Thursday, October 28, 2010

စိတ်တန်ခိုးရှင် ရေဘဝဲ ပေါလ် ဂျာမနီတွင် သေဆုံး

ဘာလင်-October 26, 2010
ပြီးခဲ့သော ၂၀၁၀ ကမ္ဘာ့ဖလား ကာလများအတွင်း ပွဲစဉ်ရလဒ်များကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သောကြောင့် ကမ္ဘာတစ်လွား ကြော်ကြားခဲ့သော အသက် ၂နှစ် အရွယ်ရှိ ရေဘဝဲ ပေါလ်သည် ၎င်းကို မွေးမြူထားသော ပြတိုက်တည်ရှိရာ ဂျမနီနိုင်ငံ Oberhausenမြို့ ပြတိုက်တွင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

Oberhausen ရေအောက် သက်ရှိ ပြတိုက်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများသည် ညပိုင်းအချိန်တွင် ရှေ့ဖြစ်ဟော ရေဘဝဲပေါလ် သေဆုံးသွားသည်ကို စိတ်မကောင်းခြင်း ကြီးစွာ တွေ့ရှိရကြောင်း ပြတိုက်၏ ကြေငြာချက်တစ်ရပ်တွင် ဖော်ပြထားသည်။
http://patheincity.com/news//HLIC/a7cf22ac292a8dd43c29eb5c443b6e0e.jpg
အင်္ဂလန် ဇာတိဖြစ်သော ရေဘဝဲပေါလ်သည် ၂၀၁၀ ကမ္ဘာ့ဖလား ကာလအတွင်း ဂျာမနီနိုင်ငံ ယှဉ်ပြိုင်ကစားမည့် ပွဲစဉ် (၇)ပွဲလုံးကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သလို စပိန်နှင့် နယ်သာလန်တို့ ယဉ်ပြိုင်ကစားကြသော နောက်ဆုံး ဖိုင်နယ် ပွဲစဉ်တွင်လည်း စပိန်အနိုင်ရရှိသည်ကို မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သောကြောင့် ကမ္ဘာ့ မီဒီယာများကြားတွင် အထူး ကြော်ကြားခဲ့ခြင်း ဖြစ်သည်။
PatheinCity News | Source:Xinhua



Source : http://patheincity.com/news/index.php/2010/10/psychic-octopus-dies-in-germany/#ixzz13edjoLIx
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News

2 comments:

ကိုဇော် said...

သတ္တဝါ တစ်ခု ကံတစ်ခုပေါ့။
နောက်ပွဲကိုတောင်မှ မစောင့်တော့ဘူးလားလို့ ပြောရအောင်လည်း သူက အနားယူသွားပြီလေ။

သုခုမလေဒီ said...

ဟင်းး သူလည်းကံပါသလောက်ပေါ့နော်..သူ့သက်တမ်းကလည်း ကုန်မြန်လိုက်တာ .. စိတ်မကောင်းစရာပဲ.