Wednesday, September 8, 2010

ငါးသိန်းတန်ဖုန်း CDMA 800 MHz များတွင် 3G စနစ်ဖြင့် အင်တာနက် ၀န်ဆောင်မှုပေးမည်။



ငါးသိန်းတန်ဖုန်းများတွင် 3G စနစ်ဖြင့် အင်တာနက်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(အလုံ)မှ တာဝန်ရှိသူတစ်ဦးကပြောပါသည်။

ငါးသိန်းဖုန်းများတွင် voice only သာရရှိနေရာမှ Data Service အနေဖြင့် အင်တာနက်ရရှိရန် ၀န်ဆောင်မှုပေးခြင်းကို ယခုနှစ်ကုန် မတိုင်မီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ငါးသိန်းဖုန်းမှာ Internet access ပေးနိုင်ဖို့အတွက် 2.5G က နေ3G အထိ တိုးမြှင့်မှာပါ။ သိပ်မကြာခင်မှာ ၀န်ဆောင်မှုပေးသွားနိုင် ပါမယ်" ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူက ဆိုသည်။

ငါးသိန်းဖုန်းများတွင် အင်တာနက် ၀န်ဆောင်မှုကို စတင်ပေးချိန်တွင် အရေအတွက် ကန့်သတ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် လုံးရေ လေးသောင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် လုံးရေတစ်သောင်းအထိ သာ ၀န်ဆောင်မှုပေးသွားရန်ရှိပြီး ၀န်ဆောင်မှုရယူလိုသူသည် လျှောက်လွှာစနစ်ဖြင့် လျှောက်ထားရန် လိုအပ်ကြောင်းလည်း သိရသည်။


"အင်တာနက်ဝန်ဆောင်မှုကို စပေးချိန်မှာတော့ လုံးရေအကန့် အသတ်ရှိပါတယ်။ အင်တာနက် သုံးတဲ့ဟန်းဆက်ကလည်း CDMA 800 WML သုံး 3G စနစ်ပါတဲ့ ဟန်းဆက်အမျိုးအစား ဖြစ်ရပါမယ်။ အင် တာနက်ဝန်ဆောင်မှုပေးထားတဲ့ RUM ကတ်ထည့်ပြီးကွန်ပျူတာနဲ့ လည်း သုံးနိုင်ပါမယ်။ ပြောရရင် Mobile tele ကတစ်ဆင့်ပေးမယ့် အင်တာနက်ဝန်ဆောင်မှုပါ"ဟု ၎င်း က ထပ်မံရှင်းပြခဲ့သည်။

3G Internet Service ၀န်ဆောင်မှုပေးခြင်းအတွက် ကောက်ခံမည့် နှုန်းထားမှာလည်း Voice အတွက် ကောက်ခံသည့်နှုန်းထားနှင့် တူညီမည်မဟုတ်ဘဲ နှုန်းထားတစ်မျိုး ပြောင်းလဲမည် ဖြစ်ကြောင်းလည်း သိရသည်။

http://www.news-eleven.com

1 comments:

Maung Myo said...

ဟလို ဟလိုးး ဟလိုးးး ကြားရလား အင်း အင်း


အယ် ကျသွားပြီး လိုင်းမကောင်းလို့မ၀ယ်တော့ဘူး အိမ်ကခလေးတွေကို ဆော့ဖို့ 10 လုံးလောက် ၀ယ်မလားလို့ စမ်းကြည့်တာ လိုင်းမကောင်းတော့ မ၀ယ်တော့ဘုး ပြန်ပြီင်္ူး ။