Sunday, January 9, 2011

မြန်မာနိုင်ငံ အမြွှာမွေးများအသင်း၏ ဒုတိယအကြိမ် တွေ့ဆုံပွဲကို ဇန်န၀ါရီလလယ်၌ ပြုလုပ်သွားမည် ဖြစ်ပြီး ရုပ်ချင်းအတူဆုံး အမြွှာတွဲပြိုင်ပွဲပါဝင်မည်

မြန်မာနိုင်ငံ အမြွှာမွေးများအသင်း၏ ဒုတိယအကြိမ်တွေ့ဆုံပွဲကို ဇန်န ၀ါရီလလယ်၌ ပြုလုပ်သွားမည်ဖြစ် ပြီး ရုပ်ချင်းအတူဆုံး အမြွှာတွဲပြိုင်ပွဲကိုပါ ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါအသင်း၏ ပထမအကြိမ် တွေ့ဆုံပွဲကို ၂၀၁၀ပြည့်နှစ်မေလ ၃ ရက်နေ့က မဟာသန္တိသုခတွင် ကျင်းပခဲ့ပြီး အမြွှာအတွဲပေါင်း ၅၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ယခု ဒုတိယအကြိမ် တွေ့ဆုံပွဲကို ရန်ကုန်မြို့ တောင်ဥက္ကလာ ပဒေသာအားကစားတွင် ကျင်းပသွားရန်စီစဉ်လျက်ရှိ ကြောင်း သိရပါသည်။

"ဒုတိယအကြိမ် တွေ့ဆုံပွဲကို ဇန်န၀ါရီလလယ်ပိုင်း လောက်မှာလုပ်ဖြစ်အောင် စီစဉ်နေပါတယ်။ ပြုလုပ် မယ့်နေရာအတွက်လည်း သက်ဆိုင် ရာကို စာတင်လျှောက်ထားပါတယ်။ ဒီအကြိမ်တွေ့ဆုံပွဲကအရင်တစ်ခေါက် ကတွေ့ဆုံပွဲထက် အမြွှာအတွဲပေါင်း ပိုများနိုင်ပါတယ်။ တွေ့ဆုံပွဲအပြင် အတူဆုံးအမြွှာ ရွေးချယ်ပွဲကိုပါထည့်သွင်း ပြုလုပ်သွားမှာပါ"ဟု အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးကပြော ပြခဲ့ပါသည်။

ရုပ်ချင်းအတူဆုံး အမြွှာပြိုင်ပွဲတွင် အမြွှာအမျိုးအစား လေးမျိုးဖြစ်သည့် ကျားစုံတွဲ၊ မစုံတွဲ၊ ကျားမစုံတွဲနှင့် သုံးမြွှာပူးစုံတွဲစသည့် အမြွှာအတွဲများ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း၊ အသက်အရွယ် ကန့်သတ်ချက်မရှိကြောင်းနှင့် ၀င်ရောက်ယှဉ်ပြိုင်မည့် အမြွှာအတွဲများအနေဖြင့် ဇန်န၀ါရီလ ပထမအပတ် နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံအမြွှာမွေးများ အသင်း ကို ၂၀၁၀ပြည့်နှစ်၊ မတ်လတွင် စတင် ဖွဲ့စည်းခဲ့ပြီး ပထမဆုံးအကြိမ် အမြွှာတွေ့ဆုံပွဲကို မေလ ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းနှင့် အသင်းဝင်လက်မှတ် ထုတ်ပေးသည့် ဦးရေ ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။ အသင်းဝင်လက်မှတ် မထုတ်ရသေးသည့် အမြွှာများအနေဖြင့်လည်း လက်မှတ်များ လာရောက်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း နှင့် လက်ရှိအချိန်တွင် အသင်းဝင် အမြွှာအတွဲပေါင်း ၁၂၀၀ ကျော် အထိရှိလာပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအမြွှာမွေးများအသင်းရှိ အမြွှာတွဲများစာရင်း

ရင်ချင်းဆက်အမြွှာ - ၁ တွဲ (အေးအေးငြိမ်း၊ အိအိငြိမ်း)

ကျားစုံတွဲ - ၂၁၅ တွဲ (၄၃၀ ဦး)

မစုံတွဲ - ၃၄၅ တွဲ (၆၉၀ ဦး)

ကျားမစုံတွဲ - ၁၀၅ တွဲ (၂၁၀ ဦး)

သုံးမြွှာပူးတွဲ - ၁၆ တွဲ (၃၂ ဦး)

http://www.news-eleven.com/

1 comments:

Aungnyc said...

လော က ကြီး လဲ ဖောက် ပြန် နေ ပြီ. က လေး တွေ မွေး တာ ကုလားဘုရား လိုပဲ လက် တွေ ခြေ တွေ အ များ ကြီး နဲ့ ပါ လာ။ ကျွန် တော် တို့ ညီ အ ကို နစ် ယောက် က လဲ အ မွှာ ပဲ . အဲ ဒီ လို မ မွေး တာ အ မေ ကျွှေး ဇူး ပါ။