Friday, October 1, 2010

ဒီကမ္ဘာ ပြည်မြန်မာ မင်းနဲ့ငါ

မွေးဖွားလာပြီး သေဆုံးချိန်အထိ

မျက်စိတစ်မှိတ်လေးပါပဲ

ခံစားရတဲ့ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿတွေ

ရပ်တည်ခဲ့တဲ့ အသက်နဲ့ယှဉ်လိုက်ရင် လူ့ငရဲဟာ

အတော်လေး ကြာပါကလား။

ဆုန်သင်းပါရ်ကတော့ ကမ္ဘာကြီးကျဉ်းတယ်ပြောတယ်

အခုလည်းကြားနေရတာ ကမ္ဘာက ရွာဖြစ်ဆိုလား

သေချာတာကတော့ ငါ့ပြည် ငါ့မြေ မပြန်နိုင်သေးပါကလား။

ဆက်သွယ်ရေးတွေ တိုးတက်တယ် တဲ့

အိုင်တီခေတ်တဲ့

မွေးသမိခင်ကို ဖုန်းဆက်တိုင်း ဖုန်းလိုင်းတွေပျက်နေသတဲ့

အမေ့သံကြားလို့ သာကြောင်းမာကြောင်း မေးတုန်းလေး

ဆက်သွယ်မှု ပြတ်တောက်ခဲ့တာကိုး။

စူဠလိပ်ကိုရေထဲလွှတ်ရင် ပြန်မပေါ်ဘူးလို့ ကြားဖူးတာပဲ

ဟုတ်လို့လား ။

အဲဒီကောင် အခု မြန်မာပြည်ရောက်နေတယ်

မသိကြသေးဘူးလား ဒီလောက်အွန်လိုင်းသုံးနေတာတောင်

အဲဒီကောင် လိုင်းပေါ်မှာရှိတယ်။

နင်ကတစ်ကမ္ဘာ ငါကတစ်နေရာ

ချစ်သူရေ တို့နှစ်ယောက်သစ္စာ

ပြည်မြန်မာ နေသာတဲ့ တစ်နေ့ ဆုံတွေ့လို့ ချစ်ပွဲဆင်ချင်

အခုတော့ နင်ကသွေးခဲမတတ် ခိုက်ခိုက်တုန်နေသလို

ငါကလဲ မိုးခေါင်တဲ့အရပ်မှာ အိုက်စပ်စပ်ပါ။

မိုးယံ (1.10.10)

8 comments:

နှင်းမိုး said...

ဘယ်သူမြန်မာပြည်ကိုရောက်နေတာလဲဟင်....း)
ကဗျာခံစားသွားပါတယ်ရှင်...
ခင်မင်စွာဖြင့်
နှင်းမိုးမိုး

ကိုဇော် said...

အဟား...
ဒါတောင်မှ ကဗျာ မရေးတတ်ဘူး လုပ်သေးတယ်။
အခုလိုကျတော့လည်း ဖြောင့်နေတာပါပဲလား။

Maung Myo said...

ပြည်မြန်မာ နေသာမှဆိုရင်တော့ နင်တို့၂ယောက်လုံး ဆံဖြူသွားကျိုးသွားမယ် ...... အဆင်သာမနှေး အကြင်နာတွေပေးရအောင် မြန်မြန်လေး မောင်း မိုးယံ ရေရရရရရရရရရရရရရရရး)

ငွေလမင်း said...

ပြည်မြန်မာ မှာ နေမသာရင် မတွေ့ဘူးလား ယုံဘူးယုံဘူး
အော် ဒါနဲ့ မေးစရာလေးရှိလို့ ဖြေပေးပါနော်
မစ္စတာ နဲ့ မစ္စစ် တို့ အလောင်းအစားလုပ်ထားတယ်
ကွန်မန့်တွေမှာ တွေ့ရတဲ့ မိုးယံ ဆိုတဲ့လူနဲ့ လူသားအားလုံး ကို ရေးနေတဲ့ မိုးယံက အတူတူလား မတူဘူးလား
နှစ်ကိုယ်ခွဲလား တစ်ကိုယ်ထဲလား နှစ်ကိုယ့်တစ်စိတ်လား
အလုပ်မရှိ အလုပ်ရှာပြီး အဲကိစ္စကို ငြင်းနေကြတယ်
အခု ကြေးကြီးကြီးနဲ့ လောင်းထားတယ် အားရင် ပြောပြပါ ဘယ်သူမှန်လဲသိချင်လို အိုကေနော်

Anonymous said...

အမယ်...
ဒါမျိုးကျတော့လည်း ကဗျာရေးကောင်းသား..။
ကဗျာလေးက ရသမျိုးစုံပေးနေသလိုပဲ
တရာသံလေးလိုလို ဆွေးမြည့်ရတော့မလိုလို..
လွမ်းရတေ့မှာလိုလို..
တတ်လဲ တတ်နိုင်တယ်..လူဇိုး:)

မြစ်ကျိုးအင်း said...

နေမသာလဲ ဆုံတွေ့နိုင်ကြပါစေ .............

ချော(အစိမ်းရောင်လွင်ပြင်) said...

နေမသာလဲ ဆုံတွေ့နိုင်ကြပါစေ .............