Saturday, October 9, 2010

☞ ဆရာအောင်သင်းရဲ့ စာပေဟောပြောပွဲ ☜

ဆရာဟာ အမှန်တရားကို လက်ကိုင်ထားပြီး လူငယ်များကို ကောင်းမွန်စေတဲ့ စေတနာနဲ့ ပြောတဲ့ အတွက် သူပြောသမျှ စကားတိုင်းဟာ လူငယ်များကို အသိပညာ တိုးပွားစေလို့ ပြီးအောင် နားထောင် ကြည့်ကြပါ။ နားထောင်ပြီးတာနဲ့ ကျွန်တော်တို့ ပုခုံးပြောင်း တာဝန် ယူကြရမယ့် အချိန်အခါကို ရောက်လာပြီ ဆိုတာကို သေချာ သိရှိနားလည် လာပါလိမ့်မယ်။ ဗိုလ်ချုပ် အောင်ဆန်း အကြောင်း ပြောထားတာကလည်း စိတ်ဝင်စားစရာ ကောင်းသလို မျက်ရည် ကျမိ လောက်အောင်ကို ဗိုလ်ချုပ်ရဲ့ စေတနာကို ပိုမို သဘောပေါက် လာမိပါတယ်။ ပညာနဲ့ ဥစ္စာ ဘယ်အရာကို အရင် ရှာရမလဲ မေးမြန်းတတ်တဲ့ လူငယ်များကိုလည်း အတွေးအခေါ် မှန်ကန် လာအောင် လမ်းညွှန်ပြသ ထားပါတယ် ။ ဆရာရဲ့ လူငယ်များ အပေါ် မှာ ထားရှိတဲ့ စေတနာကို ကိုယ်တိုင် သိမြင် ခံစားနိုင် သလို သမိုင်းကြောင်း အမှန်အချို့ကိုလည်း သိမြင် လာကြစေဖို့ စေတနာနဲ့ ကူညီ ဖြန့်ဖြူး ပေးပါလို့ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည် ။

ခင်မင် လေးစားလျှက်
ဗမာ့သွေး




Download link : Link

ကဲဒီတစ်ခါတော့ ဇွန်ငယ်မိုး ဆိုဒ် ကနေ မ လာတယ်ဗျို့။

6 comments:

rosary said...

Thanks and let me share in my face book...May I?

မိုးယံ said...

Dear rosary စာအုပ်မျက်နှာ မှာ ပြန်ဖြန့် မယ်ဆိုလား။ လုပ်ပါဗျာ။ ကျေးဇူးလဲတင်ပါတယ်။ အနော်လဲ သူများဆီက ယူလာတာပဲလေ ဒါလို စကားမျိုးတွေကို လူငယ်တွေ နားထောင် လိုက်နာ သင့်တာပဲ။

သိမြင် လာကြစေဖို့ စေတနာနဲ့ ကူညီ ဖြန့်ဖြူး ပေးပါလို့ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည် လို့ မူလ နေရာမှာဆိုထား တဲ့အတိုင်းပါခင်ဗျာ

ကိုဇော် said...

ကောင်းတယ် ညီရေ...
ကျေးဇူးပဲ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာအောင်သင်းဟောပြောတာတွေ အမြဲနားထောင်ဖြစ်တယ်
ခုလဲ သေချာနားထောင်ပါဦးမယ်..
ပြန်မျှဝေပေးတာ ကျေးဇူးမောင်လေး

Anonymous said...

ရောက်ခဲ့ပါတယ်ရှင်။ Thanks for sharing..:)
လေးစားအားကျရသူတွေထဲမှာ ဆရာအောင်သင်းလဲ
အပါအဝင်မို့ ....မျှဝေပေးတဲ့ စာရေးသူ သင့်ကို
ကျေးဇူးအထူးတင်လျှက်...ခင်မာလာအောင်..:)

မြစ်ကျိုးအင်း said...

နားထောင်လိုက်အုံးမယ်။
အလွယ်တကူ နားထောင်လို့ရအောင် ရှာဖွေ တင်ပေးတာ ကျေးဇူးပါဗျာ