Monday, August 22, 2011

အမေရိကန်စာရေးဆရာ မာ့ခ်တွိန်၏ နေအိမ်ပြတိုက်မှ ဒေါ်လာတစ်သန်း အခိုးခံရ

နယူးယော့ခ်- မာ့ခ်တွိုင်းသည် သူ၏ စာအုပ်များထဲတွင် ကိုယ်ကျင့်တရား ကို သင်ယူလေ့လာရန်အတွက် ရာဇ၀တ်မှုများ ကျူးလွန်ရ မည်ဟု ဟာသသဘော ဖြင့် ပြောဖူးခဲ့သည်။ သို့ဖြစ်၍ နေအိမ် ပြတိုက်မှ ဒေါ်လာ တစ်သန်း အခိုးခံရသောအခါ ထင်ရှား ကျော်ကြား သော အမေရိကန် စာရေး ဆရာကြီး ထိတ်လန့်တုန်လှုပ်သွားမည် မဟုတ်နိုင်ပေ။

ဒိုနာဂရီဂေါဟု အမည်ရသော အသက် ၅၈နှစ်ရှိ အမျိုးသမီးသည်ကော်နာတီကပ်ပြည်နယ် ဘရစ်ပို့သ်တွင် ကြေးနန်းဖြင့် ငွေလိမ်လည် ရယူမှု၊ အခွန်လိမ်မှုစသည်တို့ကို မာ့ခ်တွိုင်း နေအိမ်ပြတိုက်မှ အလွဲသုံးစားလုပ် ရယူခဲ့ကြောင်း ၀န်ခံခဲ့သည်။ ဂရီဂေါဆိုသူ အမျိုးသမီး သည် Huckleberry Finn ၀တ္ထုကို ရေးခဲ့သော ၁၉ ရာစုခေတ် စာရေးဆရာကြီးကို ရည်စူး၍ တည်ထောင်ထားသော ပြတိုက်၏ အလုပ် သမားတစ်ဦးဖြစ် သည်။
သူမသည် အလုပ်ရှင်ထံမှ စာရင်း လိမ်ပြီး ငွေရယူခဲ့သည့်အပြင် သူ ရပိုင် ခွင့်မရှိသော လစာများကိုလည်း အပို ထုတ်ယူခဲ့သည်ဟု သိရသည်။ ထိုသို့ သူ လိမ်လည်၍ရရှိလာသော ငွေများကို သူမကိုယ်ပိုင် အိမ်ပြုပြင်ရန်၊ လက်မှတ်ဝယ်ယူရန်၊ ညစာအပြင်ထွက် စားရန်၊ အပေါင်ပြန်ရွေးရန်၊ ကြွေးဝယ် ကတ်ဖြည့်ရန်၊ ကားဝယ်ရန် အသုံးပြုခဲ့ သည်ဟု ကော်နာတီကပ်တရားရုံးချုပ်က ဆိုသည်။ သူသည် ထောင်ဒဏ် ၂၃ နှစ်ကျခံ ရဖွယ်ရှိပြီး ဒဏ်ငွေဒေါ်လာနှစ်သန်း ပေးဆောင်ရနိုင်ပါသည်ဟု ၎င်းတရားရုံး ချုပ်က ဆိုသည်။

တွိုင်းသည် ကော်နာတီကပ်ပြည် နယ် ဟားဒ်ဖို့ဒ်မြို့တွင် ၁၈၇၄ ခုနှစ်မှ ၁၈၉၁ ခုနှစ်အထိ နေထိုင်ခဲ့ပါသည်။ သူ၏ရာဇ၀တ်မှုနှင့် ငွေကြေးအတွက် ဟာသနှော ပြောကြားခဲ့သော အဆို အမိန့်များတွင် ရာဇ၀တ်မှုကို ကျူးလွန် ခြင်းဖြင့် ကိုယ်ကျင့်တရားအစစ်ကို သိရှိလာနိုင်ကြောင်း သူက ဟာသနှော မိန့်ဆိုခဲ့ခြင်းဖြစ်သည်။

http://www.myanmar.mmtimes.com/

1 comments:

ဟန်ကြည် said...

လုပ်ရက်ပါပေ့ကွယ်...Twain ရဲ့စာတွေများ အဖတ်များလေရော့သလားပဲ...