Wednesday, January 5, 2011

ဆယ်ကျော်သက်အရွယ်အမျိုးသမီးများ၌

eleven news က ရတဲ့သတင်းကို ကျွန်တော့် ညီမလေးများအတွက် တင်ပေးလိုက်တာပါ ..။

ကျွန်တော်တို့ယောက်ျားလေးတွေနဲ့တော့ တိုက်ရိုက်မပတ်သက်ပါဘူး ...။ ညီမလေးတွေအတွက်တော့ အထူးသတိပြုစရာပါ ...။


ပွင့်လင်းလာသည့် လူနေမှုပုံစံများကြောင့် ဆယ်ကျော်သက် အမျိုးသမီးငယ်များ၌ ဆီးလမ်းကြောင်း ပိုးဝင်သည့်ရောဂါဖြစ်ပွားမှု ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဆီးနှင့်ကျောက်ကပ် ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ ထံမှ သတင်းရရှိပါသည်။

"အနောက်နိုင်ငံက ယဉ်ကျေးမှုပုံစံတွေက ဒီကိုစီးဆင်းလာပါတယ်၊ တစ်ကိုယ်ရေ ကျန်းမာရေးသန့်ရှင်းမှု နည်းတာကလည်း ဆီးလမ်းကြောင်းမှာ အလွယ်တကူ ပိုးတွယ်တတ်ပါ တယ်။ နောက်ပြီး ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုကြောင့်
အမျိုးသားနဲ့အ မျိုးသမီးတွေ ရောယှက်ပြီး နေလာကြတယ်။ အဲဒီကနေတစ်ယောက်နဲ့
တစ်ယောက်ရောဂါတွေ ကူးစက်ဖြစ်ပွားလာပါတယ်။ ယဉ်ကျေးမှု ပြောင်းလဲတဲ့အခါမှာ Sex
life ကလည်း ပြောင်းလဲလာပါတယ်။ ငယ်ငယ် ရွယ်ရွယ်နဲ့ စောစောလိင်ဆက်ဆံမှု
ပြုလာကြတယ်။ နားမလည်သေးတဲ့အချိန် လိင်ဆက်ဆံမှုပြုတဲ့အခါ
သန့်ရှင်းမှုဆိုတာလည်း မရှိပါဘူး။ ဒါကြောင့် ဒီနောက်ပိုင်းမှာ
မိန်းကလေးငယ်တွေမှာ ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာတာပါ။ ရောဂါဖြစ်ပွားတဲ့
အသက်အရွယ်က လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ နှိုင်းယှဉ်ရင် အတူတူပါပဲ။ အရင်က အသက်
၁၅၊ ၁၆၊ ၁၇၊ ၁၈ တွေမှာ ရောဂါဖြစ်ပွားတာက သွေးရိုးသားရိုးဖြစ်ပွားပေမယ့်
အခုချိန်ကျတော့ အနေအထိုင် မဆင်ခြင်တာ၊ လိင်ဆက်ဆံဖော်များ သူတွေ၊
အရွယ်မတိုင်မီ လိင်ဆက်ဆံတာတွေကြောင့် ဖြစ်ပွားမှုနှုန်းမြင့် တက်လာတာပါ။
တစ်ခုရှိတာက ခန္ဓာကိုယ်တစ်နေရာရာမှာ ရှိတဲ့ ပိုးတွေက သွေးကြောတွေကနေ တစ်ဆင့်
ဆီးလမ်းကြောင်းဘက်ကို ရောက်ပြီး ရောဂါဖြစ်ပွားနိုင်တယ်"ဟု ဆီးနှင့်
ကျောက်ကပ် ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာဘုန်းမြင့်က ရှင်းပြသည်။


အရင်က အသက် ၁၅၊ ၁၆၊ ၁၇၊ ၁၈ တွေမှာ ရောဂါဖြစ်ပွားတာက သွေးရိုးသားရိုး ဖြစ်ပွားပေမယ့် အခုချိန်ကျတော့ အနေအထိုင်မဆင်ခြင်တာ၊ လိင်ဆက်ဆံဖော်
များသူတွေ၊ အရွယ်မတိုင်မီ လိင်ဆက်ဆံတာတွေကြောင့် ဖြစ်ပွားမှုနှုန်း မြင့်တက်
...

အမျိုးသမီးငယ်များတွင် ဆီးလမ်းကြောင်း ပိုးဝင်သည့်ရောဂါစတင် ခံစားရပါက ဆီးအောင့်ခြင်း၊ ဆီးကျဉ်ခြင်း၊ ဆီးထိုးခြင်း၊ ဆီးခဏခဏသွားခြင်းများ ဖြစ်ပေါ်တတ်ကာ ဆီးသွားရာတွင်
မကုန်သလိုဖြစ်ခြင်းလည်းရှိ တတ်ကြောင်း၊ မီးယပ်ချမ်းထခြင်း၊
အဖျားတက်ခြင်းများပါ တွဲ၍ဖြစ်ပါက လျင်မြန်စွာ ကုသရန် လိုအပ်ကြောင်း
သိရပါသည်။ တစ်ခါတစ်ရံဆီးထဲတွင် အနည်မှုန်များပါခြင်း၊ တစ်နည်းအားဖြင့်
ဆီးနောက်ခြင်း၊ ဆီရောင်ရဲ ကာဆီးထဲ၌ သွေးပါခြင်းများလည်း တွဲ၍ဖြစ်တတ်ကြောင်း
သိရှိရသည်။

ထို့ပြင် ဆီးလမ်းကြောင်း ပိုးဝင်သောရောဂါသည် မိန်းမကိုယ်လမ်းကြောင်း ပိုးဝင်သည့်ရောဂါနှင့် တွဲဖြစ်ပါက မိန်းမကိုယ်တွင် ပူခြင်း၊အဖြူ ဆင်းခြင်း၊ခါးအောက်ပိုင်းနှင့် ဆီးခုံဆီးစပ်တို့တွင် နာခြင်း၊ကိုက်ခဲခြင်း
တို့ပါတွဲ၍ ဖြစ်တတ်ကြောင်း သိရပါသည်။ သားအိမ်ယောင်ခြင်းကြောင့်
ဖြစ်ပေါ်သည့်အဖြူဆင်းခြင်းသည် ပုံမှန်လစဉ်အပြောင်းအလဲများကြောင့်
အဖြူဆင်းခြင်းနှင့်မတူညီ ဘဲပျစ်နှစ်ခြင်း၊ အ၀ါနုရောင်သန်း ခြင်း၊
အနံ့ပြင်းထန်ခြင်းများဖြစ်ပေါ် တတ်ကြောင်းသိရသည်။အထက်ပါ
လက္ခဏာများနှင့်ချမ်းခြင်း၊ ဆီး ခဏခဏသွားခြင်းများ တွဲ၍ ဖြစ်ပေါ် ပါက
မိန်းမကိုယ်လမ်းကြောင်းတွင် ပိုးဝင်ရင်း ဆီးလမ်းကြောင်း၌ပါ
ပိုးဝင်ခြင်းဖြစ်ကြောင်း သိရသည်။

"ဆေးကုသမှု ခံယူရင်လည်း ရောဂါပျောက်ကင်းတဲ့အထိ ဆေးပတ်လည်အောင်သောက်ဖို့ လိုအပ်ပါတယ်။ ပျောက်ကင်းအောင် မကုသရင် ရောဂါခဏခဏပြန်ဖြစ်ပြီး ကုသရခက်ခဲပါတယ်။ မိန်းမကိုယ် လမ်းကြောင်းထဲ
ပိုးဝင်တာနဲ့ဆီးလမ်းကြောင်းထဲ ပိုးဝင်တာတွဲဖြစ်ခဲ့လို့ ပျောက်ကင်းအောင်
မကုဘဲထားရင် ပိုးကကျန်နေခဲ့ပြီး သားအိမ်ခေါင်း၊ သားအိမ်ရောင်ရမ်းတာတွေ
ဖြစ်လာပါမယ်။ နောက်ဆက်တွဲ အနေနဲ့သား သမီးမရနိုင်တဲ့ အခြေအနေထိ
ဖြစ်ပေါ်နိုင်ပါတယ်"ဟု ဒေါက်တာဘုန်းမြင့်က ဆက်လက်ရှင်းပြခဲ့ပါသည်။

ရောဂါကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် လုံခြုံစိတ်ချမှုမရှိသည့် လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်း၊ အတွင်းခံကို နေ့စဉ်လျှော်ဖွပ် ၀တ်ဆင်သင့်ကြောင်း ကျန်းမာရေးဆိုင်ရာပညာရှင်များက ဆိုသည်။

1 comments:

...အလင်းစက်များ said...

အဟီး ရှက်ရှက်တွေ လျောက်ရေးတယ်... ဖတ်ရဲဝူး..