Saturday, October 23, 2010

လွတ်မြောက်ခွင့်



လွတ်မြောက်ခွင့်ပေးကြပါ

ငါမယုံကြည်ခဲ့တာကို ချမ်းသာပေးကြပါ

ယုံကြည်မှု ကင်းမဲ့နေတဲ့ ငါ့နှလုံးသားကို

ရဲရဲ ၀ံ့ဝံ့ ရင်ဆိုင်ပါရစေ

လွတ်မြောက်ခွင့်ပေးပါ။


လူ့ဘ၀ အနှစ်သာရတွေကို

ပစ်ပယ်ခ၀ါ ချလို့ ၀ပ်တွားခဲ့ပါတယ်

အကြိမ်တွေ ခပ်များများနဲ့ပေါ့

ခြောက်လှန့်ခံ ငါ့ဝိဥာဉ်ကို

လွတ်မြောက်ခွင့်ပေးပါ။


ခိုင်းသမျှ လုပ်ခဲ့ပါတယ်

လွတ်လပ်မျှတစွာ တွေးပါရစေတော့

စာကြောင်းတွေ စကားလုံးတွေနဲ့

တုပ်နှောင်မှုထဲမှ လွတ်မြောက်ပါရစေ

လွတ်မြောက်ခွင့်ပေးပါ။


အထင်လွဲမှုလေး တစ်ခုအတွက်

လက်ညိုးငေါက်ငေါက်ထိုးပြီး

မြေကျင်းထဲ မထည့်ကြပါနဲ့

ဆန္ဒမပါတဲ့ ဆက်ဆံမှုတွေ

ရပ်တန့်ပေးကြပါ

သွေးသားတွေကို သက်မဲ့လို

ယိုးမှားခဲ့တာတွေ ရပ်ပါတော့

လွတ်မြောက်ခွင့်ပေးပါ။


အဆုံးမဲ့ငြိမ်းချမ်းရေး တရား

လွတ်မြောက်မှု လမ်းပေါ်ကို

ငါမြင်နေရလို့ သွားခွင့်ပြုပါ

အောက်ခြေလွတ်ပြီး

မြောက်တက်သွားမှာ မဟုတ်ပါဘူး

တစ်ကယ်ပါ

လွတ်မြောက်ခွင့်ပေးပါ။

မိုးယံ (23.10.2010)

6 comments:

Anonymous said...

လွတ်မြောက်စေသတည်း....
လွတ်မြောက်စေသတည်း..........
သတည်းးးးးးးးးးးးး
သတည်းးးးးးးးးးးးးး

ahphyulay said...

ဟေ့  ဟေ့ ...
အမှန်ကတော့ လေ..
လွတ်မြောက်ခွင့် ဆိုတာက ဘယ်လို အနေအထား
မျိုးပဲရောက်ရောက် သူများ ပေးလာမှ ရမှာမဟုတ်ပဲ
ကိုယ့် ဟာကို ဖန်တီး ယူ ရတာလို့ ထင်တယ်နော်။
ဆုတ်ကိုင်ထားမိသမျှ တွေကို ဖြေလျှော့ ကြည့် လိုက်ပါလား။
အဲ့ ဒီမှာ တွေ့ လိမ့် မယ်၊ လွတ်မြောက်ချမ်းသာမှု..၊
( အမြင်တူချင်မှ တူမှာပါနော် )

မြစ်ကျိုးအင်း said...

လပြည့်နေ့မို့ ကောင်းမှုလုပ်တဲ့အနေနဲ့ လွှတ်ပေးလိုက်တယ်။
(ပုံထဲက ငှက်ကို ပြောတာပါ)

သုခုမလေဒီ said...

အဓိပ္ပါယ်ပြည့်ဝတဲ့ ကဗျာလေးလာဖတ်သွားပါတယ်။
အလည်လာတာကျေးဇူးနော်.။
လပြည့်နေ့လေးမှာ စိတ်ချမ်းသာမှုအပေါင်းနဲ့ပြည့်စုံပါစေ

~ဏီလင်းညို~ said...

ကဗျာလေးကောင်းတယ်မိုးယံ.....။
ခံစားမိလိုက်တယ်......။
များများဆက်ရေးဖို့ တိုက်တွန်းပါတယ်ဗျာ.....။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ကိုဇော် said...

လွတ်မြောက်ပါစေ။
လမ်းမြင်နေရင် နောက်လှည့်မကြည့်နဲ့။
အဲဒါ အတားအဆီးပဲ။