Wednesday, August 10, 2011

ဆရာမျိုးဟန်ကို - 2011, August လ အတွက် ဗေဒင် ဟောစတမ်း

http://i574.photobucket.com/albums/ss183/moethwaynge/myo-han.gif

ဆရာမျိုးဟန်ကို - 2011, August လ အတွက် ဗေဒင် ဟောစတမ်း ...

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း စိတ်ညစ်လိုက် စိတ်ပျော်လိုက် ဖြစ်နေမည်။ အလုပ်အကိုင် ကိစ္စများနဲ့ ပက်သက်၍ အဆင်ပြေလိုက် မပြေလိုက်နဲ့ ဖြစ်နေမည်။ အလုပ်တွင် နေရာရကိန်း ရာထူးတိုးကိန်း ရှိပါသည်။ အထက်လူကြီးနဲ့ စကားအပြော အဆိုများ အဆင်ပြေလာမည်။

ငွေကြေးကိစ္စများ ကုန်ကျမှု များနေမည်။ မိသားစု ကိစ္စများ ၊ သူငယ်ချင်းများ မိတ်ဆွေများ အတွက်နဲ့ ငွေကုန်ကျမှုများ ရှိပါသည်။ ငွေရေးကြေးရေး အဆင်ပြေလာမည်။ စက်ပစ္စည်းဝင်မည်။ ယာယီခရီးထွက်ရမည်။ သူငယ်ချင်းများနဲ့ ပြန်လည် ဆုံတွေ့ရမည်။

ပညာရေး တိုးတက် နေသော အချိန်ကာလလေးပါ။ ဆက်လက်ကြိုးစားပေးပါ။

ဒီလအတွင်း အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ ချစ်သူနဲ့ နီးရက်နဲ့ ဝေးနေသလို ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ သာယာ အဆင်ပြေနေသော အချိန်လေးပါ။

ဒီလအတွက် ကျန်းမာရေးမှာ သွေးထွက်သံယို ကိစ္စများ ၊ ထိမိခိုက်မိမှုများ လက်များ ခြေထောက်များတွင် မကြာခဏ ဖြစ်မည်။ စိတ်ပူစရာ မရှိပါ။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် စာအုပ်တစ်အုပ်ထဲတွင် ငွေ ၅ ကျပ်ထည့်လိုက်ပြီး မိမိနေအိမ် ရှိစားပွဲ တစ်နေရာရာတွင် တင်ထားလိုက်ပါ။ ကံကောင်းလာမည်။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 5 5 8 8


၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ ပြန်လည် အဆင်ပြေလာမည်။ အလုပ်ကိစ္စများ အနည်းငယ် အဆင်မပြေ ဖြစ်နေမည်။ စီးပွားရေး လုပ်ငန်များ ယခု အချိန်တွင် ထပ်မံတိုးချဲ့ရန်အတွက် အဆင်မပြေသေးပါ။

ငွေကြေးကိစ္စများ စီးပွားရေးများ အဆင်ပြေလာမည်။ စမ်တူ လုပ်ငန်းများ ပြုလုပ်ရမည်။ နေရာကောင်းရမည်။ အိမ်ပြောင်းရမည် ပြင်ဆင်ရမည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။

ပညာရေး ကြိုးစားနေရသော အချိန်လေး ဖြစ်ပါသည်။

ယခု အချစ်ရေးကိစ္စများ ချစ်သူနဲ့ဝေးကွာနေရသူများ ပြန်လည်ဆုံတွေ့ရမည်။ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေနေသော အချိန်လေးပါ။

ယခုလ အတွင်း ကျန်းမာရေးမှာ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် လက်ကိုင်ပဝါတစ်ထည်ကို ရေမျှော၍ ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 5 8 0 5

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။ အလုပ်အကိုင်ကိစ္စများ အဆင်ပြေပါသည်။ အလုပ်ကိစ္စများထက် လူမှုရေး ကိစ္စများနေမည်။ သူတစ်ပါး ကိစ္စများတွက် မိမိ ပါဝင်နေရမည်။

ငွေကြေးကိစ္စများ ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရလိုက် ကုန်လိုက် ဖြစ်နေပြီး လူမှုရေး ကိစ္စများ အတွက်နဲ့ ငွေအကုန်အကျ များနေမည်။ မိသားစုအတွင်း စီးပွားရေး တိုးတက်လာမည်။ အင်္ဂါနံ ပစ္စည်းများ ဝင်မည်။

ပညာရေး ကြိုးစားနေမည့် အချိန်လေးပါ။ ကူညီသင်ပြပေးသူ ပေါ်မည်။

ဒီလအတွင်း အချစ်ရေးမှာ ချစ်သူနဲ့ ပျော်ရွှင်ကြည်နူးနေရသော အချိန်လေး ဖြစ်ပါသည်။ အဆင်ပြေလာမည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများမှာ ရန်စကားများနေရသော အချိန်လေးပါ။

ဒီလအတွင်း ကျန်းမာရေးမှာ ဗိုက်နာ ၊ ဗိုက်အောင့် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ပန်းအဖြူရောင် ၉ ပွင့်ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 2 5 0 6

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ကောင်းမွန် အဆင်ပြေနေသော အချိန်လေးဖြစ်ပါသည်။ အလုပ်အကိုင် ကိစ္စများတွင် အခုလက်ရှိ ကံကောင်း အဆင်ပြေနေမည်။ အထက်လူကြီးနဲ့ စကားပြောဆိုများ အဆင်ပြေပါသည်။

ငွေကြေးကိစ္စများ ယခုလအတွင်း ကံကောင်းလာမည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရမည်။ငွေဝင်မည်။ အများကြီး မဟုတ်ပါ။ ပုံမှန်ဝင်မည်။ မိသားစုဝင်များ နှင့် ခဏတာ ခွဲခွာနေရမည်။ စနေနဲ့ ပစ္စည်းများဝင်မည်။ သောကြာနံများ ဝင်ပါက မကောင်းပါ။

ပညာရေး သင့်တင့် ရှိပါသည်။ ဆက်လက် ကြိုးစားပါ။

အချစ်ရေးမှာ အဆင်မပြေသေးပါ။ စိတ်ဆိုးနေ စိတ်ကောက်နေ တုန်းပါပဲ။ အိမ်ထောင်ရေးမှာ အဆင်ပြေနေသော အချိန်လေးကို ပိုင်ဆိုင်နေမည်။

ယခုလ ကျန်းမာရေးမှာ ခါးနာ ၊ ခြေထောက်နာ ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကလေးတစ်ယောက် အား သကြားလုံး ၁၇ လုံး လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 5 5 4 4

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလ အတွင်းမှာ အဆင်မပြေသေးပါ။ အလုပ်အကိုင်များ နေရာများ ပြောင်းရွှေ့ရမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စိတ်ညစ်မှု ရှိနေသော်လည်း အဆင်ပြေလာမည်။ အကူအညီပေးသူ အကြံညဏ်ပေးသူများ ပေါ်လာမည်။ အလုပ်အကိုင်များ အဆင်ပြေလာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ ကြွေးတင်မည်။ ရသလောက် ကုန်နေပြီး ဝင်သလောက်ထွက်နေမည်။ သင့်တင့်မျှသာ ငွေဝင်မည်။ သူတစ်ပါးကိစ္စများ အတွက်နဲ့ စိတ်ညစ်နေမည်။ ခရီးယာယီ ထွက်ရမည်။ စက်ပစ္စည်းများ ပျက်မည်။

ပညာရေး ကိစ္စများ ကံကောင်းနေသော အချိန်လေးပါ။ သင်တန်းများ ဆက်တက်ရမည်။

ဒီလအတွင်း အချစ်ရေး ကိစ္စများ အဆင်ပြေနေသော်လည်း မကြခဏ စိတ်ညစ်မှုများ ဝင်ရောက်လာမည်။ ချစ်သူနှစ်ဦး ဆုံဆည်းရမည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများ အဆင်ပြေပါသည်။ အိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။

ဒီလအတွင်း စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် မိမိနှစ်သက်ရာ သစ်သီး ၅ မျိုးကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 4 0 5 5

၆။ သောကြာသားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်များ အဆင်ပြေလာမည်။ အလုပ်ကိစ္စများ နေထိုင်မှုကိစ္စများ ပြသနာများကို ဖြေရှင်းနေရမည်။ အလုပ်ထဲတွင် စကားပြောဆိုမှု အဆင်မပြေသော်လည်း စိတ်ပူစရာ မရှိပါ။ အကူအညီပေးသူ ပေါ်မည်။

ယခုလအတွင်း ငွေကြေး ကိစ္စများ ကံကောင်းနေသော အချိန်လေးဖြစ်ပါသည်။ မိမိကိုယ်ပိုင် ငွေကြေးများ သာမက သူတစ်ပါး ငွေကြေးများပါ ဝင်လာမည်။ ရသလောက် ကုန်ကျမှု များရှိနေမည်။

ခရီးကိစ္စများ သွားလာမှု အဆင်ပြေပါသည်။ ပညာရေးကိစ္စများ ကြိုးစားနေရမည်။ ပညာရေး ကံကောင်းပါသည်။

အချစ်ရေး ကိစ္စများ နီးရက်နဲ့ ဝေးနေသလို ခံစားနေရမည်။ မိမိ နှင့် မိမိ ချစ်သူအကြား ပြသာနာမရှိပေမဲ့ သူတစ်ပါးကိစ္စများ အတွက်နဲ့ ပြသာနာ ဖြစ်နေမည်။အဆင်ပြေပါသည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော အချိန်လေးကို ပိုင်ဆိုင်နေရမည်။

ဒီလအတွင်း ကျန်းမာရေးမှာ ဦးခေါင်းပိုင်း ၊ ကျန်းမာရေးညံ့မည်။

ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် အုန်းညွှန့် ၁၂ ညွန့်ကို မိမိနေအိမ် ဘုရားတွင် လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 9 78 2

၇။ စနေသားသမီးများ အတွက်

ယခုလ အတွင်းမှာ အလုပ်ကိစ္စများ အဆင်ပြေနေသော်လည်း အလုပ်ထဲတွင် စိတ်ညစ်မှု အနည်းငယ် ရှိနေမည်။ လုပ်ဖော်ကိုင်ဖက် များနှင့် စကားပြောဆိုမှု ကိစ္စများ အဆင်မပြေပါ။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ ဝင်ငွေ များသလို ထွက်ငွေလည်း များနေမည်။ ငွေစုမိမည်။ လက်ဆောင်ပစ္စည်းဝင်မည်။ စက်စ္စည်း ဝင်မည်။ ထီကံစမ်းပါ။ ခရီးယာယီများ မကြာခဏ ထွက်ရမည်။ နေရာတိုင်းလိုလို စိတ်တိုင်းမကျပဲ စိတ်တိုနေမည်။ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။

အချစ်ရေးမှာ အဆင်ပြေနေသော အချိန်လေးပါ။ ဒီလအတွင်း အချစ်ရေး စန်းပွင့်နေသော အချိန်လေး ဖြစ်ပါသည်။ ယခုလ အိမ်ထောင်ရေးကိစ္စများမှာ တကျက်ကျက် နဲ့ စကားများနေရသော နေ့ရက်တွေများနေမည်။

အခုလအတွင်း ကျန်းမာရေးမှာ မျက်စိအားနည်းမည်။ ဗိုက်အောင့်မည်။

ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက် ၉ နာရီ ၄၅ မီနစ်တွင် ကလေးတစ်ယောက်အား ငွေ ၁၀ လှူုဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 1 7 9 0

http://api.ning.com/files/EcuyCKUotltr-4v7AnnSK24gUcjyBEaIMjtd4RGq46N0aO294N8XpXZun5DJkvfj07lP9YmS1aiE*4-4tePUAa6Kr1tQdoqz/2.gif

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

2011, August လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် ...ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 016 , 606 1917 , 017, 226 0715 - စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။

Source by :http://www.myohanko.br.ms/

0 comments: