Monday, August 1, 2011

File တွေကို ပိတ်မယ်

ကဲ ခု ကျွန်တော် ရှာဖွေတွေ့ ရှိထားတဲ့ ဖိုင့် ပိတ်တာလေးပါ ။ လွယ်လွယ်လေးပါ ။ ကိုယ့်ဖိုင်ကို သူများ ဖွင့်လို့မရအောင်ပေါ့ ။( သူများဆိုတာ ဒီနည်းကို မသိသေးသော သူများကို ဆိုလိုခြင်းသာ ။) လွယ်လွယ်လေးပါ ။ ပျော်စရာလည်းကောင်းပါတယ် ။ မသိသေးတဲ့ လူကို လည်း ....။ ကဲ စကြရအောင် ။
ပထမဆုံး ဘယ်နားမှာ ပိတ်မယ်ဆိုတာကို ရွေးမယ် ။ ကျွန်တော်တော့ Desktop ကို ရွေးပါတယ် ။ ပြီးရင်

New Folder ကို တစ်ခုရွေးပါ ။ ပြီးရင် safe ဆိုပြီး နာမည် ပြောင်းပေးလိုက်ပါ ။

ကဲ...နောက်တစ်ဆင့် Run box မှာ notepad လို့ ရိုက်ပြီး အိုခေ လိုက်ပါ ။


အဲဒီထဲမှာ ဒီစာသားတွေကို ထည့်ပေးလိုက်ပါ ။ ဒါနဲ့ တစ်ခုပြောထားရဦးမယ် ။ခု ကျွန်တော်ေ၇းနေတာက ဝင်းဒိုး7 အတွက် ပါ ။ အဲဒါကြောင့် XP သမားတွေလည်း စမ်းနိုင်ပါတယ် ။ ကဲ ပြန်စရအောင် ......
ဒါလေးကို ကူးပြီး ထည့်လိုက်ပါ။
ren safe safe.{2559a1f2-21d7-11d4-bdaf-00c04f60b9f0}

(XP တွေအတွက်တော့ ဒါကို ကူးပြီးထည့်လိုက်ပါ ။ ren safe safe.{FEF10DED-355E-4e06-9381-9B24D7F7CC88}) ပြီးရင် သိမ်းမယ် ......သိမ်းတာက Filename က နောက်မှာ .bat ပါရင်ပြီးတာပဲ။
ကဲ Desktop ပေါ်ကို သွားကြည့်ရအောင်.....အဲဒီမှာ Lock Folder ရောက်နေပါပြီ ။ အဲဒါကို နိပ်လိုက်ရင် ။ ပထမဆုံး ယူထားတဲ့ New Folder (safe)ကို ပိတ်သွားပါလိမ့်မယ် ။ သော့ပုံပြောင်းသွားလေပြီ ။ ဖွင့်လို့မရတော့ပါဘူး ။
ကဲ ပိတ်ပြီးပြီဆိုတော့ ပြန်ဖွင့်ဖို့ လိုဦးမယ် ။ ပြန်ဖွင့်ချင်တယ်ဆိုရင်တော့ စောနက Lock file ကို delete လိုက်ပါ ။ ပြီးရင် ....Run Box>>>> Notepad>>>> ထဲမှာ ဒါလေးကို ပြန်ကူးထည့်လိုက်ပါ ။
ren safe.{2559a1f2-21d7-11d4-bdaf-00c04f60b9f0} safe
ဒါက Window 7 အတွက်ပါ ။ တစ်ခုထူးခြားမှုကို ပြောပြပါရစေ .... Lock တုန်းက ren safe safe. လို့ ရှိတာကို ခု Unlock က ren safe လို့ပဲရှိပြီးတော့ safe နောက်တစ်ခုက နောက်ဆုံးဆုံးကို ရောက်သွားတာပါ ။ ဒါလောက်ဆို
XP အတွက်လည်း သဘောပေါက်လောက်ပြီဖြစ်ပါတယ် ။ သိမ်းတာလည်း စောစောနဲ့ တူတူပါပဲ ။ ပြီးရင်
Desktop ကို ပြန်သွားလိုက်ပါ ။ Unlock file ကို နိပ်လိုက်တာနဲ့ safe ကို ဖွင့်နေပါပြီ ။


အားလုံးအဆင်ပြေကြပါစေ ။ ခွန်မောင်ပန်

http://www.decembermgmg.co.cc/

0 comments: