Monday, August 22, 2011

တပ်သားသစ် စုဆောင်းရာတွင် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်း မရှိ၍ အရေးယူခဲ့ရသူ အရာရှိ၊ စစ်သည် ၁၆၉ ဦး ရှိခဲ့

တပ်သားသစ် စုဆောင်းရာတွင် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိ၍ အရေးယူခဲ့ရ သူ အရာရှိ၊ စစ်သည် ၁၆၉ ဦးရှိခဲ့ ကြောင်း ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြား ခဲ့သည်။

နေပြည်တော်တွင် သြဂုတ်လ ၁၂ ရက်နေ့က ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့က ကျင်းပ သည့် သတင်းစာရှင်းလင်းပွဲ (၁/ ၂၀၁၁)တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော်အနေနဲ့ အရွယ်မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးရေးလုပ်ငန်းကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ အရွယ်မရောက်သေးသော ကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ကော်မတီကို ၅-၁-၂၀၀၄ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး အဲဒီ ကော်မတီက လိုအပ်သော အမိန့် နဲ့ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ အမျိုးသားအဆင့် စောင့်ကြည့် လေ့လာရေးနဲ့ အစီရင်ခံရေး ယန္တရားတစ်ခု ထူထောင်နိုင်ရန် ဆောင်ရွက်ခြင်း၊ Action Plan ရေးဆွဲနိုင်ရန် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး ၂၃-၅-၂၀၁၁ ရက် နေ့မှာ အဲဒီကော်မတီကို ကာကွယ်ရေး ၀န်ကြီးဌာန၀န်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင်ရှစ်ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းခဲ့ပါ တယ်။ ၂၀၀၄ ခုနှစ် ကော်မတီဖွဲ့ စည်းပြီးချိန်မှ ယခုနှစ်ဇွန်လအထိ တပ်သားသစ် စုဆောင်းရာမှာ ညွှန် ကြားချက်နဲ့အညီ လိုက်နာဆောင်ရွက်ခြင်း မရှိသူ အရာရှိ ၂၃ ဦး၊ စစ်သည် ၁၄၆ ဦးတို့ကို စစ်စည်းကမ်းအရ အရေးယူခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကွန် ဗင်းရှင်းစာချုပ်ကို သဘောတူညီခဲ့ပြီး ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ တွင် CRC စာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ကြောင်းနှင့် ထိုသို့ ဖြစ်လာပြီးနောက် ကလေးသူငယ်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ကလေးသူငယ် ဥပဒေကို ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ အမိန့်ညွှန်ကြားချက်များသည် အသက် ၁၈ နှစ်အောက် ကလေးသူ ငယ်များအား တပ်မတော်အတွင်းသို့ စုဆောင်းမှုကို တားမြစ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အရွယ် မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ် ရေး အသိပညာပေး သင်တန်းများကို ပို့ချလျက်ရှိသည်။

http://www.weeklyeleven.com/

0 comments: