Sunday, September 19, 2010

ပွင့်တဲ့ ပန်းတိုင်းလန်းစေချင်(အမျိုးသားများမဖတ်ရ)


*** ပွင့် တဲ့ ပန်းတိုင်း လန်းစေချင်***

အခု ချမ်းချမ်းပြောမဲ့ အကြောင်းအရာလေးက အတင်းအဖျင်း အနေနဲ့တစ်ဖက်မိန်းမသားကို...နှိမ်ချင်လို့  အထင်သေးလို့ မဟုတ်ဘူးနော်..
ယောကျာ်းလေးတွေကို. အထင်သေးလို့လဲ မဟုတ်ဘူး..ဖြစ်တတ်တဲ့သဘောတွေကို..မိန်းကလေးတိုင်း.. သိသင့်တယ်ထင်လို့ ..ဆင်ခြင်နိုင်အောင်လို့ ..
မျှဝေတာပါ..ပတ်ဝန်းကျင်က ပေးတဲ့ သင်ခန်းစာပေါ့...
ဘ၀ပျက်တဲ့ မိန်းကလေးဆိုတာလမ်းဘေးရောက်သွားမှ
ဘ၀ပျက်တာမဟုတ်ပါဘူး။လူမသိဘဲသိမ်ငယ်သွားတာ၊အမြဲ
အားငယ်သွားတာ၊စိုးတထိတ်ထိတ်ဖြစ်နေရတာတွေ ...ကိုယ့်ကိုယ် ကိုယုံကြည်မှုတွေ..နည်းပြီး..နောင်တတရားနဲ့ ရင်မှာပူလောင်နေတာဘ၀ပျက်မတက်ပါဘဲ၊
ဒါက ဘ၀ကိုတန်ဖိုးထားခဲ့ရင်ပေါ့..
တန်ဖိုးမထားတဲ့ မိန်းကလေးအတွက်တော့..ဒီကိစ္စတွေက..ထူးဆန်းလိမ့်မယ်မထင်ဘူး...

အခုခေတ်မှာတော်တော်များများကြားနေရတာပါ ..ကိုယ်ဝန်ရှိလို လက်ထပ်လိုက်ရတာ..
အပျိုတွေကိုယ်ဝန်ဖျက်ချတာ.ချစ်သူက ပစ်သွားလို့ အဆိပ်သောက်သေတာ..စုံနေတာပဲ...ချစ်ကြပြီဆိုရင်....ယောင်္ကျားလေးတော်တော်များများ
ဘာလို့များ လိုအပ်တာထက် အခွင့်အရေးယူကြတာလဲ...မိန်းကလေးတော်တော်များများကရော..ဘာလို့များ..မငြင်းဆန်ရတာလဲ..နစ်နာစရာရှိရင်ဘယ်သူကပိုနစ်နာမလဲ..
အခွင့်အရေးပိုယူတဲ့ ချစ်သူအပေါ်..ကိုဘယ်လိုမြင်ကြလဲ..သူကငါ့ကိုသိပ်ချစ်လို့ ..အခွင့်အရေးတောင်းတာများးထင်နေလားတော့မသိဘူး...အချစ်နဲ့ ရမ္မက် ကတခြားဆီပါ..

အချစ်နဲ့ ဘ၀...ချစ်တဲ့ သူနဲ့ လက်ထပ်မဲ့ သူ..တစ်ထပ်တည်းကျချင်မှကျမှာနော်..

မနေ့က သူငယ်ချင်းတစ်ယောက် ရဲ့ ညီမလေးအကြောင်းကြားလိုက်ရတာ.တကယ်စိတ်မကောင်းဘူး..
တက္ကသိုလ်ကျောင်းသူလေးပါ.သူကောင်လေးနဲ့ တွဲတယ်တဲ့ နောက်တော့
တည်းခိုခန်းခေါ်တယ် သူလိုက်သွားတယ် .နောက်ကျတော့..ကောင်လေးက အတွေ့ မခံပဲ..ရှောင်နေတယ်..အခုပြတ်စာပေးတယ်တဲ့
ဘာကြောင့်လဲ..
ယောကျာ်းလေးတော်တော်များများက
ကိုယ်တာဝန်မယူနိုင်ရင်ဘာကြောင့်များအခွင့်အရေးပိုယူချင်ကြတာလဲ..
...***(Every Men Has His Price)***တဲ့ ...သူငယ်ချင်းတစ်ယောက်ရဲ့ Profle ထဲမှာရေးထားတာတွေ့ မိတော့..ချမ်းချမ်းစဥင်္းစားမိသွားတာက..ယောကျာ်းလေးတိုင်းသူ့ တန်ဖိုးနဲသူရှိရင်..စောင်းစည်းထိန်းသိမ်းခြင်းဆိုတာလဲ.ရှိနေရပါမယ်..
.ဘယ်အပျိုမိန်းကလေးမှ
ယောက်ျးတယောက်နဲ့ အိပ်ခြင်းအရသာဆိုတာသိဘူးတဲ့လူမရှိပါဘူး.ဂုဏ်ယူကြမှာလဲမဟုတ်ပါဘူး
ချစ်သူကိုသိပ်ချစ်လို့ 
သူ့ ချစ်သူကိုယုံကြည်လို့ .ချစ်သူငြိုငြင်သွားမှာကြောက်လို့ ..အလိုလိုက်မိတာပဲဖြစ်ပါလိမ့်မယ်...(ဒါက အညှာလွယ်ပြီး..အားနာတတ်တဲ့ မိန်းကလေးတွေ..ကိုပြောာတာနော်..)
နှစ်ယောက်ဆိုတဲ့ ဘ၀ကိုလိုချင်လို့ဘဲပေါ့၊နောက်တခု သူ့ဆီမှာဘဲအမြဲ
ရှိနေချင်တဲ့စိတ်နဲ့ပါဘဲ၊ဒါပေမယ့် တော်တော်များများထားသွားကြတယ်နော်
ကိုယ်ချင်းစာစိတ်လေးမွေးလို့ တွေးကြည့်ပါလား
ငါ့ အစ်မ ၊ ညီမ ၊ အဓိက အမေပေါ့ သူတို့သာ ဒီနေရာမှာဆိုရင်ကော အဓိကတော့
ကိုယ်တာဝန်မယူရင် ခြေကော လက်ကောမကျော်တာအကောင်းဆုံးပါဘဲ။
ဝါသနာပါရင်လဲ.လွယ်လွယ်နဲ့ ရမဲ့ နေရာကိုသွားလိုက်ပေါ့...
ကိုယ့်ကြောင့် တစ်ဖက်မိန်းကလေးရဲ့ ဘ၀..နွမ်းရတာ..မိန်းကလေးရဲ့ မိဘတွေ..
လူကြားထဲမှာ..မျက်နှာငယ်ရတာ..အရှက်ရစေတာ..ဆိုးကျိုးတွေအများကြီးပါ..
ဝဋ်ဆိုတာ..လည်စမြဲပါ..တစ်နေ့ ကိုယ်တိုင်က ဖခင်ဘ၀..ရောက်လာရင်တော့..
ကိုယ့်သမီးပျိုကို..တစ်ယောက်ယောက်ကပန်းကောင်းအညွန့် ချိုး.ခဲ့ရင်..ဘယ်လိုခံစားရမလဲ..
လောကမှာအရေးကြီးဆုံးက..ကိုယ်ချင်းစာစိတ်ပါ.ငါသာဆိုရင်...ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး.ကို..လက်ခံထားရင်တော့..အမှားနည်းမယ်လို ထင်တာပဲ..
ဒါ ကယောကျာင်္းလေးဘက်ကို.ချမ်းချမ်းကဝေဖန်တာနော်..
............................
မိန်းကလေးတွေအနေနဲ့ ကတော့..
ချစ်သာချစ်စေ..မနစ်စေနဲ့ 
အချစ်တစ်ခုတည်းနဲ့ ကိုယ့်ဘ၀..မနစ်မွန်းပါစေနဲ့ ပေါ့..
ကိုယ့်အမှားကြောင့်မိဘတွေ..မောင်နှမတွေ..မျက်နှာငယ်ရပါတယ်..
ကိုယ်ဝန်ရှိလို့ ..လက်ထပ်လိုက်ရရင်တောင်.သတို့သား..မိဘတွေရဲ့ အထင်သေးခြင်းခံရပါတယ်..သမီးအလိမ္မာမဖြစ်ခဲ့ရင်တောင်.
.သမီးမိုက်တော့..မဖြစ်သင့်ဘူး...ရှေးကစကားပုံ..တစ်ခုရှိတယ်
မြန်မာ မိန်းခလေးတွေက လက်မထပ်ဘဲနဲ့မအိုရဘူးတဲ့။
မြန်မာမိန်းခလေးတွေမှာ
မင်္ဂလာ (၁၂)ပါးရှိတယ် လက်ထပ်ထိမ်းမြားခြင်းလဲ မင်္ဂလာတပါးပါ ဒါကြောင့်
ဘာလို့များ ကိုယ့်ဘ၀ရဲ့ ကျက်သရေကို ဘာမဟုတ်တဲ့ တည်းခိုခန်းတခုမှာ
မိနစ်ပိုင်းလေးပျက်စီးဆုံးရှုံးစေတာလဲ ပြီးတော့ရောပျော်ရပါလား ။လူမသိအောင်
အိပ်ခဲ့မိတော့ လူမသိအောင်ဘဲ အရှက်တကွဲ..အကျိုးနည်းမှာပေါ့
ဘယ်လိုလုပ်ကြမလဲ၊ပြန်ပြင်လို့ ကောရပါ့မလား...
ဘယ်သူကိုမှ မမှားစေချင်ဘူး....

လွန်ခဲ့တဲ့ .၁၂ လောက်က ချမ်းချမ်းဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးလေးအကြောင်း.အကျဉ်းချုပ်ပြောပြမယ်နော်..
ကောင်မလေးတစ်ယောက်က..ရိုးရိုးအေးအေးနဲ့ .ချစ်စရာကောင်းတယ်..ယဉ်ကျေးတယ်..
တစ်ရံုးလုံးက ချစ်ကြတယ်..တစ်နေ့ သူမတို့ ရုံးထဲကို.ခန့် ခန့့်ချောချောဝန်ထမ်းအသစ်ငင်လာတော့အလုပ်အကြောင်းသင်ရင်းနဲ့ ..ချစ်သူတွေဖြစ်သွားကြပါတယ်..ကောင်လေးကသူမကိုအရမ်းလဲဂရုစိုက်တယ်..ဒါပေမယ့်..သ၀န်တော့.တိုတတ်တယ်..ရုံးထဲက တခြားယောကျာ်းလေးဝန်ထမ်းတွေနဲ့ စကားပြောတာ
မကြိုက်ဘူး.အမြဲဘဲ..သံသယမျက်လုံးနဲ့ ကြည့် နေတော့တာပါဘဲ..
တစ်နေ့ သင်္ကြန်ကျတောကောင်လေးနဲ့ ကောင်မလေးလျှောက်လည်..ရင်း...ကောင်လေးရဲ့ သူငယ်ချင်းအိမ်မှာ..အချမ်းပြေ..၀င်နားတာ့ကောင်လေးကနည်းနည်းမူးနေပါတယ်..
ကောင်မလေးကိုလဲ.အတင်းပဲ.အခွင့်အရေးတွေတောင်းတော့.ကောင်မလေးက ရှိသမျှခွန်အားလေးနဲ့ ရုန်းကန်ပြီးငြင်းဆန်ခဲ့ပေမယ်..တစ်ဖက်ကလဲ.မူးပြီးလူစိတ်ပျောက်နေတော့..ယောကျာင်္းလေးအားနဲ့ မိန်းကလေး..အားချင်းမမျှတော့..သူမရဲ့ အပျိုစင်ဘ၀ကို..မူးရူးနေတဲ့ ချစ်သူလက်ထဲမှာ.ဆုံးရှုံးခဲ့ရပါတယ်..
နောက်တော့..ကောင်မလေးက ကြာရင်အရှက်တကွဲ.အကျိုးနည်းဖြစ်မှာကြောက်လို့ .ချစ်သူကောင်းလေးကို.မိဘတွေဆီမှာ..လာတောင်းခိုင်းပါတယ်.
.ကောင်လေးလဲစိတ်မပါ့တပါနဲ့ ..လာတောင်းပြီးအကျဉ်းရုံးလက်ထပ်ခဲ့ပါတယ်..လက်ထပ်ပြီးတဲ့ နေ့ ကစပြီး.ကောင်လေးရဲ့ အချိုးတွေလုံးဝပြောင်းလဲသွားတော့တာပဲ..သူမကိုအရေးတယူလဲမရှိဘူး..အိမ်ပြန်လာချင်တဲ့ ကျမှပြန်လာတယ်..တစ်ချိန်တုန်းက.သိပ်ချစ်ပါတယ်..သိပ်ကိုကြင်နာပြီးယုယတတ်တဲ့ သူမရဲ့ ချစ်သူဆိုတာ.ယုံတောင်မယုံနိုင်ပါဘူး..
သူမ ဘာအပြစ်တွေများကျူးလွန်ခဲ့ လို့ .အခုလို စိမ်းကားသွားတာလဲ..လက်ထပ်ထားတဲ့ ဇနီး
အပေါ်..ဒီလောက်ထိဥပေက္ခာ.မပြုသင့်ဘူးလို့ ကောင်လေးကိုပြောတော့..
ကောင်လေးပြန်ပြောလိုက်တာက မင်းဟာ အညှာလွယ်တဲ့ မိန်းကလေး မို့ လို့ ပါ တဲ့ 
အညှာလွယ်တဲ့ မိန်းကလေးဟာ..တစ်နေ့ အိမ်ထောင်ရေးမဖောက်ပြန်ပါဘူးလို့ .အာမမခံနိုင်လို့ ပါတဲ့ 
သူမ အရမ်းဘဲဝမ်းနည်းသွားခဲ့ တယ်..
သူမတစ်သက်လုံးစောင့်ထိန်းခဲ့တဲ့ သိက္ခာတွေ.ကိုယ်ကျင့်တရားတွေရေထဲသွန်ချလိုက်သလိုပါဘဲ..သူမ သူ့ ကိုသိပ်ချစ်လွန်းလို့ 
သူနာကျင်အောင်..တစ်ခုခုမတုန့် ပြန်ဘဲ..သူ့ ဆန္ဒကို..မျက်ရည်များနဲ့ ဖြည့်ဆည်းခဲ့ရတာ..သူမဘဲသိတယ်...
နောင်တ ဆိုတာနောင်မှရလဲ..ပြန်ပြင်လို့ မှမရတော့တာ..
ဒါဆို သူမကို..ကွာရှင်းပေးဖို့ တောင်းဆိုတော့လဲ..ကောင်လေးက ကွာရှင်းခွင့်မပေးခဲ့ပါဘူး
အဲ့ဒီလိုနဲ့ ..အထီးကျန်ဆန်တဲ့ အိမ်ထောင်ရေးနွံထဲမှာ...တစ်သက်လုံး...နောင်တတွေနဲ့ ..
ရှင်သန်နေရတဲ့ သူမဘ၀ကို.ညီမလေးတို့ သင်ခန်းစာယူစေချင်ပါတယ်တဲ့ ..

ဆောင်းပါးလေးသာတကယ်ဖတ်ရရင်..ညီမလေးတို့ အရမ်းသနားသွားလိမ့်မယ်..
အခုချမ်းချမ်းရေးတတ်သလိုရေးတာဆိုတော့..ဖတ်ရတာဖီလ်းသိပ်ရှိမှာမဟုတ်ဘူးနော်
....................
ကဲ..ညီမလေးတို့ ရေ..
ဘ၀သင်ခန်းစာကို..ကိုယ်တိုင်ကြုံမှယုံမှာလား......သူများကြုံခဲ့တာတွေကို. ကြည့်ပြီး.ရှောင်သင့်လားဆိုတာ.ကိုယ့်ဘာသာ..ကိုယ်ဆုံးဖြတ်နော်..
လူဆိုတာကိုယ်ရွေးချယ်တဲ့ လမ်း..ကိုယ်ဘဲလျှောက်ရတာပါ.
နောက်တစ်ချက်က...
မိန်းကလေးတစ်ယောက်ရဲ့ ဘ၀..ဟာ ပန်းလေးတစ်ပွင့်လိုပါဘဲ...
ကျေလွယ်နွမ်းလွယ်တယ်လေ..ပြီးတော့
မိန်းခလေးဆိုတာ မှန်တချပ်နဲ့ တူတယ်
ကွဲရှမခံနိုင်ပါဘူး ကွဲကျခဲ့လို့ ဆက်လို့ရရင်တောင်
အက်ကြောင်းနဲ့ပါ၊ဘယ်သူဘဲဖြစ်ဖြစ်ပါ တွေးကြည့်ပြီးမှ ကိုယ်လမ်းကိုယ်လျှေက်
ပါ၊..ချစ်သူ နဲ့ လက်ထပ်တဲ့ သူ...တစ်ထပ် ထဲကျချင်မှကျမှာပါ...အသိလေးနဲ့ ဆင်ခြင်နိုင်အောင်ကြိုးစားပါ..
(အရေးအသားရိုင်းသွားလျှင်ခွင့်လွှတ်ပါ)

(ဘယ်သူမှမရည်ရွယ်ပါဘူး ကိုယ်တိုင်မဟုတ်တောင်
ရင်ထဲမကောင်းတာတော့အမှန်ဘဲ ကိုယ့်ရဲ့ ညီ၊ညီမ၊တူ၊တူမများ ပြန်ပြော
လို့ရနိုင်အောင်ပါ။ဘယ်တော့မှ ရေမှာ အရုပ်မရေးမိဘာစေနဲ့၊တနေ့ ဆိုတာ
နောက်မှရောက်လာမှာ တနေ့ ဆိုတာကိုမျှော်ပြီး
မယုံကြည်မိပါစေနဲ့။ကိုယ့်တာဝန် ကိုယ်မယူသည့် ယောက်ျားများ
တစ်ယောက်ကြောင့် အရွယ်ကောင်း မိန်းခလေးများပန်းကောင်း အညွှန့်ကျိုးဘ၀မှ
ကင်းဝေးကြပါစေ..

(ယောကျာ်လေးများအားအထင်သေးစော်ကားခြင်းမဟုတ်ပါ)

ဆန္ဒများစွာနဲ့ 
ချမ်းချမ်း

6 comments:

Anonymous said...

ဖတ်တော့ဖတ်လိုက်တယ်ဂျာ..
ဘာညားလဲလို့ ခိုးလာဖတ်တာ.
:P:P (အမျိုးသားသီးသန့်ဖတ်ရန် တင်ပေးအုံး)

Maung Myo said...

မဖတ်ပဲ မန့်သွားတယ်း)

အုပ်ကြီး said...

အမျိုးရဲ့ သား မဟုတ်တော့
ဝင်ဖတ်သွားပါတယ်ဗျာ ..
ဒါမျိုးက ရေးသင့် ၊ သိသင့် အဲ ..ဖတ်လည်းဖတ်သင့်ပါတယ်ဗျာ

ရွှေရတုမှတ်တမ်း said...

မဖတ်ရဆိုလို့ ကိုယ်တိုင်မဖတ်ပါဘူး..သူများဖတ်တာနားထောင်ပြီးမှ ရေးတာ...
ယောင်္ကျားသဘာဝက မိန်းမမယူခင် ထိုးမုန့်ဝယ်သလို အရင်အမြည်းစားကြည့်ချင်တာ..ချိုရင် ဝယ်မယ်.. ခါးရင် မဝယ်ချင်တော့ဘူး ( ယေကျာင်္းတွေ တယောက်နဲ့တယောက်မတူသလို မိန်းမတွေ လဲ မတူဘူး) တယောက်နဲ့တယောက် စိတ်ချင်း ခန္ဓာချင်းသဘောတိုက်ဆိုင်မှယူကြတာပိုကောင်းတယ်..ပြောရရင် အရှည်ကြီးမို့ မပြောတော့ပါဘူး ချမ်းချမ်းရယ်..ခုခေတ်မှာ အပျိုမစစ်လို့ ဘယ်သူမှအထင်မသေးသလို လင်မရလဲမရှိပါဘူး..အဓိက ကတော့ အိမ်ထောင်ဖက်နဲ့ နားလည်မှုရှိကြဖို့ အရေးကြီးတာပါ...

lwin said...

ရွေရတု အကိုကြီးပြောတာကို ၁၀၀% ထောက်ခံပါတယ်.

အဖြူရောင်နတ်သမီး said...

လူနှစ်ယောက် ချစ်သူဖြစ်လာကြပြီဆိုရင်...
နှစ်ဦးနှစ်ဖက် နားလည်မှုရှိဖို့နဲ့ သစ္စာရှိဖို့လိုပါတယ်...