Sunday, September 5, 2010
ဘယ်သူ့ကြောင့်လဲ
ခါးပါတယ် ၊ အရမ်းကို ခါးတယ်
အငဲ တောင် အရှုံးပေးရလောက်တယ်။
ပင်းပန်းတယ် ၊ ဆင်းရဲ တယ် ၊
ရေနစ်တယ်၊ ဆိုင်ကယ်မှောက်တယ်
ကားတိုက်ခံရတယ်။ သေမလိုဖြစ်တယ်
ထမင်းငတ်တယ် ၊ အသက်ရှူကြပ်တယ်။
ဘယ်သူလုပ်တာ လဲ၊ ဘာလို့လုပ်တာလဲ။
မေးပိုင်းခွင့်မရှိပါဘူး-----
ငါတစ်ယောက်တည်းဖြစ်နေတာလား
ဘာလို့ ဒီကိုပို့လိုက်တာလဲ၊ ငါ့ကိုရော လာချင်ရဲ့လားလို့
တစ်ခွန်းလောက်မေး ခဲ့ရဲ့လား။
ငါသဘောမတူ ပဲ အဓမ္မ လွှတ်လိုက်တာလား
ဘာလုပ်ရမလဲ။ အရိုအသေ ပေးရမလား။
စောဒက တက်ခွင့်မရှိတဲ့ လုပ်ရပ်တွေကို မျက်လုံးစုံမှိတ်
ငါလုပ်နေရမလား၊ လွတ်မြောက်ခွင့်ပေးပါတော့။
သတ္တိရှိရင် ကိုယ်ရောင်ထင်ပြစမ်းပါ
နားရင်းကို နှစ်ချက်လောက် အုပ်ပေးလိုက်မယ်။
အိပ်ချင်နေပါပြီ ၊ အိပ်ခွင့်ပြုပါတော့
မင်းသဘောတူမှ အိပ်ရမှာလား။
အသနားတော့ မခံဘူးကွာ၊ မင်းသဘောမတူလဲ
အိပ်ဆေး သုံးပြားသောက်အိပ်တယ်
(အိပ်မရတဲ့ ညမှာ ကယောင်ချောက်ချား ရေးထားတာပါ)
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
7 comments:
ဟင်..လူဇိုး..
ဘာတွေများ ထူးထူးဆန်းဆန်းရေးထားလဲလို့
ပြေးလာတာ..သူလဲ ကိုယ့်လိုပဲ
ကယောင်ခြောက်ချားဖြစ်နေတာကိုး:P
အိပ်မပျော်ဘူးလား..ရွှေပုပ္ပါးသွေးဆေးကိုစား
အိပ်မပျော်ရင် လုပ်စရာတွေ အများကြီး
စိတ်လျှော့လေ ကိုယ်က ယောက်ျားလေးပဲကို ချစ်တုန်းကတော့ ချစ်ပြီး ဘာခုမှ အိပ်ဆေးသောက်နေတာလဲ မရဘူး ထ ထ
း)
အိပ်မပျော်တော့ ကဗျာတစ်ပုဒ်ထွက်လာတယ်မဟုတ်လား
ဒီတော့ အမြတ်ထွက်တယ် ဆိုရမယ်...
နောက်ကို များများအိပ်မပျော်ဖြစ်ပါစေ..း))
ဟုတ်သားပဲ အသနားခံမနေနဲ့ .... အိပ်မရလည်း ကိုယ့်ဟာကိုယ် အိပ်ဆေးသာသောက်အိပ်ပစ်။ အဲ....တစ်ပုလင်းလုံးတော့ မသောက်မိစေနဲ့နော်။ :)
မိမိ ရဲ့ စွမ်းအား ကို ထိန်းချုပ်မှု တစ်ခုခု အောက်မှာ
ခံစားနေရပုံ ပေါ်လွင်လှပါတယ် ။ နောက်ဆုံးမှာလည်း
ထိန်းချုပ်မှု တစ်ခုနဲ့ ပဲ ရှောင်ထွက် ခဲ့တာ ။ စိတ်ခံစားမှု ထွေပြားနေတာ လှပနေပါတယ် ...
ငြိမ်းစိုးဦး
Post a Comment