Tuesday, September 7, 2010

ကြူတတ်သူများသတိထား

ကျွန်တော့်သူငယ်ချင်းတစ်ယောက်
.........တကယ့်အဖြစ်အပျက် ၀မ်းနည်းပူဆွေးခဲ့ရတဲ့ကိစ္စ
မြို့ပြ အင်ဂျင်နီယာ ၊ အရမ်းဝင်ငွေကောင်းတယ် ။ အမေ့ကို လုပ်ကျွေးနေတာ ဆိုတော့ မိန်းမလဲမယူဘူး ။ အတွေ့ အကြုံလဲ မရှိဘူးပေါ့ဗျာ။အသက်က၃၅ နှစ်။ရုပ်ကတော့ မိန်းကလေးများ သဘောခွေ့တဲ့ ရုပ်မျိုး ။ ကရင် တရုတ်စပ် ဒေါင်ကောင်းကောင်း ရင်အုပ်ကျယ်ကျယ် ၊ မျက်နှာက အာနိုးလို ခပ်တည်တည် ဖြောင့်ဖြောင့်ပဲ ။ အွန်လိုင်းကနေ အိမ်ပုံစံတွေ ရှာတယ် ။ ဒီဇိုင်းသစ်တွေ မှီငြမ်းတယ် ။ကွန်ပျူတာဖွင့်တာ နဲ့ ဂျီတော့ကို ဖွင့်ပြီးမှ တခြားအလုပ်လုပ်တယ် ။


တစ်နေ့တော့ နာမည် လှလှလေးနဲ့ကောင်မလေးတစ်ယောက် အက်တယ် ။ လက်ခံလိုက်ပြီး စကားတွေ အများကြီးပြောဖြစ်တယ် ။ တစ်ယောက်နဲ့တစ်ယောက် နားလည် မှုတွေ နှစ်သိမ့်မှုတွေ ရလာကြတယ် ။ တစ်ပတ်လောက်ကြာတော့ အပြင်မှာတွေ့မယ်လို့ချိန်းကြတယ် ။ ကောင်မလေးက အရမ်းချောတာပဲ အသက်
နှစ်ဆယ် တောင်မပြည့်သေးဘူး ။ မိဘတွေက အမေရိကားသွားလို့ အဒေါ်တွေနဲ့နေရကြောင်း ၊တအား ချုပ်ချယ်လို့ နှစ်သိမ့်ပေးမယ့် နားလည် ပေးနိုင်မယ့် သူငယ်ချင်းတစ်ယောက် လိုကြောင်းပြောတော့ ဟိုကောင် ကလဲ အရမ်းကိုသနားသွားတယ် ။ရုပ်ရှင်သွားကြည့်ကြတယ် ။ညနေမှ လမ်းခွဲကြတယ်။

ဟိုကောင်ကတော့ အရူး အမဲသားစားမိသလို အချစ်ဆိပ်တက်ပြီး နေ့တိုင်း မတွေ့ရ မနေနိုင် ဖြစ်လာရော ။ တစ်လလောက်ကြာတော့ ကောင်မလေးက အဖြေပေးတယ် ။ ဟိုကောင်ကလဲလျှောက်လည်ပြီး တည်းခိုခန်း သွားဖို့ သူ့ ပါဘလေကာ (Publica) ကားလေးကို ဦးလှည့်လိုက်တယ်ဆိုရင်ပဲ ကောင်မလေးက ဘီယာ ဆိုင်ကိုမောင်းခိုင်းတယ်။ကောင်မလေးက ဘီယာအတော် သောက်လိုက်တယ် ။နောက်တော့ တည်းခိုခန်း ကိုသွား .. မူးနေတော့ ဘာမှမငြင်းဘူး ။

ထုံးစံအတိုင်းပေါ့ .....................။ အခန်းတံခါးလာခေါက်တော့မှ ဖွင့်လိုက်တော့ အသားမည်းမည်း ဘဲတစ်ပွေရယ် ၊ ရပ်ကွက်လူကြီးလို့ပြောတဲ့ လူ သုံးယောက်ရယ် ။ တည်းခိုခန်းမန်နေဂျာရယ် ၀င်လာတယ် ။ နှစ်ယောက်သားကတော့ အပေါ်ပိုင်းဗလာကျင်းနဲ့ အောက်ပိုင်း သဘက်လေးပတ်လို့။ အဲဒီတော့မှ ကောင်မလေးကလဲ မျက်စိမျက်နှာတွေပျက်လို့ ။ ဟိုဘဲကြီးက x-=x-+x+-#@$^&^%$#^%$##$
ဟေ့ကောင် ကြာကူလီ ငါ့မိန်းမကို မင်းကြာခိုတယ်ပေါ့ ။ပြောလဲပြော လက်ကလဲ ၀ှီးခနဲဆို ၀ိုက်လက်သီး တစ်လုံး ပါးရိုးပေါ် ရောက်လာလို့ ပစ်လဲကျသွားပါရော ။အဲ့ဒီတော့မှကောင်မလေးကလဲ ဟိုဘဲကြီးနားကပ်ပြီး မောင်ရယ် နန္ဒာ တအားမူးသွားပြီး ဘယ်တွေရောက်ကုန်မှန်းမသိတော့ဘူး ။ ဆိုပြီးချွဲတော့တာ ။

တကယ်တော့ နန္ဒာနဲ့ ဟိုဘဲကြီးနဲ့က လက်ထပ်စာချုပ် လုပ်ထားပြီးသား ။ရပ်ကွက်လူကြီးဆိုတာကလဲ ဟိုဘဲကြီးခေါ်လာတဲ့ တပည့် လူမိုက်တွေ။တည်းခိုခန်းရောက်တာနဲ့ ဖုန်းဆက်ထားပြီး ဂွင်ရိုက်ကြတာ ။ နောက်ဆုံးတော့ မယားခိုးမှုနဲ့ စွဲရင် အရှက်လဲကွဲ ထောင်လဲကျမယ်။မိခင်အိုကြီးလဲ စိတ်မချမ်းမသာဖြစ်ရမယ် ဆိုတာတွေးကြည့်ပြီး ပိုက်ဆံပဲ အလျှော်ပေးလိုက်တယ် ။မနည်းဘူး သိန်း၈၀
ချက်ချင်း သူငယ်ချင်းတစ်ယောက်ဆီမှာ ကားသွားပေါင် ၊နောက် သူငယ်ချင်းတစ်ယောက်ဆီမှာ တိုက်ခန်း ကန်ထ၇ိုက်စာချုပ်တွေသွားပေါင်ပြီး ပေးလိုက်ရတာ ။နောက် တစ်ပတ်လောက်ပဲကြာတယ် ။ ကောင်မက အွန်လိုင်းကနေ ပြန်ဆက်သွယ်တယ် ။ ဂျီတော့မှာ ...... မောင်ရယ် နန္ဒာက သူများချုပ်ချယ်မှုအောက်မှာ သူများ ခိုင်းသမျှလုပ်နေရတာပါ ။ မောင်ကုန်သွားတဲ့ သိန်း၈၀ကို နန္ဒာ တစ်လအတွင်း နှစ်ဆ ပြန်ဆပ်ပါ့မယ် ။ ကျမကို လက်ထပ်လိုက်ပါ ။

အဲ့ဒီလက်ထပ်စာချုပ်နဲ့ ကျွန်မ ရုပ်ရည်နဲ့ဆို နောက် ၃/ ၄ ယောက်လောက် အသာလေး အချဉ်ဖောက် လို့ ရသေးတယ် တဲ့လေ ...... ...ရက်စက်လိုက်တာ ထင်ရက်စရာတောင်မရှိဘူး။

ရှေ့ဆက် ဖြစ်သွားတာတွေ
ကျွန်တော် မပြောတော့ဘူး ။ သူငယ်ချင်းတို့ဆိုရင်လဲ ဘာဆက်လုပ်မလဲ .....ကုန်သွား တဲ့ပိုက်ဆံတွေကို ပြန်ရှာမလား ခွာလိုက်မလား။ အဲလိုဖြစ်စဉ်တွေ အများကြီး ကျွန်တော်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းမှာ တကယ်ဖြစ်ခဲ့တာပါ ။တချို့လဲ အသက်၇၀လောက် အဘိုးကြီးတွေ (သားသမီးတွေတောင်တက္ကသိုလ်ရောက်နေပြီ)အကြူလွန်လို့ချူခံရတာ။ဘယ်သူမှလဲထုတ်မပြောရဲ အလျော် အစားနဲ့ နှုတ်ပိတ်လိုက်ရတယ် ။အားလုံးက အဲ့လို ပုံစံအတိုင်းခံကြရတာ ။

ဒီတော့ ကျွန်တော်မှာချင်တာက ကြူလိုက်လို့ အပြင်မှာချိန်းတွေ့ကြတယ် ။အလိုတွေလိုက်တယ် ဆိုတိုင်းလဲ သိပ်ပျော်မနေကြပါနဲ့လို့ ............


မှတ်သားစရာလေးတွေမို့ရှာဖွေတင်ဆက်လိုက်ပါတယ်
Source by Daily Mail

ဖြည့်စွက် (မူရင်းစာရေးသူ၏ အရေးအသား အား လေးစားသောကြောင့် သတ်ပုံလောက်သာပြင်ဆင် ထားခြင်းကို နားလည်ပေးပါရန်။)

5 comments:

ရွှေရတုမှတ်တမ်း said...

ဒီနည်းတွေက ခုထက်ထိရှိတုန်းကိုး...
အင်း...ရှိမှာပေါ့လေ အစာသာမြင်တာ..ချိပ်ကိုမမြင်ပဲကို..

နေ့အိပ်မက် said...

ပြောရမှာအားနာပေမဲ့ စာလုံးပေါင်းတွေ အများကြီးမှားနေတယ်။

http://myanmarwords.pikay.org/

သတ်ပုံမှန်မှန် ရေးချင်တယ်ဆိုရင် လွယ်လွယ်ကူကူ ကိုးကားဖို့ပါ။

blackroze said...

စိတ်ညစ်စရာကြီးရှင်..အဲလိုအဖြစ်တွေ
ကြားရတာ..

Anonymous said...

အေးဗျာ..ဒီပို့စ်လေးကောင်းတယ်
အိမ်ထောင်ရှိရက်နဲ့ Q နေသော
ကိုကိုတွေ မမတွေကို ဖတ်စေချင်မိတယ်..။

မိုးယံ said...

နေ့အိပ်မက်ကလေး ခင်ဗျာ။ အနော်နောက်တစ်ခါ ဆင်ခြင်ပါ့မယ်။ အားလဲ နာပါတယ်ဗျာ မှားနေမှန်းသိပေမယ့် အများကြီး ပြန်ပြင်နေရမှာမို့လို့ပါ။ အပျင်းကြီးတယ်ပေါ့လေ။ နောက်တစ်ခါ ဂရုစိုက်ပေးပါမယ်။
http://myanmarwords.pikay.org/ ဒီနေရာလေး တော့ သွားကြည့်ဖို့လိုမယ် မထင်ပါခင်ဗျာ။
အထုနို ကြောကျ ပေးတာ ကျေးကျေးပါ