Thursday, October 21, 2010

မြန်မာနိုင်ငံတော် အလံ ပြောင်းလိုက်ပြီ





ယနေ့ မွန်းလွဲပိုင်း ၃ နာရီတွင် နေပြည်တော်ရှိ အစိုးရ ၀န်ကြီးဌာနများ အပါအ၀င် နိုင်ငံတ၀န်းလုံး၌ သုံးရောင်ခြယ် အလံသစ် လွှင့်ထူသည့် အခမ်းအနားများကို တပြိုင်နက်တည်း ကျင်းပမည်ဖြစ်ပြီး နေပြည်တော် မြို့တော်ခန်းမတွင် အလံသစ် လွှင့်တင်ပွဲကို ခမ်းနားစွာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အလံတင်အခမ်းအနား များပြုလုပ်ရာတွင် အလံဟောင်းကို အင်္ဂါသားသမီး ၀န်ထမ်းများက ဖြုတ်ချရမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည့် ၀န်ထမ်းများက အလံသစ်ကို လွှင့်တင်ကြရမည်ဖြစ်ကြောင်း၊ အဆိုပါအလံသစ် ပြောင်းလဲ လွှင့်ထူခြင်းကို ဗေဒင် ယတြာ သဘောဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း နေပြည်တော်ရှိ ဌာနဆိုင်ရာ အရာရှိကြီးတဦးက ပြောသည်။

“ဌာနတွေမှာ အလံသစ်တင်ရင်လည်း အင်္ဂါသားသမီး ၀န်ထမ်းတွေက အလံဟောင်းကို ဖြုတ်ချရမယ်။ ဗုဒ္ဓဟူး သားသမီး တွေက အလံသစ်တင်ရမယ်။ ဒါက မဖြစ်မနေလုပ်ဆောင်ရမယ့် ညွှန်ကြားချက်ပါ” ဟု ၎င်းက ဆိုသည်။

အလံဟောင်းများ အားလုံးကိုလည်း မီးရှို့ဖျက်ဆီးကာ မြေမြှုပ်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၃ နာရီတွင်ပင် တပြိုင်နက်တည်း ပြုလုပ်ရမည်ဟု သိရသည်။



အလံသစ်နှင့် နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်သစ်
“အင်္ဂါသမီးကို နာမ်နှိမ်တဲ့အနေနဲ့ အင်္ဂါသားတွေကို အလံဟောင်း ဖြုတ်ချခိုင်းတာဖြစ်မယ်။ သဘောကတော့ အင်္ဂါသမီးကြောင့် သူတို့ အာဏာပြုတ်မကျနိုင်အောင် ယတြာချေလိုက်တာမျိုးဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

အလံတင်အခမ်းအနား ပြုလုပ်သည့် အောက်တိုဘာ ၂၁ ရက်နေ့သည် မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့ကျရောက်ပြီး ဗေဒင်သဘောတရားအရ ရက်ရာဇာနေ့ ဖြစ်သည်။ မွန်းလွဲ ၃ နာရီတွင် အလံသစ် တင်မည် ဖြစ်သောကြောင့် ၃ ဂဏန်းသည်လည်း အင်္ဂါနာမ်ဖြစ်သည်ဟု သိရသည်။
“မွန်းလွဲ ၃ နာရီ အလံသစ်တင်အခမ်းအနားကို ရှမ်းပြည်နယ်တိုင်းမှူးနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေ အကုန်လုံး တက်ရမယ်” ဟု ရှမ်းပြည်နယ် တောင်ကြီးမြို့မှ သစ်တောဝန်ကြီးဌာန အကြီးအကဲက ပြောသည်။
ယ်ခြားစောင့်တပ်များ၏ စစ်ဝတ်စုံ လက်မောင်းတံဆိပ်များကိုလည်း နိုင်ငံတော်အလံသစ်၏ ပုံစံအတိုင်း အဖြူရောင် ကြယ်ပွင့်ပါ သုံးရောင်ခြယ် အလံတံဆိပ်ပုံစံအဖြစ် အသုံးပြုထားခဲ့ပြီး ဖြစ်သည်။

မူရင်း http://loverworld-myanmar.ning.com/profiles/blog/show?id=3003595%3ABlogPost%3A443440&xgs=1&xg_source=msg_share_post

12 comments:

မြစ်ကျိုးအင်း said...

အာဖရိကတိုက်ထဲ ရောက်သွားပြီ ထင်တယ်။

ကိုဇော် said...

သြော်. .အလယ်မကျ ဘာမကျ ကြယ်ဖြူတစ်လုံးရယ်။

Anonymous said...

ဒါဆိုအခြေအနေကောင်းအောင်ဗုဒ္ဓဟူး သားကိုယူတော့မယ် :D

ငွေလမင်း said...

အရင် အလံ ပုံစံကို ပိုကြိုက်တယ် အဓိပ္ပါယ်လည်း ရှိတယ်မဟုတ်လား အရွယ်တူ ကြယ်ဖြူ ၁၄ လုံး နဲ့ စပါးနှံ၊ စက်သွားနဲ့ တော်တော်သဘောကျခဲ့တာ ငယ်ငယ်က တို့အလံ ဆိုပြီးစာသင်ခဲ့ရတာလေ
အခု တို့အလံ ဆိုတဲ့ ဖတ်စာအုပ်ထဲက စာတွေ ဘာလုပ်မလဲ မသိဘူးနော်

bravo said...

အဲဒီအလံက
ဘာအဓိပ္ပါတယ်တဲ့တုန်းဗျ

အဖြူရောင်နတ်သမီး said...

ဒီဇိုင်းအသစ်တွေ ဘယ်လိုပြောင်းပြောင်း လက်ဟောင်းကိုတော့ မယှဉ်နိုင်တာ အမှန်ပါပဲ..။


အလံရဲ့ အဓိပ္ပါယ်ကို နိုင်ငံခြားသားတွေမေးရင်
ဘယ်လိုဖြေရမလဲ...
သိရင် ပြောပြထားပေးပါအုံး.........

ရွှေရတုမှတ်တမ်း said...

အင်း.....ယတြာတဲ့.....

လသာည said...

ဟောဗျာ ဘယ်လိုဖြစ်ရတာတဲ့လဲ..။ နိုင်ငံတစ်ခုရဲ့ အလံအတွက် အဓိက အလေးအနက်ထားတာက ယတြာတဲ့..။ နားမလည်နိုင်အောင်ပဲ။

သိင်္ဂါကျော် said...

ဟုတ်ပ .. ကြယ်တစ်လုံးက အလယ်တည့်တည့်လည်း မကျဘူး.. ဘယ်လိုပါလိမ့်..

Myanmar Good Knowledg Co., Ltd said...

ဂျပန် ၀ီကီပီးဒီးယာ့မှာတော့ ချက်ချင်းမြန်မာအလံပြောင်းတာ ချက်ချင်းပဲ ဂျပန်လိုရေးတင်တယ်လေ။

Unknown said...

အင်..ဒါကြောင့်ပြောတာပေါ့..စစ်အစိုးရက ထင်တိုင်းကျဲနေတာ တော်တော်ကြာပြီ။ ပိုင်စိုးပိုင်နှင်း နဲ့... တနိုင်ငံလုံးကို သူတို့ ဘကြီးနေဝင်းဆီက အမွေရထားသလိုဘဲ။ ဒီအမွေကို ကြံဖွတ်ကဆက်ခံ ပြီးထင်တိုင်းကျဲနေအုန်းမှာဘဲ။ ရင်လေးတယ်...ရင်လေးတယ်။

Manh said...

ဘာအဓိပ္ပာယ်လို့ သိချင်ရင် ဘကြီးတော်ကို သွားမေးလေ့..ဒါမှပိုရှင်းမယ်ထင်တယ်။ကျနော့် အမြင်အရတော့ ..ဒါဟာတစ်ပြည်ထောင်စံနစ် ကျင့် သုံးတယ်လို့ ဘဲ အဓိပ္ပယ်ရတယ်ဗျ။