နာမည်ကြီး စိတ်ဓာတ်လှုံ့ဆော်ရေး ဆရာတစ်ယောက်က သူ့ရဲ့ ပရိတ်သတ်ကို ဖျော်ဖြေနေစဉ်မှာ ဖြစ်ပါတယ်...
“ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေကို ကျွန်တော့်မိန်းမ မဟုတ်တဲ့
အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ပါတယ်....”
ပရိတ်သတ်ကြီးလည်း အံ့သြမှင်သက်စွာ တတ်ဆိတ်သွားကြပါတယ်...
တဖန် သူက ဆက်၍ “ အဲဒီအမျိုးသမီးကတော့ ကျွန်တော့ မိခင်ပါပဲ”
လက်ခုပ်သံနှင့် ရီမောသံများ မိုးလုံးညံခဲ့ပါတယ်....
တပတ်ကြာပြီးနောက်... အဲဒီဆရာရဲ့ သင်တန်းသား ထိပ်တန်းမန်နေဂျာတစ်ယောက်ဟာ
ဒီ ဟာသကို သူ့အိမ်မှာ ပြန်ဖောက်သည်ချဖို့ ကြိုးစားပါတယ်..
အဲဒီအချိန်က သူနဲနဲ မူးနေခဲ့တယ်...
သူ အသံမြှင့်ပြီး ညစာပြင်ဆင်ပေးနေတဲ့ သူ့မိန်းမကို အော်ပြောလိုက်တယ်....
“ကျွန်တော့်ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေကို ကျွန်တော့်မိန်းမ မဟုတ်တဲ့
အမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ဖြတ်သန်းခဲ့ပါတယ်....”
သူ့မိန်းမလည်း အံ့သြလွန်းလို့ ဘာမှ မပြောနိုင်ပဲ ဆွံ့ အ သွားခဲ့တယ်...
သူလဲ သူ့ဟာသကိုဆက်ဖို့ စကားလုံးကို ကြိုးစားရှာဖွေပေမယ့် စက္ကန့် ၂၀ လောက်ကြာတဲ့အထိ စဉ်းစားမရခဲ့ဘူး...
နောက်ဆုံးသူပြောလိုက်တာက
“အဲဒီ အမျိုးသမီးဘယ်သူလဲ ငါ မမှတ်မိတော့ဘူး”
သူ ပြန်သတိရလာတဲ့အခါ သူသိလိုက်တာက ရေနွေးပူလောင်တဲ့ဒဏ်ရာကြောင့်
ဆေးရုံပေါ်က ကုတင်ပေါ်မှာရောက်နေတယ် ဆိုတာပါပဲ
ကဲ....... သူငယ်ချင်းတို့လဲ ....
Don't copy if you can't paste!
မပိုင်ဘူးထင်ရင် ခြင်မရိုက်ကြပါနဲ့...
paste လုပ်နိုင်မယ် မထင်ရင် အစထဲက copy မလုပ်ကြနဲ့နော်...
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
4 days ago

4 comments:
ခေါင်းစဉ်က "copy and past" တဲ့
အမှန်က 'copy and paste ' မဟုတ်ဘူးလား
သိပ်မှန်တာပေါ့ paste လုပ်မယ်ဆိုရင် သေချာမှ လုပ်သင့်တာပေါ့လေ
LOL n just share to my hubby.
ဟားဟား ရီရတယ် မိုးယံရေ
ကျေးဇူး
ရွှေစင်ဦး
ဟာ့ဟားဟား
ဟာသကို ပြန်ဖောက်သည်ချချင်တဲ့ သူ။
သူ့မိန်းမက မရီနိုင်ပဲ။
ကျွန်မတို့က အပြတ်ရီရတာပေါ့။
Post a Comment