Wednesday, August 17, 2011

တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်ကာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် အပူဇော်ခံမည်

http://www.weeklyeleven.com/images/stories/Aug11/Bi/4202.jpg
တရုတ်ပြည်သူ့ သမ္မတနိုင်ငံရှိ ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်တော်မူရာ နေရာ

တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ပင့်ဆောင်ကာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အပူဇော်ခံသွားမည်ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွယ်တော် ပင့်ဆောင်နိုင်ရေး ဦးစီးကော်မတီ၏ သတင်းထုတ်ပြန်ချက် များအရ သိရှိရသည်။

မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွယ်တော် ကြွချီအပူဇော်ခံခဲ့သည်မှာ သုံးကြိမ် ရှိခဲ့ဖူးကြောင်း၊ ပထမအကြိမ်ကို ၁၉၅၅ ခုနှစ်တွင် ပင့်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ရှစ်လကြာ အပူဇော်ခံခဲ့ ကြောင်း၊ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ပင့်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၄၅ ရက်ကြာ အပူဇော်ခံခဲ့ကြောင်း၊ တတိယအကြိမ်ကို ၁၉၉၆ ခုနှစ်တွင် ပင့်ဆောင်ပြီး ရက်ပေါင်း ၉၀ ကြာ အပူဇော်ခံခဲ့ကြောင်း သိရှိရသည်။

ယခုတစ်ကြိမ်သည် စတုတ္ထအကြိမ်မြောက် အပူဇော်ခံခြင်းဖြစ်ပြီး နေပြည်တော်၌ ဥပ္ပါတသန္တိစေတီတော် လိုဏ်အတွင်းလည်းကောင်း၊ ရန်ကုန်တွင် ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ် အတွင်းလည်းကောင်း၊ မန္တလေးတွင် မဟာ အတုလဝေယန် ကျောင်းတော်ကြီးအတွင်း၌ လည်းကောင်း အသီးသီးအပူဇော်ခံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာနိုင်ငံသို့ ပင့်ဆောင်ခွင့် ရရှိနိုင်ရန် လုံခြုံရေးအာမခံပေးကာ စာချုပ်ချုပ်ဆို ပင့်ဆောင်ရသည်ဖြစ်ကြောင်း၊ အပူဇော်ခံကာလ ပြည့်မြောက်သည့် အခါတွင် မန္တလေးမြို့မှ ဗုဒ္ဓမြတ်စွယ်တော် မူလကိန်းဝပ် စံပယ်တော်မူရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေကျင်း မြို့ရှိ ကွမ်းဂျီးစု ဘုရားကျောင်းသို့ ပြန်လည် ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဗုဒ္ဓမြတ်စွယ်တော်ကို ပင့်ဆောင်ရာ လမ်းတစ်လျှောက်နှင့် အပူဇော်ခံ ခေတ္တကိန်းဝပ် စံပယ်ရာ နေရာများတွင် အများပြည်သူများဖူး မြော်ကြည်ညိုနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

4202a
တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မြို့သို့ ၁၉၉၄ ခုနှစ်က
ဒေသစာရီကြွ ချီတော်မူလာစဉ်

http://www.weeklyeleven.com/

6 comments:

...အလင်းစက်များ said...

အားမရသေးဘူးကွာ ထပ်ရေးမယ်။ ကဲ...... ဟိုးတရုတ်ပြည်ကြီးက ပိုင်ဆိုင်ပါတယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ ဆွယ်တော်ကို ဘာ့ကြောင့် ပင့်ဆောင်ရသလဲ။ မြန်မာပြည်မှာရော မြတ်စွာဘုရားရဲ့ ဓါတ်တွေမွေတော်တွေ မရှိတော့ဘူးလား။ မြတ်စွာဘုရားရဲ့ ဘယ်အစိတ်အပိုင်းကို ဖူးမျှော်မှ ပိုကုသိုလ်ရမယ့်လို့  ဘယ်နေရာ ဘယ်ကျမ်းဂန်မှာ ပါခဲ့ဖူးသလဲ။

စာချုပ်ချုပ်ပြီးပင့်ဆောင်ရတယ်ဆိုတာ ကိုယ့်အစိုးရ ကိုယ်တိုင်က ဒီ ဆိုက်ဝါး အစီအစဉ်ကို လက်ခံလို့  တရုတ်ရဲ့ ဧရာဝတီ ဖျက်ဆီးရေး အစီအစဉ်မှာ ချောမွေ့  အောင်မြင်စေရေး လိုက်လံ သဘောတူညီပေးနေမှန်း သိသာနေတယ်။

ဧရာဝတီနဲ့  ခု ဆွယ်တော်ကိတ်စမှာ ကျနော်အမြင်များ တင်းမာနေခဲ့ရင် ထောက်ပြကြပါ....။

...အလင်းစက်များ said...

ငါ့ကော်မန့် တစ်ခု ဘယ်ရောက်သွားပါလိမ့်........ ??????

(((ဘာသာရေးကိတ်စမို့  မပြောချင်ပေမယ့် အဲ့ဒါ ဆိုက်ဝါးတွေပဲ...... ငယ်ငယ်ကလည်း အဲ့ဒါကြောင့်ပဲ
တရုတ်ကို လူတွေ မုန်းစိတ်မ၀င်လို့  ဆက်ခံနေ၇တာ
မြန်မာတွေရဲ့ ဘာသာရေး ယုံကြည် သက်ဝင်မှုကို ခုတုံး လုပ်ကြတော့မယ်ထင်တယ်
ငါမြင်တာ တော့ အဲ့လိုပဲမြင်တယ်။)))

အင်္ဂါဟူး said...

ဒီလိုရှိပါတယ် ကိုအလင်းစက် မြတ်စွာဘုရားရဲ့ စွယ်တော်ကို တရုတ်ပြည်က ပိုင်တယ်ဆိုတာလည်း ရှုထောင့်တစ်ခုကနေ ဟုတ်ပါတယ်... ဒါပေမယ့် သူတစ်ဦးတည်းပိုင်တယ်လို့ ယူဆလို့မရပါဘူးခင်ဗျာ... တစ်ကယ်တော့ ဗုဒ္ဓရဲ့ ဓါတ်တော်တွေနဲ့ တရားတွေဟာ လူသားမျိုးနွယ်တင်သာမက ၃၁ ဘုံသားအားလုံးနဲ့ဆိုင်သော အမွေဆိုင်ဖြစ်ပါသည်။ ကျွန်တော့် အမြင်အားဖြင့် ဆိုလျှင်ဖြင့် မြန်မာပြည်၏ ဗုဒ္ဓသာသနာဝင် အားလုံးသည် ထေရ၀ါဒ အစစ်အမှန်ကို ထဲထဲဝင်ဝင် သိသူသည် ၁၅ ရာနှုန်းလောက်သာ ရှိပါလိမ့်မည်။ ယခု စွယ်တော် ကိစ္စဟာ သဒ္ဓါများပြီး ပညာရှားတဲ့ ယုံကြည်သူ လူတန်းစားတစ်ရပ်ကို ခုတုံးလုပ်ပြီး လိုချင်တာကို လှည့်ဖျားခြင်းဖြင့် ဆောင်ခြင်း သဘောလဲ ဖြစ်နိုင်ပါတယ် ခင်ဗျာ။ ဒါပေမယ့် အရာရာဟာ အကောင်းအဆိုး ဒွန်တွဲခြင်း များတတ်ပါတယ်။

...အလင်းစက်များ said...

တရုတ်တွေ စွယ်တော်ပိုင်တာ မပိုင်တာ အသာထား၊ ကိုယ်လဲ မလိုချင်ပါဘူး၊ စွယ်တော် ပိုင်ဆိုင်မှ ထေရ၀ါဒ စစ်မှာလဲ မဟုတ်၊ မြတ်စွာဘုရားရဲ့ အမွေကို ခွဲဖို့  ကြိုးစားခြင်းလည်း မဟုတ်၊ ထေရ၀ါဒ စစ်ခြင်း မစစ်မှန်ခြင်းကို ငြင်းခုန်ဖို့ လည်း မဟုတ်ပါဘူး ကိုမိုးယံ။ အဓိကပြောချင်တာ မြတ်စွာဘုရားကို ခုတုံးလုပ်ဖို့  ကြံနေတဲ့ တရုတ်နဲ့  ကိုယ့်ဆီက လူတစ်ခုရဲ့ အကြံကိုသာ ပြောခြင်းဖြစ်ပါကြောင်း။

ကိုအောင်(ပျူနိုင်ငံ) said...

ဘလော့ဒေးအမှတ်တရလေး ရေးပေးဖို့ တက်ဂ် tag ထားတယ် မိုးယံရေ ... :P

Anonymous said...

မဖူးကြနဲ့ကိုယ့်အိမ်ကဘုရားဖူးလည်းရတာဘဲ။စွယ်တော်ဖူးလို့ဒီအစိုးရပြုတ်ကျမယ်ဆိုရင်တော့ဖူးကြပေါ့။