Sunday, August 28, 2011

အမေရိကန် အရှေ့ဘက်ပိုင်းတွင် နှစ်တစ်ရာ အတွင်း မကြုံစဖူး ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ၀ါရှင်တန် အထိမ်းအမှတ် မော်ကွန်းတိုင် အက်ကွဲခဲ့



အမေရိကန်နိုင်ငံ အရှေ့ဘက်ပိုင်းတွင် သြဂုတ် ၂၃ ရက်နေ့က ရာစုနှစ်တစ်ခု အတွင်း အပြင်းထန်ဆုံး ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ၀ါရှင်တန် အထိမ်းအမှတ် မော်ကွန်းတိုင် အက်ကွဲခဲ့သည်။ ငလျင်လှုပ်မှုကြောင့် နယူးယောက်ရှိ မိုးမျှော် အဆောက်အအုံများမှ အလုပ်သမား ထောင်ပေါင်းများစွာ ရွှေ့ပြောင်း ထွက်ပြေးခဲ့သည်။

အရှေ့ဘက် ကမ်းရိုးတန်းတွင် ငလျင် ကြီးကြီးမားမား လှုပ်မှုမှာ ကြုံတောင့်ကြုံခဲ ဖြစ်ပွားမှု ဖြစ်သည်။ ငလျင်လှုပ်ပြီးနောက် လူအများ ပြေးလွှားသွားလာမှုများသည် အယ်လ်ကေးဒါးများ တိုက်ခိုက်ခဲ့သည့် ဆယ်နှစ် ပြည့်တော့မည် ၉/၁၁ ဖြစ်စဉ်ကို ပြန်လည် ခံစားမှုများ ဖြစ်စေခဲ့သည်။

''၀ါရှင်တန် အထိမ်းအမှတ် မော်ကွန်းကျောက်တိုင်ရဲ့ထိပ်မှာ အက်ကွဲမှု ဖြစ်ခဲ့တယ်''ဟု အမျိုးသားပန်းခြံ လုပ်ငန်းမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး Bill Line က ၀ါရှင်တန်ပို့စ်သို့ ပြောကြားခဲ့သည်။ မျက်နှာလေးဖက်ရှိ ထိပ်ချွန်
မော်ကွန်းကျောက်တိုင်ကို အတိအကျ မသတ်မှတ်ရသေးသည့် အချိန်ကာလတစ်ခု အထိ ပိတ်ထားရမည် ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

အလုပ်သမား ထောင်ပေါင်းများစွာသည် ရုံးအဆောက်အအုံများမှ ထွက်ပြေးခဲ့ပြီး Manhattan ရှိ လမ်းများအတွင်း လူများပြည့်နှက်မှုများ ဖြစ်ခဲ့သည်။

ပြင်းအား ၅ ဒသမ ၈ ရှိ ငလျင်လှုပ်မှုမှာ အချိန် စက္ကန့် ၂၀ မှ ၃၀ အတွင်းသာ ရှိခဲ့ပြီး ဗာဂျင်နီးယားမြို့အောက်ဘက် ၃ ဒသမ ၇ ကီလိုအကွာကို ဗဟိုပြုပြီး လှုပ်ခဲ့ခြင်း ဖြစ်သည်။ ဘော့စ်တန်နှင့် ကနေဒါ အရှေ့ပိုင်း
ဒေသများတွင်လည်း ငလျင်ဒဏ် ခံစားခဲ့ရသည်။ပင်တာဂွန်၊ US Capitol နှင့် ၀ါရှင်တန်၏ အထိမ်းအမှတ် မော်ကွန်း ကျောက်တိုင်များမှာ ဘေးကင်းခဲ့သည်။

ငလျင်လှုပ်ချိန်တွင် သမ္မတ အိုဘားမားသည် မန်ဆာချူးဆက် ကမ်းခြေနှင့် မိုင် ၅၀၀ ကျော် အကွာတွင် ဂေါက်ရိုက်နေသောကြောင့် ငလျင်လှုပ်မှုကို မကြုံတွေ့ခဲ့ကြောင်း သိရှိရသည်။

ငလျင်ဗဟိုချက်မသည် ဗာဂျီးနီးယား၊ Richmond မှ ၃၈ မိုင်နှင့် ၀ါရှင်တန်မှ ၈၄ မိုင် အကွာတွင် ရှိကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယခု ငလျင်သည် ၁၈၉၇ ခုနှစ်ပြီးနောက်
ဗာဂျီးနီးယားပြည်နယ်တွင် အင်အား အကြီးဆုံး ငလျင် ဖြစ်သည်။

http://www.weeklyeleven.com/

5 comments:

တောက်ပကြယ်စင် said...

ဘေးဘယာ ကင်းဝေးကြပါစေ...(အိုဘားမား ဂေါဖ်ရိုက်တာ ကျင်းထဲဝင်လား မသိ) ဟာ ဟ။ ကျန်းမာပျော်ရွှင်ပါစေ မိုးယံရေ။

သူကြီးမင်း (တုံးဖလား) said...

ဒေးဗစ်ကင်မရွန်း ဟောလီးဒေးမှာ အင်္ဂလန်မှာ ဆူပူမှု ဖြစ်၊ အိုဗားမား အပန်းဖြေနေစဉ်မှာ ငလျင်လှုပ်နဲ့...

အင်းးး သူကြီးမင်းတို့ ရွှေနိုင်ငံမှာ ဟောလီးဒေးကာလ မဟုတ်ပေလို့ တော်ပါသေးရဲ့။း))

ခင်မင်လျက်

ဟန်ကြည် said...

ကင်းခြေများ ခြေထောက်တစ်ချောင်းကျိုးတာ အရေးမကြီးဘူး ကမိုးယံ...သူတောင်းစားခွက်ပျောက်မှာပဲ စိုးရတယ်...ဒါမျိုးကြီးသာ ရွှေပြည်ကြီးကို ရောက်လာလို့ကတော့ မြတ်စွာဘုရား...အင်း...သူတောင်မှ ကယ်ဖို့ တော်တော်စဉ်းစားယူရမယ်...

လသာည said...

မိုးယံ
ငလျင်ဆိုတာ မြင်လိုက်လို့ အပြေးလာကြည့်တာ။ အားလုံးဘေးဘယာ ဝေးကွာကြဖို့ ဆုတောင်းမိတယ်။
သတင်းအတွက် ကျေးဇူးတင်ပါတယ်။

မဒမ်ကိုး said...

အင်း .....2012 ရဲ့ နမိတ်တွေတကယ်ဖြစ်လာကုန်တာလားမသိး(
အားလုံး ဘေးကင်းကြပါစေ