Wednesday, December 8, 2010

ဝီကီလိခ် ထူထောင်သူအား ဖမ်းဆီးရန် အဖွဲ့ဝင်နိုင်ငံများအား အင်တာပို ပြောကြား

b33616

ဗလက္ကာယမှုဖြင့် ဆွီဒင်နိုင်ငံက ၀ရမ်းထုတ်ပြန်ထားသည့် ၀ီကီလိခ် ထူထောင်သူ ဂျူလီယန်အဆန်းဂ်အား အဖွဲ့ဝင်နိုင်ငံများက ၀ိုင်းဝန်းဖမ်းဆီးပေးရန် နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို)က ဒီဇင်ဘာလ ၁ ရက်နေ့တွင် တိုက်တွန်း ပြောကြားလိုက်သည်။

သြစတြေးလျနိုင်ငံသား၊ အသက် ၃၉ နှစ်အရွယ် ဂျူလီယန်အဆန်းဂ် အား ခြေရာခံ ဖမ်းမိရေးအတွက် ဆွီဒင်၏ မေတ္တာရပ်ခံချက်အား အင်တာပို ၀က်ဘ်ဆိုက်တွင် ရေးသားခဲ့ပြီး 'အနီရောင်သတိပေးချက်'အဖြစ် သတ်မှတ်ထားကြောင်း အင်တာပို၏ ပြောခွင့်ရ အမျိုးသမီးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ဆွီဒင် နိုင်ငံတကာ ပြည်သူ့ရှေ့နေရုံးက ဂျူလီယန်အဆန်းဂ်အား နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ပြီး ဗလက္ကာယ သံသယမှု၊ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတို့ ပါဝင်ကြောင်း သိရသည်။

ယခုအခါ ဂျူလီယန်အဆန်းဂ် မည်သည့် နေရာတွင် ရောက်ရှိနေသည်ကို မသိရှိရသေးသော်လည်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် Skype အင်တာနက်မှတစ်ဆင့် တိုင်းမ်မဂ္ဂဇင်းနှင့် အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်းသည် အများအားဖြင့် ဥရောပတိုက်တွင် နေထိုင်လေ့ရှိပြီး မကြာသေးမီက ဗြိတိန်တွင် တွေ့ရှိခဲ့ရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဝီကီလိခ်သတင်းများ ပေါက်ကြားမှုနှင့် ပတ်သက်၍ အမေရိကန် အပါအ၀င် ကမ္ဘာ့နိုင်ငံ အများအပြားက ကန့်ကွက်မှုများ ရှိနေသော်လည်း လက်ဝဲယိမ်း အီကွေဒေါနိုင်ငံက ဂျူလီယန်အဆန်းဂ်အား မိမိတို့နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံရန် ကမ်း လှမ်းထားကြောင်း သိရသည်။

http://www.news-eleven.com/

3 comments:

ရွှေရတုမှတ်တမ်း said...

အင်္ဂလန်မှာ ဖမ်းမိပြီလေ...ကိုမိုးယံကြီးရဲ့

ကြည်ကြည် said...

မနက်က သတင်းမှာ
ပါသွားတယ်

သူ ကို ဖမ်းတာလား သူကလာအဖမ်းခံတာလား ဘကျောက်ရေ ညမှ သတင်းထပ်ကြည့်မယ်

...အလင်းစက်များ said...

ဖမ်းသွားပြီဗျို့