Friday, December 10, 2010

အိပ်ပျက်ညရဲ့ ခေါင်းထဲမှာ

အဖြူရောင်တွေ အများကြီးဝတ်လို့
မဖြူစင်နိုင်တဲ့ စိတ်နဲ့ကိုယ်

ဦးထုပ်တွေ ဆောင်းထားရလို့
ဘောင်ကျဉ်းသွားရတဲ့ ဦးနှောက်

တစ်ကိုယ်လုံး မဲမှောင်နေလို့
ဥာဏ်အလင်းတွေ အမှောင်တွင်းထဲဆင်း

အချိန်ရှိသမျှ သခင့်အလိုကျမို့
ဘ၀ဆိုတာ ဘာမှတန်ဖိုးမရှိ

ကဲကဲ ဒါတွေထားပါကွာ
အခု ဘုရားရှိခိုးရဦးမှာ

ဆေးရုံကအမေ့ကို ပြောလိုက်ပါ
အလိုတော် အတိုင်း လို့....။

5 comments:

အဖြူရောင်နတ်သမီး said...

လုပ်ချလိုက်ပြန်ပြီ..ဒီတယောက်ကတော့..
ဟို ဗားရှင်းလေးသွားသတိရလိုက်တယ်..
ဘာတဲ့...
“ငါလာရင်လေယာဉ်ပျံနဲ့လာမှာမို့
သင်္ဘောဆိပ်မှာ ရထားနဲ့လာကြိုပါ ကိုင်း..ကိုင်း...ကားပေါ်တက် လှေလှော်သွားရအောင်....
ဟဲ့နွား”



:P

မေပယ်လ် said...

အေးအေး
အမေ့ကို ပြောပေးမယ်
ဒါနဲ့ ဆေးလဲ မှန်မှန်သောက်အုံး:)

အင်္ဂါဟူး said...

အောင်မာ နာ့ကိုများ ဆေးမှန်မှန်သောက်တဲ့.. ဒါက မနက်ငါးနာရီလောက်ထိ အိပ်မရအောင် ခေါင်းထဲရှုပ်နေတဲ့ ပုံရိပ်တွေကို လူမရိပ်မိအောင် ခပ်ပါးပါးလှစ်ဟထားတာဟဲ့... ဂွီ...
ဘူလူမှ လျှောက်နကြောနဲ့နော်.. ဆရာအောင်သင်းပြောသလိုပဲ.. .ကဗျာလေးက ကောင်းပါတယ်.. ဘာကောင်းတာလဲဆိုတော့ ရှက်ဖို့ကောင်းတာ.. ဂွီ...

JUSTICE999BURMA said...

နားမလည်ဝူးးးးးးးးးးးးးး

ကိုဇော် said...

အမေကလည်း ပြောတယ်။
ငါ့သားလည်း ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်ကို ရေခဲလေး အုပ်ပေးထားတဲ့။