Thursday, October 7, 2010

မုန်တိုင်းကြောင့် ကမ်းတင်ခဲ့သည့် သမီးလှသင်္ဘောကို ထိုင်းနိုင်ငံသို့ စတင်ပြေးဆွဲ

Cosmic Leader သင်္ဘောကို ပြန်လည်ပြင်ဆင် အသုံးပြုနိုင်ရန် အတွက် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းက ၂၀၀၉ခုနှစ် မတ်လ အတွင်း၌ ရန်ကုန်ဆိပ်ကမ်းသို့ ပြန်လည်ဆွဲယူ နိုင်ခဲ့ပြီးနောက်တွင် MV Cosmic Leader မှ သမီးလှ အမည်သို့ ပြောင်းလဲ အမည်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းသို့ ဆွဲယူနိုင်ခဲ့ပြီးနောက် သမီးလှသင်္ဘော အား ကျင်းတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရာတွင် လက်ရှိ၌ ပြင်ဆင်မှုများ ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အောက်တိုဘာလ ၁ ရက်နေ့တွင် သမီးလှသင်္ဘော၏ ပထမဦးဆုံး ခရီးစဉ်အဖြစ် ထိုင်းနိုင်ငံက ရာဘီဆိပ်ကမ်းသို့ ကုန်တင် သင်္ဘောခရီးစဉ်စတင် ပြေးဆွဲသွားကြောင်း သိရသည်။

"ရန်ကုန်ကနေ ထိုင်းနိုင်ငံ ကရာဘီဆိပ်ကမ်းကို စပြီးပြေးတယ်လို့ သိရတယ်။ ဘိလပ်မြေတင်မယ်လို့လည်း သိရပါတယ်။ နောက်ပိုင်း တခြားခရီးစဉ်တွေကိုလည်း တိုးချဲ့ ပြေးဆွဲဖို့ရှိတယ်လို့လည်း သိရပါတယ်" ဟု သမီးလှသင်္ဘောနှင့် နီးစပ်ရာ အသိုင်းအ၀ိုင်းမှ သင်္ဘောသားတစ်ဦး က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ အခြေစိုက် Eastern Car Liner(ECL) ကုမ္ပဏီပိုင်ဖြစ်ခဲ့သော သမီးလှသင်္ဘောမှာ ၁၉၉၁ ခုနှစ်က တည်ဆောက်ခဲ့သည့် ဂျပန်နိုင်ငံလုပ် သင်္ဘောဖြစ်ကြောင်း သိရသည်။ တန်ချိန် ၉၈၀၁ တန် ရှိပြီး အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးရှိကြောင်းလည်း သိရှိရပါသည်။

0 comments: