Wednesday, October 13, 2010

ငါ့မျက်လုံးတွေ ဖောက်ထုတ်ပစ်လိုက်မယ်

မြင်ရတွေ့ရ စိတ်မချမ်းသာလှ တာတွေကို ဆန္ဒတွေ စကားလုံးတွေကနေ စာရွက်ပေါ်ကို တစ်ယောက်တည်း ဖြန့်ကြဲ ပစ်တတ်တဲ့ အကျင့်ဆိုးကြောင့် သော့သွမ်းတဲ့ လက်သရမ်းတယ်ပဲ ဆိုဆို ဟော့ရမ်းတယ် ရူးနှမ်းတယ်ပဲ ပြောပြော ရေးထားမိတာ လေး ပြန်ပြန်ဖတ် ပြီး တစ်ခြားသူတွေ့ ဖတ်သင့်မဖတ်သင့် ချိန်နေရတာကို က ငြီးငွေ့ ဖွယ်ရာဖြစ်နေတော့ ဘာတွေညာတွေ မစဉ်းစားတော့ဘူး။ အဲဒါကြောင့်သည်စာ သည်နေရာကို ရောက်လာ တာပါ


ငါ့မျက်လုံးတွေ ဖောက်ထုတ်ပစ်လိုက်မယ်


ဗော်ကာ ( vodka) သောက်တတ်တဲ့ ဗမာမ ဆိုပြီး

ဂုဏ်ယူ မနေစမ်းပါနဲ့

များများသောက်ရင် သေစေနိုင်တဲ့

သေရည်တွေပါ။


ရှင်မတောင်အစစ်ကို မမြင်အောင်ပြစ်ပြီး

ပရိုမီနာ ( promina) ကို မညီမညာ ချယ်သထားတဲ့

နင့်ရဲ့ မျက်နှာက

ရေခဲတိုက်ထဲက ၀ိဥာဉ်မဲ့အဘွားအိုကြီးလို။


လိုလိန်း( lolane) ဆိုးထားတဲ့ နင့်ဆံပင်တွေက

ပန်းရံသမ အုတ်ခဲ ရွက်ထားတဲ့ ဆံနွယ် အလှကို

ငေးမောနေလေရဲ့။


ခေတ်ပေါ် တရုတ်မလေးတွေကို အားကျထားတဲ့

နင့်ရဲ့ ဘောင်းဘီတိုက

အကွက် အစက်တွေနဲ့ နင့်ပေါင်ညိုညစ်ညစ်ကို

ကြော်ငြာ ထိုးသလို။


ရင်ဖုံးအင်္ကျီ ပိတုန်းရောင်ကေသာရှည်

ပုံတော်ဖိနပ်စီးပြီး ချိတ်ထမီနဲ့

ယဉ်ယဉ်းလေး လှတဲ့ လုံမငယ်

ဒါတွေကို ခေတ်နောက်ပြန်မဆွဲပါနဲ့တော့။


နင့်ခန္ဓာကို အလှပြင်ပေးမယ့်

ဂျိန်းဖောင်ဒါ( jane fonda)အနားမှာမရှိလို့ငိုမနေနဲ့

ဖက်ရှင်တီဗွီ ဖွင့်ကြည့်ပြီး အားကျမနေနဲ့

တစ်ကယ်ဆို နင်က

စည်ပိုင်းကို အ၀တ်ပတ်ထားတဲ့ မိန်းမ။


ဈေးပေါပေါ အလှပြင် ပစ္စည်းတွေ အတွက်

အချိန်နဲ့ ငွေတွေ ဖြုန်းခဲ့ပြီးမှ

ကိုယ်လုံးပေါ် မှန်တစ်ချပ် ၀ယ်ဖို့ မေ့နေခဲ့သလား

ဂရုတစိုက် မြင်လိုက်မိတဲ့ ငါ့မျက်လုံးကိုပဲ

ခပ်ကြမ်းကြမ်း ဖေါက်ထုတ်ပစ်လိုက်ချင်တယ်။

မိုးယံ (9.10.2010)


8 comments:

ကိုကိုးအိမ်(မန္တလေး) said...

ကိုမိုးယံရေ မိန်းမတွေကြားရင်တော့ ထိုင်ငိုတော့မှာပဲ.. ဟီး ပေါင်ညိုညစ်ညစ်ကိုကြော်ငြာထိုးရင်တော့ ကြည့်ဘူး ကိုရီးယားကားထဲက ကင်တေဟီးဆိုရင်တော့ ကြည့်တယ်.. ကြော်ငြာဆို ပိတ်ပဲ.... ခွိခွိ

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

ငွေလမင်း said...

တကယ်ကြီး မျက်လုံးဖောက်မှာလား
ဘာနဲ့ ဘလော့ဂ် ဖတ်မတုန်း

ကိုဇော် said...

လျော့...လျော့...ဒီတစ်ယောက်လည်း ဒေါသတွေ အတော်များနေပြီ။

Myanmar Good Knowledg Co., Ltd said...

ရက်စက်ပါ့

blackကော်ဖီ said...

မိုးယံရေ... ဘလော့ဒ်ဂါတွေက အမျိုးသမီးတွေများတယ်နော် သတိလဲထားဦး။ ဇာဂနာ ပြက်လုံးတစ်ခုလိုပေါ့။ မှန်တိုင်းလဲမကောင်းဘူး။

သူကြီးမင်း (တုံးဖလား) said...

ဟောဗျာ... ပေါက်ကွဲနေတာကိုးးး။ ဧကန္တကတော့ စည်းနှစ်ခုကြားကို ညှိဖို့ခက်ခဲနေတာထင်တယ်။ စာထဲက အမျိုးသမီးကတော့ ဒီစာကိုဖတ်ပြီး အတော်လေး ၀မ်းသာရှာနေတော့မှာဘဲ။ ချီးကျူးဂုဏ်ပြုထားတာများလို့လေ။း))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

အကိုတော်..အရက်မပြောနဲ့ ဝိုင်တောင်မသောက်ဘူး...နားရက်တိုင်းသနပ်ခါးကိုတကိုယ်လုံးလိမ်းတယ်...ဆံပင်ကိုဆေးလုံးဝမဆိုးဘူး..ဘောင်းဘီတိုလည်းမ၀တ်ဘူးလူက၀ လို့ ...ဒါပေမဲ့ပေါ့...အစားကြီး၏...အလုပ်သွားရင်လိုရှင်းလိမ်းတယ်..အဲယားကွန်းနဲ့ အသားအရည်ခြောက်မှာစိုးလို့ ဆံပင်ကိုပေါင်းတင်တယ်...စကပ်တော့ဝတ်တယ်....စဉ်းစားကြည့်ရင်အကို့ ကဗျာတည်းကကောင်မလေးက အကုန်အကျသက်သာပါတယ်...ဖြူ့ ဦးလေးပြောသလို့ ပေါ့..မြို့ သူတွေဆို အသုံးအဖြုန်းကြီးတယ် ဆိုပြီးငါတောသူယူမှ ပိုဆိုးတယ်တဲ့..သူပါတိပ်ဖိုးကသောင်းဂဏန်းအထက်..ဘာမှမပူစာပါဘူးတဲ့...ရွှေတော့တစ်လတစ်ခါလုပ်ပေးနော်တဲ့ ဟင်းဟင်း

အုပ်ကြီး said...

ထုံးစံအတိုင်း ..
မမြင်ချင်ယောင်ဆောင်သွား လိုက်မယ်ဗျာ..
မျက်စိတော့ မဖောက်ရဲဘူးဂျ ..