Sunday, October 17, 2010
ကမ္ဘာ့လက်ဆေး ပွဲတော်နေ့ကို နေရာပေါင်း ၅၄ နေရာ၌ တစ်ပြိုင်နက် ကျင်းပ ........
ကမ္ဘာ့ လက်ဆေးပွဲတော်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ၌ တိုင်းနှင့်ပြည်နယ် ၁၅ ခု၊ နေရာပေါင်း ၅၄ နေရာတွင် အောက်တိုဘာ လ ၁၅ ရက်နေ့က တစ်ပြိုင်နက် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
ကမ္ဘာ့ လက်ဆေးပွဲတော်နေ့ကို မြန်မာနိုင်ငံ၌ ကျန်းမာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဦးစီးဌာန ၂၀၀၈ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး အလားတူပင် လူမှုအသိပညာဖွံဖြိုး တိုးတက်ရေး ၀န်ဆောင်မှုအသင်းမှ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တွင် ပါဝင်လှုပ်ရှားမှုပြုခဲ့ကြောင်း သိရှိရပါသည်။
ယခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့၌ ကျန်းမာရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် လူထုထောက်ကူပြု အကျိုးဆောင်လူငယ်ဦးရေ ခုနှစ်သောင်းကျော်သည် မြန်မာနိုင်ငံရှိ အနယ်နယ် အရပ်ရပ်တွင် လက်ဆေး ခြင်းဖြင့်ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ လက်မဆေးခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများကို ပညာပေးမှုနှင့်အတူ လက်ဆေးပွဲတော်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
" မြန်မာနိုင်ငံအနေနဲ့ ၁၉၈၆ ခုနှစ်ကတည်းက စီမံချက်တစ်ရပ် အနေနဲ့ ဆောင်ရွက်နေတာပါ။ မြို့ ကြီးတွေသာမက ကျေးလက်တွေအထိ အသိပညာရရှိစေဖို့ ရည်ရွယ်ပြုလုပ် ဖြစ်ပါတယ်။ စေတနာ့ဝန်ထမ်း တစ်ယောက်ကို အိမ်ခြေ ၃၀၊ လူဦးရေ ၁၀၀တာဝန်ယူပြီး ကျန်းမာရေး လမ်းညွှန်မှုတွေ ပြုလုပ်ပါတယ်။ စီမံချက်ဆောင်ရွက်တဲ့အခါမှာ အများစုက အသိပညာရရှိလာပေမယ့် အသိနဲ့အတူ သတိတရားပါ တွဲရှိဖို့လိုအပ်ပါတယ်။ လက်ဆေးဖို့ အသိတရား ရှိပေမယ့် လက်ဆေးဖို့အတွက်ပစ္စည်း ကိရိယာစုံလင်မှု၊ သတိတရားရှိဖို့တွေ လိုအပ်ပါတယ်။ ဒီလို အသိတရားတွေရှိဖို့ ဆက်လက် ဆောင်ရွက်သွားမှာပါ"ဟု ကျန်းမာရေးဝန်ကြီး ဌာန၊ ဗဟိုကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာခင်မောင်လွင်က ရှင်းလင်း ပြောကြားခဲ့ပါသည်။
ကမ္ဘာ့တစ်ဝှမ်း၌လည်း လက်ဆေးပွဲတော်ကို တိုက်ကြီးငါးတိုက်၊ နိုင်ငံ ၈၀ ကျော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ဆေးဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်းသည် ရိုးရှင်းသော ရောဂါကာကွယ်နည်းဖြစ်ပြီး လက်ကိုစင်ကြယ်စွာ ဆေးခြင်းဖြင့် ကူးစက်ရောဂါများဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်း၊ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုကိုလည်း လေးဆယ်ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ကြောင်း သိရသည်။
Posted by
မောင်စေတနာ
at
7:08 PM
Email ThisBlogThis!Share to TwitterShare to FacebookShare to Pinterest
Labels:
မြန်မာ သတင်း
Subscribe to:
Post Comments (Atom)
1 comments:
ညီလေးေ၇
ကိုယ်လဲ မြန်မာပြီး မပြန်တာကြာပြီ
ငယ်ငယ်က တော့ တိုင်း၇ခု ပြည်နယ်၇ခု အခု ဒီပို့စ်ဖတ်လိုက်မှ ပဲ ပြည်နယ်နဲ့ တိုင်း၁၅ ခုဖြစ်နေတာ
ကိုယ်မရောက်ဖြစ်တဲ့အချိန်မှာများ တစ်ခု တိုးသွားတာလား ဒါဆိုရင် ပြည်နယ်တိုးတာလား တိုင်းတိုးတာလား ဒါမှ မဟုတ်တရုတ်တိုးတာလား:P
ခင်မင်လျက်
Post a Comment