစ်တယ် ပြောတော့ ကျွန်မတို့ကကြောက်ပြီး ဘာမှ မလုပ်ရဲပါဘူး။ အဲဒါနဲ့
လကုန်တော့ တစ်ယောက်ကို လစာ ရင်းဂစ် ၁၀၀ စီပေးပါတယ်။ ကျွန်မတို့က
ဘာဖြစ်လို့လဲ မေးတော့ မင်းတို့လုပ်တဲ့ ပစ္စည်းတွေက မကောင်းဘူး၊
ငါအကုန်လွှတ်ပစ်ရတယ်၊ မင်းတို့ကို သနားလို့ ၁၀၀ပေးတာ။ မင်းတို့ကတောင် ငါ့ကို
နေစရိတ်နဲ့ စားစရိတ်အတွက် တစ်ယောက်တစ်ထောင်စီ ပြန်ပေးရမယ်ပြောပါတယ်။
ကျွန်မဒေါသအရမ်းထွက်ပြီး ပြန်ပြောခဲ့တယ်။
ကျွန်မတို့လင်မယားနှစ်ယောက်လုံးရဲ့ အ၀တ်အစားတွေ သူက လွှတ်ပစ်ပြီး အိမ်ပေါ်က
အခုချက်ချင်းဆင်းလို့ပြောပါတယ်။ ကျွန်မတို့လဲ (မလေးရှားရောက်စက
သူငယ်ချင်းပေးထားတဲ့ ဖုန်းအစုတ်ကလေးနဲ့) သူငယ်ချင်းကို ဖုန်းဆက်ခေါ်ပါတယ်။
အဲလိုခေါ်တာကို သူက မင်းတို့သူငယ်ချင်းကို ဖုန်းဆက်ခေါ်ရင်
မင်းတို့သူငယ်ချင်းပါ မသာပေါ်လိမ့်မယ်။ ရော့ လမ်းစရိတ် ဆိုပြီး ရင်းဂစ် ၃၀
ပစ်ပေးပြီး သူအိမ်ကိုသော့ခတ် အ၀တ်အစားတွေလွှတ်ပစ်ပြီး ကျွန်မတို့ကို
တောထဲမှာထားခဲ့ပါတယ်။ တော်သေးတာက ကျွန်မ အမျိုးသားက မလေးလို
နဲနဲပြောတတ်ပြီး ကျွန်မက အင်္ဂလိပ်လို နဲနဲပြောတတ်တော့ လမ်းစရိတ်
ရင်းဂစ်၂၅ကျပ်နဲ့ ဘာတာဝပ်ကို ရောက်သွားပါတယ်။ သူငယ်ချင်း ဖုန်းဆက်ထားတော့
သူငယ်ချင်းက ကားဂိတ်မှာ လာကြိုပါတယ်။ ဒီလိုနဲ့ ကျွန်မတို့မှာ မြန်မာလူမျိုး
သူဌေးနဲ့ အလုပ်သမားတွေပေါင်းပြီး ၀ိုင်းအနိုင်ကျင့်တာခံပြီး ဘ၀ကို
ခက်ခက်ခဲခဲ ဖြစ်သန်းခဲ့ရပါတယ်။ လစာလဲ မရခဲ့ပါဘူး။ အမှန်သမားဆိုပေမဲ့
ကျောထောက်နောက်ခံလဲ မရှိတော့ ရဲလဲမတိုင်ရဲပါဘူး။ အခုတော့ မလေးရှားနေတာ
၁နှစ်ရှိပြီ။ မြန်မာပြည်က အကိုနဲ့အမတွေ လိုက်လာပြီး မိသားစု
စည်းစည်းလုံးလုံးနဲ့ အလုပ်လုပ်ပြီး ကိုယ်ပိုင်မြန်မာဆိုင်လေးလဲ
ဖွင့်နိုင်ပါပြီ။ ဒါကျွန်မတို့လင်မယားနှစ်ယောက်ရဲ့ ကိုယ်တွေ့ပါ။
လိမ်ပြောရင် အခုဖွင့်ထားတဲ့ စားသောက်ဆိုင် ပြုတ်ပါစေ။ တကယ်ပါ။ ကျွန်မတကယ်
မသိခဲ့ပါဘူး။ နိုင်ငံခြားရောက်ရင်
ကိုယ့်လူမျိုးအချင်းချင်းကူညီမယ်ထင်ထားတာပါ။ ကျွန်မမေးပါရစေ။ အဲဒီ
မြန်မာလူမျိုးများဖြစ်ကျတဲ့ မစ္စာလင်း။ မစန္ဒာနဲ့ အစိန်တို့ က အခုမှာ
မလေးကိုရောက်လာတဲ့ သူတွေကို ဘာလို့အနိုင်ကျင့်ကြတာလဲ။ သူတို့က ဘုရားစူး
မိုးကြိုးပစ် မြန်မာလူမျိုးတွေဆိုတာ ကျွန်မမစဉ်းစားတတ်အောင်ပါဘဲ။ နောက်မှ
သိရတာက သူတို့က တစ်ဖွဲ့ထဲတွေ၊ ပေါင်းပြီး အဲလိုလုပ်စားနေတာကြာပြီ
ဆိုတာပါဘဲ။ ကျွန်မကို မယုံမှာ စိုးလို့ ဖုန်းနံပါတ်တွေ ရေးပေးလိုက်ပါတယ်။
လွန်ခဲ့တဲ့ ၁နှစ်က အဖြစ်အပျက်ဆိုတော့ ဖုန်းနံပါတ်ပြောင်းသွားရင်တော့ ကျွန်မ
မသိပါ။ ကိုလင်း(ခ) မစ္စတာလင်း - ၀၁၆၄၉၂၉၉၁၈။ ၀၁၂၅၀၀၉၉၁၈။ မစန္ဒာ-
၀၁၇၇၃၅၇၁၂၈။ မြန်မာလူမျိုးအချင်းချင်း အနိုင်ကျင့်ခြင်းမှာ ကင်းဝေးပါစေ။

ဝိုင်းဝိုင်း

၂၃-၁၂-၂၀၁၀


ဒါလေးကလဲ မေးလ်ထဲရောက်လာလို့ သတိထားသင့်သူတွေ သတိထားရအောင် စေတနာနဲ့ သာဖေါ်ပြတာပါ ခင်ဗျာ.. ကျွန်တော်ရေးတာဆိုလို့ ဒီ မှင် အပြာရောင်ပဲ ရှိပါတယ်ခင်ဗျာ

ပို့စ်ခေါင်းစဉ်ကို နှိပ်ပါကလဲ မူရင်း ရေးသားထားသော နေရာကို ရောက်ပါတယ်ခင်ဗျာ

6 comments:

...အလင်းစက်များ said...

ထိုင်းမှာလဲဒီလိုပါပဲလေ....... ထိုင်းရဲနဲ့  ပင်းထားတဲ့ ထိုင်းစကားနဲနဲ တတ်တဲ့ သောက်ဟာတွေ လုပ်ချင်တာလုပ်နေကြတာပဲ.....

Unknown said...
This comment has been removed by the author.
ဆောင်း said...

ကိုယ်ပိုင်မြန်မာ ထမင်းဆိုင် ဖွင့်ဖို့ ဆိုင်ခန်းငှားခ ပစည်းအရင်းအနှီး အတော်များတာ တော်ရုံ ဖွင့်ဖို့မလွယ်ဘူး။ မလေးနိုင်ငံသား မဟုတ် ဘဲနဲ့  မလေးမှာ ဘယ်လို ဖွင့်သလဲ

~ဏီလင်းညို~ said...

ကိုဏီဖတ်ပြီး.....သက်ပြင်းပဲချမိသွားတော့တယ်.....မောင်မိုးယံရေ့.......။
အားလုံးအဆင်ပြေကြပါစေဗျား.....။

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

မိုးယံ said...

>>>> ဆောင်း ခင်ဗျာ...ကျွန်တော်သိသလောက်ပြောပြပါ့မယ်..

ဆိုင်ခန်းငှားခက နေရာအခြေအနေပေါ်မူတည်ပြီး ကွာခြားလွန်းလှပါတယ်၊ မြို့လည်ခေါင် (အချက်အခြာကျ) ကေအယ်လ်လိုနေရာမျိုးမှာ ဆိုင်ခန်းငှားခ ရင်းဂစ် 4000 ကျော် 5000 ရှိသော်လည်း ...2000 2500 နှင့်ရသောနေရာမျိုးလဲ ရှိပါသည်။ အခြားနယ်များတွင်လည်း စွန်ဂိုင်းဘုလိုး ဆလာရန်း အီပို့ ကွမ်တန်း ဘလတ်ကုန်း စသော နယ်များစွာတွင်လည်း (ရာဂဏန်းမှ စပြီး ထောင်ကျော်သည့် လခရေးရသည်လည်းရှိပါသည်။ နေရာအခြေအနေပေါ် မူတည်ပါသည်။ မလေးနိုင်ငံသား မဟုတ်တာကတော့ အိုင်စီ(မလေးနိုင်ငံသားလက်မှတ်) ရှိသူကို အခကြေးငွေပေးပြီး နံမည်ခံ နဲ့ လုပ်လို့ရပါတယ်ဗျာ..


ဒါက အပြည့်အစုံတော့မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော်သိသလောက်သာဖြစ်ပါတယ်။

Unknown said...

အော်...ပြည်ပရောက်မြန်မြန်မာအချင်းချင်း အနိုင်ကျင့်တာကိုများ အဆန်းလုပ်ပြောနေတယ် ပြည်တွင်းက မသာကြိးတွေ တနိုင်ငံလုံး မတရားလုပ် အနိုင်ကျင့်ထားလို့ နိုင်ငံသားအတော်များများ ပြည်ပမှာ ကျွန်ပဲ ဖြစ်နေတာကိုလဲ သတိထားကြည့် သတိထားသိဖို့လိုတယ် ဒါပဲလေ မြန်မာဆိုတာ အယဉ်ကျေးဆုံးတဲ့ကမ္ဘာပေါ်မှာ ..ဟီး ..ဟီး..မြန်မာလူမ်ျိုးလောက် ရိုင်းဆိုင်းရုပ်မာပက်စက်တာ တွေ့ဘူးဖူး ...