Friday, August 26, 2011

ပြည်ကြီးတန်ဆာ



ဒီမြေပေါ်က ဒီရေ.....
ငါတို့သောက်ခဲ့ကြတာပါ ၊ ငါ့တို့ အသက်တွေ
ငါတို့အသွေးတွေ ဒီရေ နဲ့ ဆက်ခဲ့တာပါ
မြစ်ဧရာဟာ ငါတို့အားလုံးရဲ့ သွေးသားပါ
သူတို့(လူတစ်စု)အားလုံးရဲ့ အသက်သွေးပါ။

ဒီရေဟာ ငါတို့သွေးသား ၊ ဒီမြေဟာ ငါတို့သွေးသား
ဇတ်တူစား မစားသင့်တာ လူမှန်သမျှ သိကြတာပါ
ငါတို့သွေးကို ငါ့တို့မသောက် ရက်ပါဘူး
ငတ်ရင်တောင် ကိုယ့်ပေါင်ကိုယ် လှီးစားလို့မှ အာဟာရမဖြစ်တာကို။

စားစရာ ၀ လို့ ထားစရာ မဆန့်သူတွေက
လောဘတွေ အာသာငမ်းငမ်းနဲ့
ရက်စက်မှုအပေါင်းကို သရဖူ ဆောင်းနိုင်ဖို့
ယုတ်မာမှု မကိုဋ်ကို ဆင်မြန်းနိုင်ဖို့
ကောက်ကျစ်မှု ခြုံထည်လွှာ ခြုံလွှမ်းနိုင်ဖို့။

သွေးသားကိုရောင်းစား ရက်လေသလား
တစ်ကယ်တော့ ခန္ဓာကို ရင်းတဲ့သူတွေတောင်
နေ့တဓူဝ ၀မ်းစာနဲ့ မိသားစုဝမ်းရေးမို့ ရင်းရတာပါ ။

နှိုင်းစရာရှားပေမယ့် လူတစ်စုက တုနိုင်းမဲ့တွေ မဟုတ်ဘူး
နှိုင်းစရာ ပမာပေးပေမယ့် ညဥ့်ငှက်တွေကိုတောင် အားနာမိတယ်။

တစ်ကယ်တော့ သွေးသားကို ရောင်းစားတဲ့သူတွေဟာ.....
တစ်ကယ်တော့.............
တစ်ကယ်တော့.........။



မိုးယံ
26.8.2011 သောကြာ
(4:41 PM)

9 comments:

ညိမ်းနိုင် said...

အလို ကမိုးယံ.....ခံစားချက်တွေ ပြင်းထန်နေလိုက်ပုံက
တကယ့်ကို ထိမိတဲ့ကဗျာလေးတွေတောင်ထွက်ကျလာပါ
ရောလား...၊အေးကွယ်.....ညဥ့်ငှက်လေးတွေကိုတောင်
သူရို့နဲ့နှိုင်းရတာအားနာစရာ...၊ဘယ်လောက်ပြောပြော
သင်းတို့က နာမာ့်ပုံလည်းမရှိပါဘူးဟာ...:(

SHWE ZIN U said...

ကိုမိုးယံ ကို အထင်မသေးပါနဲ့ လျှောက်ရေးတဲ့ ကဗျာ တောင် ရင်ကို ထိရင် လျှောက်များမရေးရင် အင်း မစဉ်းစားရဲ ပါဘူး ဘာထိမလည်း လို့

မြစ်ကျိုးအင်း said...

“ နှိုင်းစရာ ပမာပေးပေမယ့် ညဥ့်ငှက်တွေကိုတောင် အားနာမိတယ်။ ”

ကဲရှင်းရော။
လူတိုင်း အဲဒီလို နာ နေကြတာပါပဲ။

ကိုကိုမောင်(ပန်းရနံ့) said...

ဟုတ်တယ်။ မိုးယံပြောတဲ့အတိုင်းဘဲ။း((


ခင်မင်လျက်

ဟန်ကြည် said...

ကဗျာလေး ကောင်းလိုက်တာ နိမိတ်ပုံ သုံးထားတာ နဲနဲကြမ်းသယောင်ရှိပေမယ့် အဲဒီနိမိတ်ပုံကြောင့်ပဲ ဆိုလိုရင်းကို ဒိုင်းခနဲရောက်သွားတာကြောင့် သုံးသင့်သုံးထိုက်တဲ့ နိမိတ်ပုံကို သုံးထားတာလို့ ခံစားရပါတယ်...ကဗျာကောင်းလေးတွေကို စောင့်မျှော်လျှက်ပါ ကမိုးယံ . . .

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်လေ ကိုမိုးယံရေ
ကွက်ကွက်ကွင်းကွင်းရှိပါပေရဲ့ ..
ဒီကဗျာလေးအတွက် ဘရာဗိုပါ
ဧရာဝတီမြစ်ကို စစ်မှန်စွာချစ်ကြသူတွေ များလာပါစေလို့ ဆုတောင်းမိတယ်
ဒါမှလည်း ရောင်းစားမဲ့ အစီအစဉ်က ပျက်မှာလေ

ချစ်ကြည်အေး said...

မိုးပျံမတို့ မိုက်တယ်ကွာ...ရေးချက်က....
ဧရာဝတီအတွက် တို့အားလုံး နှလုံးသားတွေ ထပ်တူပါ မောင်လေးရေ....

ဆူးသစ် said...

ဒီဘက်မှာ မရှိဘူးထင်နေတာ။ အင်္ဂါဟူးဘက်မှာ မှတ်ချက်ရေးခဲ့ပြီ။ ကဗျာသမားမို့ ကဗျာကိုအားပေးသွားပါတယ်။

မအိမ်သူ said...

ကောင်းလိုက်တဲ့ တင်စားဖွဲ့ဆိုမှုလေးပါလား မိုးယံရေ။
ကိုယ့်အသွေးအသားကို တပ်မက်မှုတစုံတရာကြောင့် အလွယ်တကူ ရောင်းစားရက်ကြရင်တော့လည်း...