လူ နှင့် ဖေ့စ်ဘုတ်
နရတာ အမော။ ဘယ်သူမှ လာ မlike ရင်၊ ကိုယ်ဟာကို ပြန် like ထာ...းတတ်သေးတာ။ တစ်ချို့ကျတော့ ဖေ့စ်ဘုတ်ကို ဧည့်ခန်းကရှိုးကေ့စ် လိုသဘောထားတယ်။ ရှိုးကေ့စ်ဆိုတာ ရှိတာလေးတွေ စီစီရီရီတင်ပြီးကြွားတဲ့နေရာမဟု
ကျန်တဲ့အချိန်ကျတော့ မနေအပ်တဲ့ အရပ်လိုလို ကျဉ်ချင်ကြတာကလား။ ခုလည်း အဲသလိုပါပဲ။ လူပျို၊ အပျိုဘဝမှာတော့ ရည်းစားရှာချင်တော့ နေ့ရော ညရော ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်။ ရည်းစားလည်းရရော ဖေ့စ်ဘုတ်ကိုအဖက်မလုပ်တော့ဘူး။ အဲ… အိမ်ထောင်ပြုလို့ မင်္ဂလာဆောင်ပြန်တော့ ဖေ့စ်ဘုတ်မှ ဖေ့စ်ဘုတ်ဖြစ်ပြန်ရော..။ မဟုတ်ရင် မင်္ဂလာဆောင်ပုံတွေ တစ်အိမ်တက်ဆင်းလိုက်ပြနေရမှာပေါ
ဖေ့စ်ဘုတ်ဘဝ သင်္ခါရပေါ့လေ။ တစ်ချို့တွေအတွက်တော့ ဖေ့စ်ဘုတ်က ယောက္ခမအိမ် လိုပဲဖြစ်နေပြန်တယ်။ ယောက္ခမများ မတော်မဖြစ်လို့တော်ရပေမယ့် တော်ယုံတော့ ပတ်ပတ်သက်သက်မလုပ်ကြတဲ့သဘောမဟု
တစ်ချို့အတွက်တော့ ဖေ့စ်ဘုတ်က ဆရာဝန်ကြီး ကျလို့။ ဒီနေ့ အီးမပါဖြစ်ဘူး၊ ရှူရှူးတွေဝါတယ်၊ ခေါင်းတွေကိုက်တယ်၊ လည်ချောင်းထဲကပူတယ်၊ ဖင်ခေါင်းထဲကအေးတယ် နဲ့ လာလာပြောကြပြန်ရော။ တစ်ချို့လည်း တီးတိုးဖေါ် အဖြစ်မြင်ပြီး၊ ဒီနေ့ Moody ဖြစ်တယ်၊ ဒင်းတော့လား အစိမ်းလိုက်ကိုဝါးစားချင်တယ်၊ ဒီဘဝ သေတာအေးပါတယ်၊ ပျော်လွန်းလို့ဂျွမ်းတောင်ထိုးေ
တစ်ချို့တွေများကျတော့ ဖေ့စ်ဘုတ်ကို အမှိုက်ပုံကြီး လို ဖွထားတတ်ကြပြန်ရော။ ဘာမှန်းခွဲမရတဲ့ပုံတွေတင်၊ ဝါးတားတားပုံလည်းတင်၊ ခွေးပုံတင်၊ ကြောင်ပုံတင်၊ အရက်ပုလင်းပုံတင်၊ အကောင့်ပိုင်ရှင်က ဘယ်သူလည်းဆိုတာ မှန်းမရလောက်အောင်၊ တစ်ပြုံတစ်မကြီး အုပ်သင်းဖွဲ့တဲ့ပုံတွေချည်းရွေး
ဓါတ်ပုံရှင်ခမျာ ကွန်မင့်များလို့ မပျော်နိုင်ပါဘူး၊ မင့်ထားတာတွေက ပုံနဲ့မဆိုင်ဘဲကိုး။ သူတို့ဖာသာ စကားလက်ဆုံလာကျနေကြတာမှုတ်လား။ ဖေ့စ်ဘုတ်ကို ကာစီနိုတစ်ခု လို၊ စီးပွားရေးလုပ်ငန်းစုတစ်ခု လို သဘောထားတတ်တဲ့လူတွေလည်းရှိလေရဲ့
တစ်ယောက်တစ်ခုမရှိနိုင်ကြရှာတော
ကျုပ်မှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ပါနော်။ ကျုပ်အတွက်တော့ ဖေ့စ်ဘုတ်က ပြတိုက်တစ်ခု။ အပေါ်မှာပြောခဲ့တာမျိုး ကိုယ်ပိုင်ပြတိုက်တော့ဟုတ်ဘူးဗျ
။ အများကြည့်စေချင်လို့ လုပ်ထားတဲ့ပြတိုက်။ ပြတိုက်လေးလူစည်အောင်၊ နုတ်စ်တွေရေးရ၊ ပုံတွေ အော်ဂနိုက်ဇ်ဖြစ်အောင်တင်ရ၊ လူပျိုကြီးပြတိုက်မို့ လူအထင်မသေးအောင် ပြုပြင်နေရတာအမော။ ခုတော့ ဘုရားပေါ်က အလကားဝင်ရတဲ့ ဂေါပကပြတိုက်လောက်တော့ လူစည်ပါတယ်။ ဒါပေသည့် တစ်နေ့တစ်နေ့ ကျုပ်ပြတိုက် လူဘယ်လောက်လာလည်းရေတွက်ရတာ လောဘ။ ဘယ်သူတွေများ ဘယ်လိုမင့်သွားကြလည်း စောင့်ဖတ်ရတာလည်း မောဟ။ မတော်တရော် လာမင့်သွားလို့ မသိမသာ ပြန်တွယ်ရတာက ဒေါသ။ တစ်ခါတစ်ခါတော့တွေးမိသား၊ နိမ္ဗာန်ရောက်ကြောင်းလေးများ မျက်စပြစ်စတင်မယ်ကြံရင် ပထမဆုံးဖြတ်ရမှာ ဖေ့စ်ဘုတ်ပါလားလို့….။ သွပ်..သွပ်...သွပ်...
ရေတဲ့သူက thwin naung Soe
From: F.W mail
တွေးတောရယ်မောခြင်းဖြင့် ကြည်နူးနိုင်ကြပါစေ။
9 comments:
တိုးတက်ကြီးပွားလိုပါကလည်း လျှော့ရမှာ ဖဘ. ။ တို့ကတော့ဘလော့မှ ဘလော့. ပိုပြီးပြတိုက်ဆန်တယ် ကြိုက်သမျှတင် tag စရာမလိုဘူး ဘလော့ rollမှာတက်တယ်။။
ခွေးပုံကြောင်ပုံတွေ တင်တယ် ဆိုတာ ငါ့ကို တိုက်ရိုက် စော်ကားတာ... ဟင်းဟင်း.. ရေးသူ ဘယ်သူတုန်း ပြောလိုက်စမ်း.... ရှင်းရမယ် ဒီကိတ်စ မရှင်းလို့ ဂိုမဖြစ်ဘူး ... :D :D :D
ကြောင်ဖြူများရှင်ရေ...အဲဒါခက်တာပဲ...ကူးတဲ့သူတွေက နံမည်ထည့်မပေးလိုက်ဘူး... ငါတို့လို ပြန်မျှသူတွေက အလကားနေရင်း မျက်နှာပူနေရတာဟေ့... အခု ဒီစာပုဒ်ကို မေးလ်က သုံးလေးစောင်ဝင်တာတောင်... ရေးသူကို မတွေ့မိသေးဘူး။ ငါတို့ကလည်း ဖတ်ပြီး သဘောကျတာလေးတွေ ပြန်မျှတာပါကွာ... ရေးသူနံမည်မပါတော့ အားနာတာတော့ အမှန်ပဲ။
Posted by thwin naung Soe bar
ရေးသူကို ပြောပေးပါ၊ အစ်မရဲ အောဂျက်တစ်နဲ့ ညီတာလေး မပါလို့ စိတ်မကောင်းဖြစ်နေသဟ :(
(သူများတွေ ရေးထားတာလေးတွေကို စိတ်ဝင်စားရုံသက်သက်သာ၊ ပြုံးမိရုံသက်သက်သာ)အဟိ
အကိုရေ..ပို့စ်လေးကြောင့်ရော..က၊ွန်မန့်လေးတွေကြောင့်ပါ..ရီရ၏..:):)
နာတိတယ်...ကြောင်ဖြူများရှင်ရေ့....ဒီပို့စ်ရေးတဲ့သူကို...၊
အောက်မှာပါတယ်လေ....သွင်နောင်စိုးတဲ့.....:)))
သူတစ်ခုကျန်ခဲ့တယ်....တချို့က ဖေ့ဘွတ်ကို စစ်မြေပြင်
လိုသဘောထားကျသဟ.....:))))
ဟုတ်ပါတယ်..စစ်မြေပြင်ဆိုတာတောင်မှ တစ်ချို့က ခံတပ်ကိုအမှန်အကန် မြင်တယ်မဟုတ်လား။
ရေးထားတာလေးကိုသဘောကျမိပါတယ်။
တော်တော်စုံတာဘဲ။
အပေါ်ကစစ်မြေပြင်ပါထည်.လိုက်ရင် ပိုပြီး
ပြည်.စုံသွားပြီ။
Post a Comment