Wednesday, October 20, 2010

ချစ်သူများသတိပြုရန် စေတနာဖြင့်


ချစ်သူများ အထူးသဖြင့် ယောကျာင်္းလေးများသတိပြု၇န် ။ ရှောင်ရှားရန်အတွက် ကျွန်တော် စေတနာ ဖြင့်ရေးသား အပ်ပါသည်ခင်ဗျာ။သည်အဖြစ်အပျက်သည် အမှန်တကယ်ကျွန်တော့ သူငယ်ချင်းရဲ့ အဖြစ်မှန် ဖြစ်ပါတယ်။ကျွန်တော် ပြောချင်တာက အခုတင်ထားသည့် ကောင်မလေးသုံးယောက်စလုံး သည်ချစ်သူရည်းစား ရှိပြီးသား ယောကျာင်္းလေးများ အကောင့်ကိုအပ်၍ သူတို့ဘာသာ မိတ်ဆက်ပြီး သူငယ်ချင်းအနေ နဲ့စကား ပြောပါသည်။
ကျွန်တော်သူငယ်ချင်းကလဲ သူငယ်ချင်းကို ခင်တတ်မင်တတ် သဖြင့် ခင်ခင်မင်မင်နဲ့ ပြန်ပြောပါသည်။ထို့နောက် အပြင်မှာတွေ့ ဖို့  သူ ကပဲစပြီး လာခဲ့ပါမည်ဟုပြောသည်။ ကျွန်တော့်သူငယ်ချင်းကလဲ ငါအားရင်လာခဲ့ မယ် ငါ့ ကောင်မလေးပါခေါ်လာခဲ့ မည်ပြောသည်
သူကခေါ်မလာပါနဲ့ပြောတော့ ကျွန်တော့ သူငယ်ချင်းကငါမလာတော့ ဘူးဟာ တော်ကြာနင်နဲ့ တွေ့တာ ငါ့ ကောင်မလေး တစ်မျိုးထင်အုံးမယ် ပြောပြီး မလာတော့ပါ. ထို့နောက် ကျွန်တော့်သူငယ်ချင်း လုပ်နေသော အင်တာနက် ဆိုင်တွင် မကြာခဏသူ့သူငယ်ချင်းများနဲ့သုံးပါသည်။ ကျွန်တော့ သူငယ်ချင်းကတော့မျက်မှန်း တမ်းမိ နေသော cutomers ဖြစ်နေသဖြင့် ဖော်ဖော်ရွေရွေ ဆက်ဆံပါသည်။ ထို့နောက်ကျွန်တော့် သူငယ် ချင်းကို ငါနင့်ကောင်မလေး မေးလ်ကို သိချင်တယ်ဟု ပြောသဖြင့် အေးသိချင်ရင် နင်အပ်လိုက်လေ ငါ့ကောင်မလေးက သဘောကောင်းပါတယ်ဟ ပြောပြီး ကျွန်တော့် သူငယ်ချင်းက သူ့ကောင်မလေးမေလ်ကို ပေးလိုက်သည်...
ထို့နောက် ကျွန်တော့်သူငယ်ချင်း၏ ကောင်မလေးအကောင့်ကိုအပ်ပြီး သူနဲ့ သိတဲ့ အကြောင်း သူ့ သူငယ်ချင်း ကောင်မလေးနဲ့လဲ ကျွန်တော့် သူငယ်ချင်းကြူတဲ့ အကြောင်း VZO ပြောတဲ့ အကြောင်း သူ့ သူငယ်ချင်း ကောင်မလေးရဲ့ ပုံနဲ့  email address ပါ ပေးပြီး မဟုတ်မမှန် လီဆယ်ကာ ဂုံးတိုက်ပါတော့ သည်။ ကျွန်တော့်သူငယ်ချင်းရဲ့ ချစ်သူကလဲ ဒီအမကြီးပြောတာ မှန်နိုင်သည်။အထောက်အထား ပြည့်စုံ သည်ဟုဆိုကာကျွန်တော့ သူငယ်ချင်း ကို ကွိုင်ရှာပါတော့ သည်။အမှန်မှာ ကျွန်တော့် သူငယ်ချင်းသည် သူ့ အင်တာနက်ဆိုင်တွင် လာသုံး သည့်သူမမှလွဲပြီး သူမနဲ့ ပတ်သက် သည့်မည့်သည့် သူငယ်ချင်းမိန်းကို လေးကိုမှမသိပါ။ မြင်လဲမမြင်ဘူးပါ။ သူမသည် ကျွန်တော့်သူငယ်ချင်းနဲ့ သူ့ ချစ်သူတို့ ချစ်ကြသည် ။ ချစ်ကြသည်မှာလဲ ၅နှစ်ကျော်ပြီ ကို မနာလိုမရှုစိတ်နဲ့  ယုတ်မာသည့် အကြံနဲ့  ကျွန်တော့် သူငယ်ချင်းစုံတွဲကို သွေးထိုးခြင်းဖြစ်ပါသည်။

ကျွန်တော့် သူငယ်ချင်းနဲ့ သူ့ ချစ်သူ ရန်အကြီးအကျယ်ဖြစ်၍ နှစ်ဘက်မိဘသိသည့်တိုင်စကားများ ကြရပါသည်။
ကျွန်တော့် သူငယ်ချင်းကလဲ ငါမှန်တယ် ဘယ်သူနဲ့ မဆို ကြိုက်တဲ့ နေရာမှာ ရှင်းရဲတယ်။အဲ့ ဒီမဟုတ်မမှန်တာ ကိုပြောတဲ့ မိန်းကလေးရော သူနဲ့ ဖောက်ပြန်ပါတယ်ဆိုတဲ့  ကာယကံရှင်မိန်းကလေးပါခေါ်လာခဲ့  အချိန်မရွေး ရှင်းလို့ရတယ်လို့ စိန်ခေါ်ခဲ့ပါသည် ။ အင်မတန်မှ ယုတ်မာသော အကျိုးမရှိသော မိန်းမယုတ်များရဲ့ လုပ်ရပ် ဖြစ်ပါတယ်။
ကျွန်တော့် သူငယ်ချင်းကလည်း သူ့ ဘက်ကမှန်ရင် နောက်မဆုတ်တဲ့လူမျိုးဖြစ်ပါတယ်။အဲ့ ဒါနဲ့ သူကောင်မလေး ကလဲ စိတ်နုတော့ ဒီအမကြီးရဲ့အထောက်အထားက ခိုင်လုံတယ်ဖြစ်နိုင်တယ်ဆိုပြီး တယူသန်သတ်မှတ်ပြီး စကား များ၍ သူ့ ကောင်လေးအိမ်မှစိတ်လိုက်မာန်ပါပြန်သွားပါတယ်။
လမ်းမှာ သူ့ကောင်မလေး Car Accident ဖြစ်၍ ဆေးရုံတင် လိုက်ရပါတယ်။ သူ့ ကောင်မလေးကလဲ မွေးကတည်း ကနှလုံးရောဂါ အခံရှိ၍ အသက်အန္တရာယ်စိုးရိမ်ရကြောင်း နှလုံး အစားထိုးကုမှသာ အသက် ရှည်ရှည် နေနိုင်မည်ဖြစ်ကြောင်း နှလုံးအထူးကု ဆရာဝန်ကြီးများက ပြောပါတယ် ။ ခုတော့အပြစ်မဲ့တဲ့ ကောင် မလေးခမျာ ဆေးရုံကဆင်းလာသည့်တိုင် နှလုံးရောဂါနှင့် အိပ်ရာပေါ်မှာ ဗုံးဗုံးလဲနေရပါတယ် ။ဆေးနဲ့သာ အသက်ဆက် နေရပါတယ်။
အဲ့ ဒီ ဂျောက်ချတဲ့ မိန်းကလေးနဲ့ တိုက်ရိုက်ရှင်းဖို့  သွားတော့  အဲ့ ဒီမိန်းကလေးက ရှောင်နေပါတယ်။ ကျွန်တော် ပြောချင်တာက လူတစ်ဖက်ကို ဒုက္ခရောက်နိုင်သည့်အထိ ပျက်ရယ်ပြု ချောက်ချခြင်းမပြုမိဖို့ပါပဲ။ အားလုံးကျွန်တော့် ဒီဆိုဒ်မှညီအကိုများ ကိုသတိပေး ။ သတိထားရမယ့်အနေနဲ့အဲဒီ မိန်းမယုတ်များရဲ့ ဓါတ်ပုံနဲ့ သူတို့ရဲ့မေးလ်ကို ထည့်ပေးလိုက်ပါမယ် ။ အွန်လိုင်းမှာတောင် အန္တရာယ်ရှိကြောင်း အခုမှပဲ သိလာ တော့တယ်။ အားလုံးပဲချစ်သူများ ကြားစကားကိုမယုံဘဲ တစ်ယောက်ကို တစ်ယောက်သစ္စာရှိရှိနဲ့ ယုံယုံကြည်ကြည် နေပေးကြပါလို့ ..........
အဓိက ချောက်တွန်းသူမိန်းမရဲ့  email address မှာ pannei09@gmail.com ကျွန်တော့ သူငယ်ချင်းနဲ့ ဖောက်ပြန်ပါ သည်ဟု မဟုတ် လီဆယ်ပြောသော မိန်းမရဲ့ email address မှာ aquamarine001985@gmail.com

အထက်ပါပုံများမှာ အပေါ်ဆုံး ခလယ်ကပုံမှာ pannei09@gmail.com ဖြစ်ပြီး သူမရဲ့ ညဘက်က အသားဖြူဖြူ နားဆွဲနဲ့ ပုံမှာ aquamarine001985@gmail.com ဖြစ်ပါတယ်။
အားလုံး ပဲ ကျန်းမာကိုယ်စိတ်မြဲပါစေ မြန်မာချစ်သူအသင်းဝင် အပေါင်းတို့ ခင်ဗျာ။

သူ့က အဖြစ်မှန်ပြောတော့ တစ်ကယ်လို့ ယုံတဲ့ ကိုယ်က အဲလိုမိန်းမတွေကို စိတ်ပျက်မိသား။ အဲဒါလေး ပါပဲ ။ ဖတ်ပြီးတော့ ရင်ထဲမှာ တစ်မျိုးတော့ ခံစားရသား။ အဲနောက် ကံကောင်းတာကတော့ ကိုယ်က တစ်ကိုယ်ထဲ အဖော်မပါဆိုတော့ ဘူလူတွေ ဘာကြောကြော ဂျာ။ အေးချေးပဲ။ နာ ကွ။

9 comments:

စန္ဒကူး said...

ကြားရဖတ်ရ..နားမချမ်းသာပါလား...
ဘယ်သူအမှန်ဘယ်သူအမှားတော့ ပြောပိုင်ခွင့်မရှိဘူး.. ဒါပေမယ့် နေမကောင်းတဲ ကောင်မလေး အမြန်ကျမ်းမာပါစေ.. ချစ်သူချင်းပြန် အဆင်ပြေကြပါစေ။

စန္ဒကူး said...
This comment has been removed by the author.
Anonymous said...

ဟင်...
အဲလိုကြီးတွေလား...
ဒီတစ်ခါတော့ ကိုကိုမိုးကိုကျေးဇူးတကယ်တင်သွားပီ
လောလောဆယ်လဲ အဲလိုမျိုး ကြုံနေရလို့ပါ..။
ထပ်ပြောခဲ့မယ်..ကျေးဇူးဗျာ

အဖြူရောင်နတ်သမီး said...

အဲဒီလို တကယ်ဖြစ်ခဲ့တာ ဆိုရင်တော့ တော်တော်လေးကို စိတ်မကောင်းစရာပဲ..။
ရန်ညှိုးရန်စများရှိခဲ့လို့လား..။

အင်း...
ပြောသာ ပြောရတယ်...
အမတို့ပါတ်ဝန်းကျင်မှာလည်း ထိုနည်းတူ ပြဿနာမျိုးတွေ ကြားနေရပါတယ်..
အဓိက ကတော့ စိတ်ဓာတ်ပေါ့..

ရုပ်ကလေး ဘန်းပြပြီး သူများစုံတွဲတွေကို ဖျက်လိုဖျက်စီးလုပ်နေတဲ့ မိန်းခလေးမျိုး တွေ့ဖူးတယ်။
သူကြိုက်လို့ လုပ်တာလား ဆိုတော့လည်း မဟုတ်ပြန်ဘူး သူ့မှာလည်း
လက်ထပ်ရမယ့်ချစ်သူရှိပြီးသား။

သူ့အလှကိုမြင်ရင် ဘယ်လိုယောက်ျားမျိုးမဆို သူ့နောက်ကို ပါလာစေရမယ်ဆိုတဲ့ “စိတ္တဇ”ဆန်တဲ့ လုပ်ရပ်မျိုးကို လုပ်နေတဲ့ ကောင်မလေးတယောက်ကို တွေ့ဖူးတယ်။

သူ့ကြောင့် ပြဿနာတက်ခဲ့ကြတဲ့ စုံတွဲတွေကိုလည်း သနားတယ်..၊ အဲဒီလို မူမမှန်တဲ့ စိတ်ရှိတဲ့ သူ့ကိုလည်း သနားမိပါတယ်..။

အမလည်း မိန်းခလေးတယောက်မို့ ဘာမှသိပ်မပြောလိုပါ။
အင်း...လောကကြီး ဘာတွေဖြစ်နေပြီလဲ..။

ahphyulay said...

အော်...
အင်း.. မိန်းမ၊ မိန်းမ ...
ပုခက်လွှဲသောလက်တွေ ကမ္ဘာကိုလွှမ်းမိုးနိုင်သလို..
အဲ့ ဒီလက်တွေ ဖျက်ရင်လဲ ကမ္ဘာတောင်ပျက်နိုင်တယ်နော်။
သတိပြုရပါမယ်လို့ ။

ရွှေရတုမှတ်တမ်း said...

ဒါမျိုးလေးတွေ တေ့လိုက်ချင်တာ..အဲ...တွေ့လိုက်ချင်တာရေးတာ

Anonymous said...

အိုးကျူချင် သပ့ဆိုလည်းကျူပါလေ့ ကျူချင်တဲ့ယောင်္ကျားလေးတွေများတပုံကြီး ဘယ့်နဲ့ သူများကြားလိုက်ရှုတ်တာလည်းသိဘူး...တရုတ်ကားတွေထဲကလို သွေးကြွေးဆပ်စရာ ရှိလို့ ထင်တယ်...

blackကော်ဖီ said...

တော်တော်ကြောက်ဖို့ ကောင်းတာဘဲ.. သတိပေးတဲ့အတွက်ကျေးဇူးသူငယ်ချင်း...သိထားတော့ဆင်ခြင်လို့ ရတာပေါ့..ဟိုစုံတွဲတော့သနားပါတယ်...

ကိုဇော် said...

ဘာတွေဒုံးဟ..
အပြင်မှာ တွေ့ရင် ပိတ်တီးပစ်ချင်တယ်။