Thursday, September 2, 2010

ကိုယ်ဘယ်နေ့သေမလဲ သိချင်ပါသလား?'

ကျွန်တော်တို့ မွေးဖွားလာခဲ့ကြတယ်ဟုတ်။ပြီးတော့ ကျွန်တော်တို့ ဒီကမ္ဘာလောက ထဲကနေ ပြန်ထွက် သွားကြမယ် မဟုတ်လား။ အဲ ဘယ်နေ့ ပြန်ထွက် သွားရမယ် ဆိုတာလေးကို သိရမယ် ဆိုရင်တော့ တန်ဖိုးရှိမယ့် အလုပ်လေးတွေ ရွေးချယ်လုပ်ကြရင် ကောင်းမယ်ထင်တာလေ။ကဲ ဒါတွေထားပါဗျာ-- ချစ်တဲ့ သူငယ်ချင်းများ(အဲ စိုင်းစိုင်းနဲ့ရောသွားတယ်)ကျွန်တော်က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သော မြန်မာလူမျိုး တစ်ယောက် ဖြစ်လေတော့ ထေရ၀ါဒထဲက ဒေသနာအတိုင်း လူဆိုတာဘယ်နေ့ သေမယ် ဘယ်အချိန် သေမယ်၊ဘာရောဂါနဲ့သေမယ်၊ဘယ်မှာသေမယ်၊ဘယ်မှာကိုယ့်ကိုသဂြိုဟ်မယ်(ငါးမျိုးတော့သိတယ် သေချာ တော့ မမှတ်မိတော့လို့ သိတဲ့လူများပြောပြပေးပါခင်ဗျာ။ကျွန်တော်ပြန်ရှာ နေတာလဲမတွေ့သေးလို့ပါ) ကဲဒါတွေ ထားပါဗျာ.... အဲဒီလို မသေချာပေမယ့် မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ အွန်လိုင်းက ခန့်မှန်းချက်လေးကို တွက်ကြည့်လိုက်တာ ။ အံမယ်ကျွန်တော်က တနင်္လာနေ့ သြဂုတ်လ 16 ရက်နေ့ 2060ခုနှစ်မှာ သေမယ်ဆိုပါလား စက္ကန့်နဲ့ဆိုရင်တော့ Seconds left to live... 1576 366 193 စက္ကန့်ကျန်သေးတယ်ဆိုပဲ။ ဒါဆိုရင်မဆိုးဘူး နောက်ထပ် အနှစ်ငါးဆယ်လောက် အသက်ရှင်ဦးမယ် ဆိုထားတာကိုး။ ပျော်စရာကြီးဗျာ လုပ်ချင်တာတွေရော လုပ်သင့်တာတွေရော လုပ်ဖို့ အချိန်တော်တော် ကျန်သေးတယ်ဗျ (ဟီဟိ)

ကဲ ချစ်တဲ့သယ်ရင်းတွေ လဲ တွက်ကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာပါဗျာ နှိပ်သာ နှိပ်ပါ ရဲရဲနှိပ်။
1,576,366,208

4 comments:

မြစ်ကျိုးအင်း said...

2055 တဲ့ဗျ
2040 လောက်မှာ ဒီအကြောင်းကို ပြန်မေ့သွားရင် ကောင်းမယ်။

ဟုတ်သော်ရှိ မဟုတ်သော်ရှိ လောလောဆယ်ထက်စာရင် နောက် အနှစ် ၄၀ ကျော်မှဆိုတော့ စိတ်သက်သာရတာပေါ့။

Anonymous said...

အီးးးးးးဟီးးးးးးးးးး
တေပါဘီ..
နောက်ထပ် ၅၆ နှစ်ပဲ နေရတော့မတဲ့
မြန်မြန်ကျပိုးထိုးထားမှ:P

SHWE ZIN U said...

တွက်ရဲပါဘူးဗျာ ကြောက်စ်

Maung Myo said...

သိချင်ပါဘူး ညကျ အိပ်မပျော်ပဲနေအုံးမယ် သားက မိန်းမတောင်မရသေး ခဏ ၂၆ နှစ်နဲ့သေမယ်ဆို တကယ်ဟုတ်မဟုတ်တော့မသိ စိတ်အပူမိတာနဲ့ အဟုတ်သေမှာ.....