Thursday, September 30, 2010

ခံစားမိသမျှ ဒီလိုပါခင်ဗျ

ဗုဒ္ဓသာသနာဝင် အမည်ခံထားသော်လည်း အချို့အနည်းသော လူတို့၏ ခံယူချက်လွဲမှားနေသော အပြုအမူ အပြောအဆို အရေးအသားများကို စိတ်မကောင်းစွာ မြင်တွေ့နေသောကြောင့် လည်းကောင်း၊ မှန်ကန်သော အသိတရား အနည်းငယ်ကို ဆုပ်ကိုင်မထားလို၍ စေတနာ ရှေ့ထား ဝေမျှငြားလည်း စော်ကားသမှု အပြုခံခဲ့ ရ သောကြောင့် လည်းကောင်း ယခုထက်တိုင် လွဲမှားစွာ ရေးသားနေသော စာစောင်အချို့ မဂ္ဂဇင်းအချို့ နှင့် အနည်း ငယ်မျှ လောက်သော ဘာသာရေး အမည်ခံစာစောင် အချို့ တို့၏လွဲမှားမှု အချို့အတွက် လည်းကောင်း ခံယူချက် တိမ်းစောင်းနေသော လွဲမှားယူဆနေသော လူများအတွက် လည်းကောင်း၊ သာသနာတွင်း သား တစ်ယောာက် ဖြစ်ပါလျက်နှင့် ဘာမှ မပေးဆပ်နိုင်သေးသော ဘ၀ အခြေအနေကို ထောက်ချင့်ကာ အားမရဖြစ်မိ သောကြောင့် လည်းကောင်း ၊ ဘာသာရေးခံယူချက် အသိဥာဏ်များအတွက် အထောက်အကူဖြစ်စေရန် ရည်သန် ၍ စေတနာရှေ့ထား ရေးသားပေးသော ဆရာလင်းဦး(စိတ်ပညာ) ၏ ဆောင်းပါး တစ်ပုဒ်အား ကူးယူ မျှဝေလိုက်မိပါသည်။ ဤနေရာမှ ပင် စာရေးသူအား ဂါရ၀ ပြုပါသည်။

အလိမ္မာ စာမှာရှိသည်

“အလိမ္မာ စာမှာရှိသည်” ဟူသော စကားကို များသောအားဖြင့် ကြားဖူးကြသည်။ ဖတ်ဖူးကြသည်ဟု ဆိုရပါ မည်။ စာပေကို ဖတ်၍ အသိဥာဏ်ကြွယ်ဝလျက် လိမ္မာသောသူတို့ ဖြစ်သွားကြသည်ကိုလည်း တွေ့ကြုံဖူးကြပါမည်။ စာပေကို ဖတ်သော်ငြားလည်း အသိဥာဏ်မတိုးပွားဘဲ ဆုတ်ယုတ်သွားသူတို့ကိုလည်း တွေ့မြင်ကောင်း တွေ့မြင်ခဲ့ကြပါမည်။ကြားဖူးကောင်း ကြားဖူးခဲ့ကြပါမည်။ ထို့ကြောင့် စာပေတိုင်းတွင်ရှိသော အတွေးအခေါ်၊ အယူအဆတို့သည် လူသားအားလုံးအတွက် လိမ္မာရေးခြား ရှိနိုင်ပါသလား။ စဉ်စား သုံးသပ်ကြည့်ချင်စရာ ကောင်းပါသည်။ စာပေဟု ဆိုရာ၌ ဗရုတ်သုတ်ခ အတွေးအခေါ်တို့ ပါဝင်သော စာပေ၊ လေးနက်သော ဘ၀အသိအမြင်တို့ကို ပေးနိုင်သောစာပေ၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး စသည့် အတွေးအခေါ်တို့ ပါဝင်သောစာပေဟူ၍ စာပေ အမျိုးမျိုး ရှိပါမည်။ ဤနေရာ၌ ကျွန်တော်ပြောချင်သည်မှာ ဘာသာရေးနှင့် ပတ်သက်သော အတွေးအခေါ်တို့ ပါဝင်သည့် စာပေတို့ကိုသာလျှင် အဓိကဖြစ်ပါသည်။

စာပေသည် အဆိပ်အတောက် ကင်းရပါမည်။ ဘာသာရေးစာပေသည် အခြားသောစာပေတို့ထက် ပို၍ အဆိပ်အတောက် ကင်းနိုင်ရပါမည်။ အဆိပ်ပင်ကို ရေးလောင်းပေးလျှင် ထိုအဆိပ်ပင်သည် ကြီးထွားရှင်သန် လာပါမည်။ အဆိပ်ပင်သည် လူတို့အား ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပို၍ အကျိုးပေးပါမည်။ ထို့အတူ အဆိပ်အတောက် မကင်းသော ဘာသာရေးစာပေတို့သည်လည်း လူတို့၏ အတွေးအခေါ် အယူအဆတို့ကို အကောင်းထက် အဆိုးဘက်သို့သာ ဦးတည်စေပါလိမ့်မည်။ မှန်ကန်သော အတွေးအခေါ်၊ အယူအဆတို့ကို သတ်ဖြတ်ပစ်ရာလည်း ရောက်သည်ဟု ဆိုနိုင်ပါမည်။ ထို့ကြောင့် အဆိပ်အတောက် မကင်းသော စာပေတို့ကို ဘာသာရေး စာရေးဆရာတို့အနေဖြင့် လုံးဝ မရေးသားသင့်ပါ။ ဘာသာရေးစာပေတို့ကို မြတ်နိုး လိုက်စားနေသူတို့ အနေဖြင့်လည်း လုံးဝ မဖတ်သင့်ဟု ထင်ပါသည်။

မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြသည်ဟု ကမ္ဘာက သိနေကြ၏။ ကမ္ဘာက သိနေကြသည့်အတိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ ပီသဖို့ လိုပါသည်။ “ပီသဖို့”ဆိုရာ၌ ထေရ၀ါဒ ဗုဒ္ဓဘာသာ တရားတော်နှင့်အညီ ချမှတ်ထားသော လမ်းစဉ်အတိုင်း လိုက်နာ ကျင့်သုံးခြင်းတို့ကို ဆိုလိုပါသည်။ လိုက်နာကျင့်သုံးခြင်းသည် ချမှတ်ထားသော လမ်စဉ်တို့ကို သိနေမှ ဖြစ်နိုင်ပါမည်။ ထိုအခါ လမ်းစဉ်တို့ကို သွန်သင်ပြမည့်သူ၊ လမ်းစဉ်ကို မီးမောင်းထိုးပြမည့်သူတို့ လိုအပ်လာပါမည်။ လိုအပ်ချက်တို့ကို ဖြည့်ဆည်း ပေးနိုင်မည့် ပုဂ္ဂိုလ်တို့သည် ဆရာတော်များ၊ ဘာသာရေးတတ်ကျွမ်းသည့် လူပုဂ္ဂိုလ်များ၊ ဘာသာရေး အတွေးအခေါ်တို့ကို တိကျမှန်ကန်စွာ ရေးသားကြသော စာရေးဆရာတို့ပင် ဖြစ်ကြပါ၏။

ယခုအခါ မြန်မာနိုင်ငံ၏ စာပေလောက၌ မဂ္ဂဇင်း၊ ဂျာနယ်စသော စာစောင်တို့ အများအပြား ပေါ်ထွက် နေကြ၏။ တချို့ မဂ္ဂဇင်း ၊ ဂျာနယ်တို့သည် ဘာသာရေး သီးသန့် မဟုတ်ကြသော်လည်း ဘာသာရေးနှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာတို့ ပါဝင် ထည့်သွင်းတတ်ကြ၏။ ပါဝင်ထည့်သွင်းထားသော ဆောင်းပါး၊ ကဗျာတို့ကိုလည်း ထေရ၀ါဒ ဗုဒ္ဓဘာသာတရားတော်နှင့် ညီ မညီ အယ်ဒီတာတို့က သုံးသပ်သင့်ပါသည်။ မိမိတို့ အမှန်တကယ် မသိလျှင်လည်း တတ်ကျွမ်းသည့် ပုဂ္ဂိုလ်တို့ထံ မေးမြန်း၍ မိမိတို့ မဂ္ဂဇင်း၊ ဂျာနယ်တို့၌ ထည့်သုံးသင့်ပါက ထည့်သုံးရပါမည်။ ပယ်သင့်ပါက ပယ်ရပါမည်။ ပြင်ဆင်သင့်ပါက ပြင်ဆင်ရပါမည်။ သို့ဖြစ်မှသာ စစ်မှန်သော ဘာသာရေး၊ အသိပညာတို့ကို တိုးပွားစေသော ထေရ၀ါဒ ဗုဒ္ဓဘာသာစာပေတို့ ဖြစ်လာပါမည်။

လူတို့သည် အစွဲအလန်း အလွန်ကြီးမားကြပါသည်။ လှေနံ ဓါးထစ်၊ တစ်သမတ်တည်း ယူဆတတ်သူ၊ ငါထင်တာမှန်သမျှ လုံးဝမှန်ကန်သည်ဟု ယူဆတတ်သူတို့ အများအပြား ရှိကြပါသည်။ ထိုသူတို့ထံသို့ ဟိုဟာ ဟုတ်နိုး၊ ဒီဟာ ဟုတ်နိုးစသည့် အတွေးအခေါ်၊ အယူအဆတို့ကို ညစ်နွမ်းစေသော ယောင်ဝါးဝါးစာပေတို့ ရောက်ရှိသွားပါက အမှန်သည် အမှားဖြစ်၍ အမှားသည် အမှန်ဖြစ်သွားနိုင်ပါသည်။ ထိုသို့ မဖြစ်ခဲ့လျှင်သော်မှ ငါဖတ်ဖူး ကြားဖူးခဲ့သည်က တစ်မျိုး၊ ယခု ဖတ်လိုက်ရသည်က တစ်မျိုး၊ ဘယ်အရာက မှန်ပါလိမ့် စသည်ဖြင့် သံသယကို ထုံမွမ်းထားသော အမြင် အတွေးတို့ဖြင့် ဘာသာရေး အတွေးအခေါ်၊ အယူအဆများ ကျဉ်းမြောင်း သွားနိုင်ပါသည်။

ထင်ရှားသော ဥပမာကို ပြရလျှင် ထေရ၀ါဒ ဗုဒ္ဓစာပေ၌ လုံးဝမပါရှိသော “သူရဿတီ မယ်တော်”သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဟု ခံယူထားကြသူအချို့က ဗုဒ္ဓ၏ ပိဋကတ်သုံးပုံကို စောင့်ရှောက်သော နတ်သမီးအဖြစ် လက်ခံယူဆနေကြ၏။ ထိုအယူအဆအား ကျွန်တော် လုံးဝ ကန့်ကွက်ပါသည်။ နောက်တစ်ခုက သာသနာတော် အနှစ်ငါးထောင်တွင် ဘုရားရှင် ထားတော်မူခဲ့သော သာသနာ အနှစ် နှစ်ထောင်ငါ့ရားသည် ကုန်ဆုံးသွားပြီဖြစ်၍ ယခုအခါ သိကြားမင်း စောင့်ရှာက်သော သာသနာအနှစ် နှစ်ထောင့်ငါးရာသာ ကျန်တော့သည်ဟု ယူဆလက်ခံနေကြသူတို့က ရှိသေး၏။ ထိုအရာတို့သည် စာပေရေးသားမှုမှတစ်ဆင့် ပေါ်ပေါက်လာသော အတွေးအခေါ်၊ အယူအဆတို့ပင် ဖြစ်ပါသည်။

စာပေရေးသားသော စာရေးဆရာတို့ ရှိနေပါလျှင် စာပေကို ဖတ်ရှုနေကြသော စာဖတ်ပရိသတ်လည်း ရှိနေပါမည်။ ထိုအခါ စာရေးဆရာဟု အမည်ခံထားသူတို့၌ လုံးဝ တာဝန်ရှိသွားပြီဟု ဆိုရပါမည်။ ဘာကြောင့် ဤသို့ ပြောဆိုရပါသနည်းဟု မေးလာခဲ့လျှင် အဖြေသည် ရှင်းရှင်းလေးပင်ဖြစ်ပါ၏။ “လူအများစုတို့သည် ယုံလွယ်ကြသောကြောင့်” ဟု ဖြေရပါလိမ့်မည်။ ယုံလွယ်ကြသူတို့၏ သန္တာန်၌ မှားယွင်းသည့် အတွေးအခေါ်၊ ယောင်ဝါးဝါးဖြစ်စေမည့် အတွေးအခေါ်၊ အယူအဆတို့ ၀င်ရောက်သွားနိုင်သည့် စာပေတို့ကို ရေးသားခြင်း၊ ဖော်ပြခြင်း မပြုသင့်ပါ။ ရေးသားဖော်ပြလျှင်လည်း ထိုစာပေသည် “အလိမ္မာ စာမှာရှိသည်”ဟူသော ဆိုရိုးစကားကို ဖျက်ဆီးရာရောက်သည်။ စာဖတ်ပရိသတ် အနေဖြင့်လည်း ကျော်လွှား၍ ဖတ်ရှု့သင့်ပါသည်။

ဘာသာရေးစာစောင် အမည်ခံထားသော မဂ္ဂဇင်းတစ်ချို့၌ပင် ဘာသာရေးနှင့် လုံးဝ မပတ်သက်သော ယောင်ဝါးဝါးစာပေတို့ ပါလာတတ်၏။ ဥပမာ-သက်သက်လွတ်စားမှ အကျင့်မြတ်သယောင်ယောင်၊ မီးလွတ်၊ ရေလွတ် စားသုံးမှ ပုဂ္ဂိုလ်ထူး ဖြစ်သယောင်ယောင်၊ ဘယ်ရိပ်သာသို့သွား၍ တရားအားထုတ်လိုက်ပါမှ တရားထူးတွေ့သယောင်ယောင် စသည့် ယောင်ခြောက်ဆယ် အရေးအသားတို့ဖြင့် အမွှမ်းတင် ရေးသားကြသည်တို့ ဖြစ်၏။ ထိုအရေးအသားတို့တွင် “ရဟန္တာ”ဆိုသည်က ပါပြန်သေး၏။ ရဟန္တာ မရှိဟု မဆိုလိုပါ။ သာသနာတော် မကွယ်ပျောက်သရွေ့ ရဟန္တာ မဆိတ်သုဉ်းကြောင်း ပိဋကတ်တော်စာပေ၌ အခိုင်အမာ ရှိပါသည်။ သို့သော် အရေးအသားတို့ကို ထိန်းထိန်းသိမ်းသိမ်း ရှိ့ဖို့လိုပါသည်။ အထက်၌ ဖော်ပြခဲ့သော ရေးသားမှုမျိုးသည် သဒ္ဓါတရားကို ထက်သန်စေနိုင်သော်လည်း အသိပညာတို့ကိုတော့ ထက်သန်စေနိုင်မည် မဟုတ်ပါ။

အသိပညာ တိုးပွားစေကြောင်းကို ရေးသားလိုလျှင်လည်း သက်သက်လွတ်စားသုံးမှုကြောင့် ကိုယ်ခန္ဓာသည် မည်သို့ မည်ပုံ ကျန်းမာရေးနှင့် ညီညွတ်သည်၊ မည်သို့မည်ပုံ အာဟာရနှင့် ညီညွတ်သည် စသဖြင့် ကျန်းမာရေးရှုထောင့် အသီးသီးမှ ရေးသားတင်ပြသင့်ပါသည်။ ဘာသာရေးရှုထောင့်တို့တွင်လည်း ထို့အတူ မှန်ကန်သော သုံးသပ်တင်ပြမှုမျိုးတို့ကိုသာ ရေးသားတင်ပြသင့်ပါသည်။

ဘာသာရေးရှုထောင့်တို့၌ “နိဗ္ဗာန်”သည် မည်ကဲ့သို့သဘော အဓိပ္ပါယ်ရှိသည်ကို၎င်း၊ “ကံကံ၏ အကျိုးတရား”တို့သည် ဘယ်ပုံ၊ ဘယ်ကဲ့သို့သော ဥပမာနှင့် တူသည်ကို၎င်းး၊ “ထေရ၀ါဒ ဗုဒ္ဓဘာသာ”သည် ဘယ်လို အဓိပ္ပါယ်ရှိသည်ကိုလည်း ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် မဆန့်ကျင်သော သုံးသပ်တင်ပြမှုတို့ဖြင့် ရေးသားတင်ပြသင့်ပါသည်။ ရဟန္တာနှင့် ပတ်သက်လျှင် “ဘယ်မြို့၊ ဘယ်ဒေသ၌ရှိသော ပုဂ္ဂိုလ်သည် အကျင့်သီလနှင့် အလွန်ပြည့်စုံနေပြီး ရဟန္တာဟု ထင်ရကြောင်း ၊ ရဟန္တာတမျှဖြစ်ကြောင်း” စသည်ဖြင့် ရေလာမြောင်းပေး စကားမျိုး၊ ထင်ယောင်ထင်မှား ဖြစ်စေနိုင်သော စကားမျိုးတို့ဖြင့် ရေးသားတင်ပြမှုမျိုး မပြုသင့်ပါ။ ထို့ကြောင့် စာပေရေးသားနေကြသော စာရေးဆရာတို့သည် မိမိတို့ရေးသား တင်ပြမှုသည် အဆိပ်အတောက် ကင်း မကင်း ဆိုသည်ကို အမြဲတမ်း သတိထား၍ ရေးသားတင်ပြသင့်ပါသည်။

“အများသိလျှင် ဤ ကို ကျွဲ” ဖတ်ချင်ကြသော ယခုခေတ်၌ ဘာသာရေးနှင့် ပတ်သက်လာလျှင် အမှားအယွင်း ဖြစ်စေနိုင်သော အတွေးအခေါ်၊ အယူအဆတို့ ပါဝင်သည့် ရေးသားမှုတို့ကို ရေးသားတင်ပြခြင်း မပြုလုပ်ပါရန် ထပ်မံ၍ မေတ္တာရပ်ခံအပ်ပါသည်။ ကျွန်တော့်အနေဖြင့် “အားလည်းနာတယ်၊ ပြောလည်းပြောချင်ပါတယ်၊ ပြောလည်းပြောပြီးသည့် အနေအထားလည်း ဖြစ်သွားပါပြီ ”။

နောက်ဆုံးပြောချင်သည်မှာ “ချွန်ချင်လွန်းလျှင်လည်း တုံးတတ်သည်၊ သွန်သင်လွန်းလျှင်လည်း မုန်းတတ်သည်” ကိုသာ ရင်တွင်းခံယူ ရေးသားလိုက်ရပါသည်။

(ကျွန်တော်၏ ဤဆောင်းပါးအား ပြန်လည် တင်ပြရခြင်းမှာ ယခု Blog အသိုင်းအ၀ိုင်းနယ်ပယ် တွင်လည်း ထိုကဲ့သို့ ဗုဒ္ဓဘာသာအား စော်ကားစွာ၊ အပြစ်အနာဆာများဖြင့် ရှုတ်ချနေကြသည်တို့အား တွေ့မြင်နေရခြင်း ၊ အချို့ Blog ရေးသူများ ဗုဒ္ဓဘာသာ ဘာသာရေး အကြောင်း ရေးနေသော်လည်း မိမိရေးသားသော စာသည် ဖတ်သူအဖို့ မည်သို့သော လမ်းကြောင်းများ မှားယွင်းစွာ တွေးတောသွားနိုင်ကြောင်းများကို စာဖတ်သူ၊ Blog ဖတ်သူများ၊ ရေးသူများ သတိပြု ဆင်ခြင်သင့်သည်ဟု ထင်မြင်မိ၍ ယခုတစ်ဖန် ပြန်လည် တင်ပြရခြင်း ဖြစ်ပါသည်၊ မိမိ၏ ဆောင်းပါးအား ဖတ်ရှုကာ သတိပြု ဆင်ခြင်နိုင်ကြပါစေ ။ )

လင်းဦး (စိတ်ပညာ)

မူရင်း http://linoo.myanmarbloggers.org/ မှ အပြည့်အစုံ ကူးယူဖော်ပြသည်။


(ဖွံ့ဖြိုး) တိုးတက်လာသော သဉ္ဖာဝင့်ကျော်



စင်ကာပူ Sky Park Pool of Marina Bay Sands Hotel ရဲ့ ရေကူးကန်ထဲမှာ ကိုရီးယား KBS သတင်းက ရိုက်ကူးမှုမှာ ခုလို မြန်မာမော်ဒယ် သဉ္ဖာဝင့်ကျော်တို့ စုံတွဲ ပါဝင် သွားတာကို ခုလိုတွေ့ရပါတယ်။

ခုလက်ရှိ ပုံမှာ တွဲထားတဲ့ အမျိုးသားက မြန်မာပြည်ရဲ့ အချမ်းသာဆုံး စာရင်းဝင် တဦးဖြစ်ပြီး ရေနံလုပ်ငန်း လုပ်ကိုင်နေသူ ဦးမိုးမြင့်ရဲ့သား စည်သူမိုးမြင့် လို့ သိရတယ်။ စည်သူမိုးမြင့်က မြန်မာနိုင်ငံ ရွက်လှေအသင်းက အဖွဲ့ဝင် တဦးလည်း ဖြစ်တယ်။

ဒီမော်ဒယ်လေးရဲ့ စွံချက်က ကြောက်စရာ ကောင်းလောက်အောင်ပါပဲ။ စည်သူမိုးမြင့် မတိုင်ခင် ဟစ်ဟော့ အဆိုတော် အာဘွိုင်းနဲ့လည်း ပွဲတွေ တော်တော် တူတူ တွဲတက်ပြီး ဇာတ်လမ်း ရှုပ်ခဲ့သေးတာကြောင့် လက်ရှိ အဆိုတော်လေးက သူ့ ဇနီး စင်ဒီနဲ့တောင် ခွာပြဲလိုက်ပြီလို့ သိရတယ်။

မူရင်းလင့်ခ် http://www.irrawaddyblog.com/

Wednesday, September 29, 2010

ငြိမ်းချမ်းရေးအတွက် အင်တာနက်

အင်တာနက်ဆိုတာ ကွန်ပျူတာတွေ အများကြီး ဆက်ထားတဲ့ ကွန်ရက်တစ်ခုထက် ပိုတယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ပါတယ်။ တကယ်တော့ တိုးမဆုံးတဲ့ လူတွေပါနေတဲ့ ကွန်ရက်ကြီးပါ။

ကမ္ဘာတစ်ဝန်း ဘယ်နေရာက ဖြစ်ဖြစ် ယောက်ျားရော မိန်းမတွေပါ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက် နိုင်တဲ့အတွက် လူ့သမိုင်းမှာ ကျေးဇူးတင်စရာ ကောင်းတဲ့ အပြန်အလှန် ကူးလူးနိုင်တဲ့ လူမှုကွန်ရက်ကြီး ဖြစ်လာပါတယ်။

ဒစ်ဂျစ်တယ် ယဉ်ကျေးမှုကတော့ အခုလို ပုံစံသစ် လူမှုအသိုင်းအ၀ိုင်းရဲ့ အခြေခံဖြစ်ပါတယ်၊ ဒီတော့ လူမှုအသိုင်းအ၀ိုင်းသစ်မှာဆိုရင် ဆက်သွယ်ရေး အခြေခံပြီး နှစ်ဘက် စကားပြောဆိုတာတွေ၊ အပြန်အလှန် ငြင်းခုံတာတွေ၊ သဘော ညီမျှတာတွေကို ကောင်းကောင်း လုပ်နိုင် ဆောင်ရွက်နိုင်ပါတယ်။ တကယ်တော့
ပွင့်လင်း မှုတွေ ရှိပါမှ၊ နားလည်လက်ခံ တတ်မှုတွေ ရှိပါမှ၊ ဆွေးနွေးမှုတွေနဲ့ ပါဝင်စီးမျောမှုတွေ ရှိပါမှ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ခံစားနိုင်မယ် မဟုတ်ပါလားဗျာ။

မုန်းတီးမှုတွေ၊ ပဋိပက္ခတွေထက်စာရင်တော့ အများနဲ့ဆက်သွယ် ဆောင်ရွက်တာက ဇာတ်သိမ်း ပိုကောင်း တတ် ပါတယ်ဗျာ၊ ဆိုရရင်တော့ အင်တာနက်ဟာ ငြိမ်းချမ်းရေးအတွက် လက်နက်ပါ၊ အင်တာနက် သုံးနေတာဟာ အကြမ်းမဖက်မျိုးစေ့ ချနေတာပါ၊ ဒီတော့ဗျာ ဒီနှစ်ငြိမ်းချမ်းရေးနိုဗယ်ဆုဟာ အင်တာနက်ကို ပေးသင့်ပါတယ်။ ကျွန်တော်တို့အားလုံးကို ချီးမြှင့်တဲ့ နိုဗယ်ဆုပဲ ဖြစ်သင့်ပါတယ်။

Internet For Peace

Tuesday, September 28, 2010
We have finally realized that the Internet is much more than a network of computers.
It is an endless web of people. Men and women from every corner of the globe are
connecting to one another, thanks to the biggest social interface ever known to humanity. Digital culture has laid the foundations for a new kind of society. And this society is advancing dialogue, debate and consensus through communication.Because democracy has always flourished where there is openness, acceptance, discussion and participation. And contact with others has always been the most effective antidote against hatred and conflict. That's why the Internet is a tool for peace. That's why anyone who uses it can sow the seeds of non-violence.
And that's why the next Nobel Peace Prize should go to the Net.
A Nobel for each and every one of us.

ဖိုင်ဘာဖြင့် အင်တာနက် ချိတ်ဆက်ရာတွင် Bandwidth ငါးမျိုး သတ်မှတ်ထားကြောင်း သိရ



ရန်ကုန်မြို့တွင် မကြာမီ အသုံး ပြုခွင့်ရတော့မည့် ဖိုင်ဘာဖြင့် အင်တာနက် ချိတ်ဆက်ခြင်းတွင် Bandwidth ငါးမျိုး သတ်မှတ်ထားကြောင်း စုံစမ်းသိရှိရသည်။


ဖိုင်ဘာဖြင့် အင်တာနက်ချိတ် ဆက်ရာတွင် IPTV, VoIP ဖုန်းနှင့် အင်တာနက် သုံးမျိုးလုံး အသုံးပြုမည်ဆိုပါက ကနဦးတပ်ဆင်ခမှာ ကျပ်ကိုးသိန်းဖြစ်ပြီး အင်တာနက်နှင့် VoIP ဖုန်းနှစ်မျိုးသာ အသုံးပြုလျှင် ကနဦးတပ်ဆင်ခမှာ ကျပ်ခုနစ်သိန်းခွဲ ဖြစ်ကြောင်း သိရသည်။ အသုံးပြုမည့်သူ ရွေးချယ်သုံးစွဲနိုင်သော မြန်နှုန်းငါးမျိုး သတ်မှတ်ထားပြီး လစဉ်ကြေးမှာ ကွာခြားမည်ဟု သိရသည်။ Bandwidth- 512 Kbps အတွက် လစဉ်ကြေးမှာ အက်ဖ်အီးစီ ၄၀ ဖြစ်ပြီး 1 Mb မှာ အက်ဖ်အီးစီ ၇၅၊ 2 Mb မှာ အက်ဖ်အီးစီ ၁၂၅၊ 4 Mb ဆိုပါက အက်ဖ်အီးစီ ၂၇၅၊ အမြင့် ဆုံး 8 Mb ဖြင့် အသုံးပြုမည်ဆိုလျှင် လစဉ်ကြေးမှာ အက်ဖ်အီးစီ ၅၅၀ ဟု နှုန်းထားများ သတ်မှတ်ထား ကြောင်းသိရသည်။ ထို့ပြင်နှစ်စဉ်ကြေး မှာ ကျပ်ခြောက်သောင်းဖြစ်သည်။


" ၀န်ဆောင်မှုသုံးမျိုးလုံး အသုံးပြုမယ်ဆိုရင် IPTV အတွက် Setup Box တစ်ခုထားရှိရမှာဖြစ်ပြီး Free Channel တွေကို အခမဲ့ကြည့်ရှုခွင့်ရမှာ ဖြစ်ပါတယ်။ Pay Channel တွေလည်း သီးသန့်ရှိဦးမှာ ဖြစ်ပြီး Package အလိုက် အခကြေးငွေနဲ့ ရွေးချယ်သုံးစွဲနိုင်မှာပါ။ သုံးစွဲသူ အများစုရှိမယ့် ကွန်ဒို၊ ဈေးဝယ်စင်တာစတဲ့ နေရာမျိုးတွေမှာ တပ်ဆင်မယ်ဆိုရင် အကောင်အထည်ဖော်ရတာ ပိုမြန်မှာပါ။ နေရာအနေအထားပေါ် မူတည်ပြီး သွယ်တန်းလို့ရ၊ မရဆိုတာ လည်း အကန့်အသတ် ရှိနိုင်ပါတယ်" ဟု RedLink ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။


ဖိုင်ဘာဖြင့် အင်တာနက်ချိတ်ဆက်ခြင်းအတွက် မန္တလေးမြို့တွင် လျှောက်လွှာများ စတင်လက်ခံနေပြီး အောက်တိုဘာ ၁၇ ရက်နေ့မှစ၍ သုံးစွဲခွင့်များ စတင်ချပေးသွားမည်ဟု သိရသည်။


ဖိုင်ဘာဖြင့် အင်တာနက်ချိတ်ဆက်ခြင်းအတွက် ကုမ္ပဏီခြောက်ခု မှလုပ်ကိုင်ခွင့်များရရှိထားပြီး ရန် ကုန်မြို့၌ ယခုနှစ်မကုန်မီ အသုံးပြုခွင့်ရမည်ဟုလည်း သိရသည်။

http://www.news-eleven.com/

Tuesday, September 28, 2010

မရယ်နဲ့ .... ဒါရယ်စရာ မဟုတ်ဘူး


News Pic
စက်တင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့၊ကုန်သည်ကြီးများ ဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဘတင့်ဆွေက ရွေးကောက်ပွဲ
ဝင်ရသည့်အကြောင်းရင်းကို ပြည်တွင်းပြည်ပ မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်။ ၎င်းနှင့်အတူ တစ်သီးပုဂ္ဂလ ကိုယ်စား
လှယ်လောင်းအချို့ကို တွေ့ရစဉ်။
ဓာတ်ပုံ-ဟိန်းလတ်အောင်

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ ပြည်သူများက မဲရုံသို့ ရဲရဲသွား၊ ရဲရဲတွေး၊ ရဲရဲဆုံးဖြတ်ပြီး မဲပေးကြရေး အတွက် စည်းရုံးဆောင်ရွက်မည်ဖြစ်ကြောင်း တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း ၁၅ ဦးက ယခုလ ၂၁ ရက်နေ့တွင်၊ သဘောထားထုတ်ပြန် ခဲ့သည်။

ကုန်သည်ကြီးများ ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်းများ၊သတင်းစာရှင်းလင်းပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စား လှယ်လောင်းတစ်ဦးဖြစ်သူ ဦးရန်ကျော်က ယင်းသို့ ထုတ်ပြန်ကြေညာ ခဲ့သည်။

အနာဂတ်မြန်မာနိုင်ငံတွင်၊အာဏာရှင်စနစ် မပေါ်ထွန်းရေး၊ ဒီမိုကရေ
စီစနစ် ရှင်သန်ထက်မြက်ရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဒီမို
ကရေစီလမ်းကြောင်းနှင့်၊သွေဖည်နေသည့်ဥပဒေများ ပယ်ဖျက်ပေး ရေးနှင့် အကျိုးရှိသော ဥပဒေများ အတည်ပြုနိုင်ရေး စသည့်အချက်များ ပါဝင်သည့် ထုတ်ပြန်ကြေညာချက်ကို ၎င်းအပါအ၀င် တစ်သီး ပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦးနှင့် တိုင်း ဒေသကြီး၊ သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၄ ဦးက လက်မှတ်ရေးထိုးထားသည်။

"ပြည်သူတွေက ပါတီနဲ့ နိုင်ငံရေးဆိုတာကို စိမ်းနေတယ်။ ရွံ့နေတယ်။ ကြောက်နေတယ်။ အဲဒါ အနှစ် ၂၀ လုံးလုံးပဲ။ ပါတီထဲတော့ မ၀င်ပါရစေနဲ့၊ ကူဆိုရင်တော့ ကူပေးပါ့မယ်ဆိုတာ တွေရှိတယ်။ ပုဂ္ဂိုလ်ရေးအရ ကူညီချင်ပေမယ့် ပါတီဆိုရင် ကြောက်နေကြတယ်" ဟု ဦးရန်ကျော်က ပြောသည်။

"တည်ဆဲအစိုးရကိုဆန့်ကျင်မှ နိုင်ငံရေးလို့ ထင်နေကြတယ်။ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာဖြစ်အောင် သစ်ကိုင်းလည်း မကျိုးကျအောင် လုပ်ရမှာပေါ့"ဟု ၎င်းက ဆိုသည်။

ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးရန်ကျော်က ၎င်းတို့ကွန်ရက်တွင်ပါဝင်သော၊တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းများမှာ မှတ်ပုံ မတင်ခင်က တစ်ဦးနှင့်တစ်ဦး သိကျွမ်းခြင်းမရှိသော်လည်း သတင်းဂျာနယ်များမှတစ်ဆင့် အတွေးအခေါ်တူသူချင်း ပေါင်းစုမိကြခြင်းဖြစ်ကြောင်း၊ ကိုယ်ပိုင်ခြေထောက်ပေါ် ရပ်သည့် တစ်သီးပုဂ္ဂလ အစစ်အမှန်များဖြစ်ကာ အမှီအခို မရှိကြောင်း ဦးရန်ကျော်က ပြောသည်။

"အတွေးတူစိတ်တူပြီး အချင်းချင်းအကူအညီလိုရင်ပေးမယ်။ အဖွဲ့အစည်း မဟုတ်ပါဘူး။ ကွန်ရက်ပါပဲ"ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့က ပြည်သူအတွက် တစ်ခုခုလုပ်ပေးချင်တာ။ လုပ်ပေးချင်ရင် လုပ်ပိုင်ခွင့်ရှိတဲ့နေရာကို ရမှဖြစ်မယ်။ တံခါးကို တွန်းဖွင့်ရမှာပေါ့။

" Change (အပြောင်းအလဲ)ကို မျှော်လင့်ကြတယ် ဆိုတာ ဘာမှမလုပ်ရင်တော့ ဘာမှမဖြစ်ဘူး"ဟု ဦးရန်ကျော် က ပြောသည်။

ယခုအချိန်၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများတွင်၊အခက်အခဲအချို့ ရှိနေသေးကြောင်း၊ မိမိတို့ယှဉ်ပြိုင်ရာ မဲဆန္ဒနယ်တွင် မဲစာရင်းဝင်ကြောင်းပြသရန် လိုအပ်သည်ဖြစ်ရာ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲက မဲစာရင်းနံပါတ် တိတိကျကျမပေးနိုင်သည် ကိစ္စများရှိကြောင်း မြောက်ဥက္ကလာပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဘတင့်ဆွေက ပြောသည်။

လုပ်ဖော်ကိုင်ဖက်ဖြစ်သူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၀ ခန့် အမည်စာရင်းတင်သွင်းရန် စီစဉ်ခဲ့သော်လည်း အချိန်နှင့် ငွေကြေးအခက်အခဲကြောင့် မတင်သွင်းနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

"ကျွန်တော်တို့လို ကိုယ်စားလှယ်လောင်းတွေကို ပြည်သူ့ ကျွန်သဘောထားပြီး ရွေးချယ်ပေးကြပါလို့ ပြည်သူလူထုကိုပြောချင်ပါ တယ်"ဟု ဦးဘတင့်ဆွေက ပြောသည်။

ရွှေယင်းမာဦး
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၅)(မြန်မာတိုင်မ်း)

မျိုးကြီး - ယူလိုက် (သီချင်းသစ်)

Check out Listen Myanmar Mp3 Album | Song | Music

အို ဘုရားသခင်

ပေါ်လာတိုင်းပင် ပညာရှင်

စော်ကားကြတုန်းပင်


သူတို့ပြောစကား သင့်ကိုများ

မရှိဘူးတဲ့ဗျား


ကျေးဇူး စကားဆိုဖို့များ

သူတို့ မတတ်လေသလား


သုတ်သင် လိုက်ပါ ဘုရားသခင်

သိပ္ပံ တွေးခေါ်ရှင်


ငါတို့တွေသာ ချန်လို့ထား

ငါတို့ ဒုက္ခများ


မိုးယံ (27.9.10)

Monday, September 27, 2010

ညီညီညာညာ ဆိုလိုက်ကြပါ

ဒီစာ ကို ရေးချင်နေတာတော့ကြာပါပြီ ။ ဟောဒီ ပတ်စပို့ စာအုပ်လေးကို တွေ
့ကတည်းက စိတ်ဝင်စားလို့ ကြည့်မိရင်း ရေးချင်တဲ့ အတွေး တချို့ ဝင်လာလို
့ပါ။ လူမှာ အမျိုးကြက် မှာအရိုး ဆိုတော့လည်း . ကိုယ့်အမျိုး ကိုယ့် ဇာတိ
.ကိုယ့် အမိမြေကို ချစ်တတ်အောင်ပါ။ ဒါမျိုးတွေကတော့ အစိုးရ
သတင်းစာတွေမှာလည်း ဖတ်ဖူးမြင်ဖူးမှာပါ ။ ဒါပေမယ့် သူတို့ လို ၀ါဒဖြန်
့သဘောမဟုတ် ။ တကယ့်ကို ရင်ထဲက ခံစားလိုက်ရလို့ ရေးဖြစ်သွားတာပါ ။
အထူးသဖြင့် ပြည်ပ ရောက်ပြီး ကိုယ့်တိုင်းပြည်နဲ့  ဝေးနေတဲ့သူတွေ အတွက် တော့
အမိမြေရဲ့ တန်ဖိုးလေးကို သိတတ်။ တန်ဖိုးထားတတ်ကြပါစေလို
့ဆန္ဒပြုရင်းပေါ့။

အလေးပြု .. ဂျပု

အလယ်တန်း ကျောင်းသားဘ၀ ကတည်းက စိန်ပေါလ် ကျောင်း ရှေ့ အလံတိုင်ကို သောကြာနေ
့တိုင်း အမျိုးသားဝတ်စုံ (တိုင်ပုံ) ၀တ်ကာ အလေးပြုကြရသည်။ ပြီးနောက်
နိုင်ငံတော် သီချင်း ကမ္ဘာမကြေ ကို သံပြိုင်သီဆိုကြရလေသည်။



အရင်တုန်းကတော့ ဒါမျိုး အစီအစဉ် မရှိ ။ ကျောင်းအုပ်ဆရာကြီး အသစ်ပြောင်းလာ ပြီးမှ သူ က
ယခုလို စီစဉ် သဖြင့် အပတ်စဉ် နိုင်ငံတော်အလံကို အလေးပြုရသည်။ ထို
့ကြောင့် ပထမဦးဆုံး အလေးပြုကြသည်တွင် အနည်းငယ် ကမောက်ကမ ဖြစ်လေသည်။
ကျောင်းသားခေါင်းဆောင် (မော်နီတာ) မှ နိုင်ငံတော်အလံ အား အလေးပြု ဟု အသံဝါ
ကြီးနှင့် ကျယ်လောင်စွာ အော်လိုက်သောအခါ .ကျွန်တော်တို
့ကျောင်းသားများကလည်း တညီတညွှတ်တည်း .. ဂျပု .. ဟု နောက်ပြောင်ကာ
သံယောင်လိုက်ကြသည်။

အလေးပြု .. . ဂျပု .. ကာရံလေးကတော့ မိနေသားပဲ ။

ဒါပေမယ့် . ကျေင်းအုပ်ဆရာကြီးက အတော့်ကို ဒေါသထွက်လေသည်။ နိုင်ငံတော်
အလံအလေးပြုပွဲ ကို နောက်ပြောင်စရာမလို ။ လေးစားတန်ဖိုးထားရမည်ဟုဆို၏။
အနားရှိ ဆရာမ များကလည်း အသံလာရာ ဘက်ဆီမှ ကျောင်းသားတချို့ ကို
ကျောပြင်ကို ဗျောတင်လေတော့သည်။

ရွှမ်း. .. ရွှမ်း . အဲဒါ ဂျပု အုံး…. ဂျပု အုံး။





ထို့ ကြောင့် မော်နီတာ ဖြစ်သူကို နောက်တစ်ခေါက် အလေးပြု ဖို့ စေခိုင်းလေတော့သည်။

ဒီတခါတွင်တော့ . ဆရာ ၊ မ များက အနီးကပ် သေချာစွာလိုက်ကြည့်လေသည်။ နိုင်ငံတော်အလံ အား
အလေးပြု ဟု ဒုတိယအကြိမ်ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။ အသင့်ရွယ်ထားသော
ကြိမ်လုံးများ၏ အောက်တွင် ကျွန်တော်တို့ ကျောင်းသားများက တုပ်တုပ်ပင်
မလှုပ်ရဲသော်လည်း တချို့ နေရာက ..တခွီးခွီး ဟု ရယ်သံများ ထွက်ပေါ်လာလေသည်။

ထို့ နောက် နိုင်ငံတော်သီချင်းသီဆိုပြီး စာသင်ခန်း သို့ ပြန်ဝင်ကြရသည်။
အတန်း ထဲ ရောက်သော ယခုန က အဖြစ်အပျက်များကို စမြုံ ပြန်ရင်း
ကမ္ဘာမကြေသီချင်းကို နောက်ပြောင်သီဆိုကြပြန်၏။

ကမ္ဘာမကြေ...


ဒါတို့ ပြည် ဒါတို့ မြေ တို့ ပိုင်တဲ့မြေ

ပြည်ထောင်စုကို လက်ဖက် ကျွေးလို့ 

တို့ တာဝန်ကြေ... ဒါတို့ ပြည်..ဒါ.တို့ ..........



ဖြန်း..ဖြန်း ဟူသော အတန်းပိုင် ဆရာမ ၏ ကြိမ်စင်္ကြာ က ဘယ်ကမှန်းမသိ ရောက်လာပြန်၏။


ဘာ..တဲ့..လက်ဖက် ကျွေးလို့ ..ဟုတ်လား...ဆိုအုံးလေ...


ပြည်ထောင်စုကို လက်ဖက် ကျွေး.ကြအုံးလေ ..နောက်တခါ ဒီထက် နာမယ် မှတ် ထား .. ဟောဒီ
ကြိမ်လုံးကို နမ်းထားကြ.. ဟုဆိုကာ ကြိမ်လုံး ကြီးကို အနားသို
့ထိုးပေးလေသည်။

ထိုစဉ် ကျွန်တော်ကလည်း ယောင်ယမ်းကာ ဆရာမ ၏ ကြိမ် လုံးကို အဟုတ်မှတ်ပြီး သွား နမ်းလိုက်မိသည်။

ထို့ ကြောင့် ဆရာမက ဒေါသပိုထွက်ကာ . အဲဒီ အူကြောင်ကြား ကောင် ကလည်း ရွဲ
့ပြော လို့ ပြောမှန်း မသိ ဟု ဆိုကာ ထပ်မံ အရိုက်ခံရပြန်သေးသည်။

(အော်..သားက သိမှ မသိတာကို ..နမ်း ပါဆို လို့ .)


နောက်အပတ် သောကြာနေ့ 


ကျောင်းအုပ် ဆရာကြီးက နောက်တချိန် Assembly တွေ့ ဆုံပွဲ တင် အမျိုးသားအလံ ၊
အမျိုးသားသီချင်း အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားလေတော့သည်။

လူဆိုတာ ကိုယ့်နိုင်ငံရဲ့ အမျိုးသား အလံ ၊ သီချင်း ၊ ၀တ်စုံ စသည်တို့ ကို
တန်ဖိုးထားလေးစားရမည်။ နိုင်ငံတကာအလယ်တွင် ထိုသို့ ကိုယ်ပိုင် သင်္ကေတ
များဖြင့် ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ဖို့ ရာ လွယ်ကူသည့် ကိစ တော့ မဟုတ်ချေ။
လွတ်လပ်သော နိုင်ငံ အဖြစ်ရပ်တည် နိုင်ရန် ပေးဆပ်ခဲ့ရသော ကျွန်တော် တို
့ဘိုးဘွားများ၏ အသက် သွေး ချွေးများက မနည်းလှပေ။ ထို့ ကြောင့်
တန်ဖိုးကြီးမားလှသော နိုင်ငံတော် အလံ ကို ရိုသေရမည်။ နိုင်ငံတော်
သီချင်းကို လေးမြတ်ရမည်။ ကိုယ့်အမျိုးသားဝတ်စုံကို တန်ဖိုးထားရမည်။

ကမ္ဘာပေါ်တွင် ကိုယ်ပိုင် နိုင်ငံ ရယ်လို့ မည်မည် ရ ရ မရှိသည့် နိုင်ငံ
ပေါင်းများစွာရှိလေသည်။ တိုင်းတပါးက ကျွန်ပြုသိမ်းပိုက်ထားပြီး
ယခုထက်တိုင် လွတ်လပ်သော နိုင်ငံအဖြစ် မရောက်ရှိသေးပဲ နိုင်ငံတကာ အလယ်တွင်
ညှိုးငယ်စွာ နေရသော တိုင်းနိုင်ငံ များ အကြောင်းပြောပြလေသေည်။ ကျွန်တော်တို
့မြန်မာနိုင်ငံ သည်ပင် တချိန်က ကိုလိုနီ ကျွန် နိုင်ငံ ဖြစ်ခဲ့သေးသည်။
အကယ်လို့ များ ဗိုလ်ချုပ် အောင်ဆန်း တို့ လို ပုဂ္ဂိုလ် တို့ က
စွမ်းစွမ်းတမံ မကြိုးစားခဲ့ မိလျှင် လွတ်လပ်ရေး ဆိုတာလည်း
ဝေး၀ါးနေအုံးမည်သာ။

အာဇာနည် ကြီးများ၏ သက်စွန့် ကြိုးပမ်းမှူ့ ကြောင့်သာ ကျွန်တော် တို့ ယခု ကဲ့သို့ နေနိုင်ခြင်ဖြစ်သည်။

တရုတ်ပြည်ရှိ ဟောင်ကောင်ကျွန်း ပင်လျှင် လွန်ခဲ့သော ၁၉၉၇ ခုနှစ်လောက်မှ သာ အင်္ဂလိပ်တို
့က ပြည်မကြီး ထံသို့ လွှဲပြောင်းပေးခဲ့သည် မဟုတ်ပါလော။

တိုင်းတပါးလက်အောက်ခံ ဘ၀ သည် သိမ်ငယ်ပေစွ ။ အောက်ကျ ပေစွ ။

ထိုသို့ ပြောကြားနေစဉ် ဘေးနားမှ သူငယ်ချင်းတဦးက အရွှင်းဖောက်လေသည်။
ဆရာကြီးကလည်း …ဟောင်ကောင်လို အေးအေးဆေးဆေးမှ လွတ်လပ်ရေး ယူရင် ပြီးရော ။
ငါ တို့ တွေ လည်း သူတို့ ထက်တော့ တိုးတက်မှာပဲ . ချမ်းသာမှာပဲ..
အင်္ဂလိပ်ခေတ်တုန်းက Rangoo , Burma ဆိုတာ အာရှ မှာ တစ်ပဲကွ .. အခုကတော့
အင်္ဂလိပ် ခေတ် ထက်တောင် အောက်ကျနေသေးတယ်။ မင်းစဉ်းစားကြည့်လေ…
အင်္ဂလိပ်ကျွန်ဘ၀ ကလွတ် တော့လည်း ငါတို့ က ကမ္ဘာပတ်ပြီးတော့ ကျွန်ခံနေကြရတာပဲ
။ ငါ့ ဦးလေတွေ ဆိုရင် မလေး ကိုသွားလိုက်။ ထိုင်းကို သွားလိုက်နဲ့ ။
အင်္ဂလိပ်ခေတ်တုန်းက ဒီနိုင်ငံတွေက ငါတို့ ကို မော်
တောင်ကြည့်ဝံ့တာမဟုတ်ဘူးကွ။ အခုတော့ ကွာ။ မင်းလည်း ကျောင်းပြီးတာနဲ
့နိုင်ငံခြားကို သွားပြီး အလုပ် လုပ်ရလိမ့်မယ် . မယုံရင် ကြည့်နေ ။

ဗိုလ်ချုပ်တို့ က..လွတ်လပ်ရေး ယူတာ နည်းနည်းစောသွားတယ်။ အခု နေမှ ယူရင် အေးဆေးပဲ .
တိုက်ခိုက်စရာတောင်မလိုတော့ဘူး။ အခုလိုလည်း နိမ့်  နေမှာမဟုတ်ဘူး.

အနှီ သူငယ်ချင်း၏ စကားသည် မည်သို့ မှ လက်ခံနိုင်စရာမရှိပေ။ လူဆိုတာ
ကိုယ်ပိုင် နိုင်ငံ ဖြင့်နေနိုင်ရပေမည် ။ သူတပါး လက်အောက်ခံ ဖြင့်
မနေသင့်ပေ။ အသက်ပေး စွန့် လွတ်သွားသော သူရဲကောင်းတို့ ကား အချည်းအနှီး
မဖြစ်တန်ရာ။ သို့ သော် . အကြောင်းကြောင်း ကြောင့် ဆင်းရဲနေသော မြန်မာ
နိုင်ငံကို ကြည့်ကာ မချိတင်ကဲ ဖြင့် ကလေး သဘာဝ ပြောသည်ဟုသာ နားလည်မိပါသည်။



(၀န်ခံချက် . .လွန်ခဲ့သော 15 နှစ်ခန့် က သူ ပြောခဲ့သည့် မင်းလည်း နိုင်ငံခြားမှာ
ကျွန်ခံ ရလိမ့်မည်ဟု စကားသည် နောင်သော် ကျွန်တော့် အဖို့ သွေးထွက်အောင်ပင်
မှန်လေတော့ သတည်း)

ဒုက္ခပင်လယ် ထဲက ပါလက်စတိုင်း
ို့ နောက် ဆရာကြီးက မ.လွတ်လပ်သေးသော နိုင်ငံများအကြောင်း နှင့် ၄င်း တို့ ၏
နေ့ စဉ် လူမှု့ ဘ၀ဒုက္ခ များကို ပြောကြားလေတော့သည်။ အဓိက ထောက်ပြ သွားသည်
နိုင်ငံကတော့ ..အရှေ့ အလယ်ပိုင်းရှိ .. Palestine ပါလက်စတိုင်း ဟူသော
နိုင်ငံ အကြောင်းပင် ။ ကမ္ဘာကျော် ဂျေယုဆလင် မြို့  ရှိသည်
့နိုင်ငံလည်းဖြစ်သည်။ ထိုနိုင်ငံသည် 1947 ခုနှစ် ခန့် မှ စတင်ကာ
ဂျူးလူမျိုးများက တိုက်ခိုက်သိမ်းပိုက်ပြီး Israel အစ္စရေး ဟူသည့် နိုင်ငံ
တည်ထောင်လိုက်ကြသည်။ ထိုနယ်မြေကို သူပိုင်သည် ငါ ပိုင်သည် ဟု ငြင်းခုန်ကာ
နယ်မြေလု စစ်ပွဲ များ အကြိမ်ကြိမ်ဆင်နွဲကြသည်။ ဂျူးတို့ ကလည်း သူတို့ ၏
အဘိုး၊အဘေးများ ၏ ဘိုးဘွားပိုင်မြေ ဖြစ်သည်ဟုဆိုကာ အလျော့မပေး သဖြင့်
ပါလက်စတိုင်းသား တို့ သည် နိုင်ငံလက်မဲ့ ဖြစ်ကုန်ကြရသည်။ ခေတ်အဆက်ဆက်
လွတ်လပ်ရေးတိုက်ပွဲများဖြင့် ကြိုးပမ်းခဲ့သော်ငြားလည်း ယနေ့ ထက်တိုင်
မလွတ်လပ်နိုင်သေးပေ။ မငြိမ်းချမ်းသေးသော နိုင်ငံပင်ဖြစ်သည်။

သွေးစွန်းသောနေ့ ရက်များ မည် ဒုက္ခ အတိ ပြီးလေ၏။ မျက်ရည် တို့ ဖြင့် ပြည့်လျှမ်းနေသော
မျက်လုံးများ ၊ ဗုံးကွဲသံ ၊ သေနတ်သံများ ၊ ကယ်သူမဲ့သူတို့ ၏ အော်ဟစ်သံများ
သည် ပါလက်စတိုင်းသားတို့ ၏ မထူးဆန်းသော အရာများ ဖြစ်လေသည်။

အဖြူသည် အနက် နှင့် ယှဉ်လိုက်မှ ပို ဖြူလာသည်။ အလင်းသည် အမှောင် နှင့်
နှိုင်းကြည့်မှ ပို ၀င်းလာသည်။ တည်ငြိမ်အေးချမ်း ပြီး လွတ်လပ်သောနိုင်ငံ ၏
တန်ဖိုးသည် မလွတ်လပ်ပဲ နေ့ စဉ်လိုလို တိုက်ပွဲ များ ဖြစ်နေသော နိုင်ငံ
များအကြောင်း သိရမှ ပိုပြီး တန်ဖိုးတက်လာသည်။ ကျွန်တော်တို့ သည်
ကိုယ့်နိုင်ငံ ကို တန်ဖိုးထားသင့်သည် မဟုတ်ပါလော။ ကျွန်တော် တို့ ၏
ဘိုးဘေး များသည်ပင် တချိန်က ပါလက်စတိုင်းပြည်သူများလို ခံစားခဲ့ကြရဖူး၏ ။
ဒုက္ခ ပင်လယ် ဝေဖူး၏။

ဆရာကြီးသည် ကျောင်းသားများကို ဇာတိသွေး၊ဇာတိမာန် များ ရှင်သန် အောင်ပျိုးထောင်ပေး၏။
မျိုးချစ်စိတ်ဓာတ်ကို မွေးဖွားပေး၏။ အမျိုးသား သီချင်း ၏ တန်ဖိုးကို
ဂုဏ်မြင့်ပေး၏။

ထို နေ့  ထို အချိန်မှ စတင် ကာ နောက် နောင် နိုင်ငံတော် အလံ အလေးပြုပွဲ တွင် မည်သည့် နောက်ပြောင်သံမှ မကြားရတော့ ။
အားလုံးသော ကျောင်းသားများက အလံတော်ကို ရိုသေလေးမြတ်စွာ ဦးညွှတ်
လိုက်ကြသည်။

ကျွန်တော်သည် ထိုစဉ်ကတည်းက ပါလက်စတိုင်း ဟူသော နိုင်ငံ ၏ အမည်ကို စတင် ရင်းနှီးခဲ့ပါသည်။ ကမ္ဘာ့ မြေပုံတွင်
လိုက်ရှာကြည့်သော် မတွေ့ ချေ။ အော်. ဘယ်ပါ ပါ့မလဲ။ လွတ်လပ်သည့် အချုပ်အခြာ
အာဏာ နိုင်ငံမှ မဟုတ်တာ။ သို့ သော် . ပါလက်စတိုင်း တို့ ၏ သတင်းသည်
ကမ္ဘာ့ သတင်း ခေါင်းစီး များတွင် အမြဲလိုလိုပင် ။ ကြားလိုက်ရသည်က လည်း
စိတ်ချမ်းသာ စရာမရှိ ။ အနိဌာ ရုံ တွေ ချည်းပင် ။ သနား ဖွယ်ရာ ကောင်းလေစွ ။



ယခု ကျွန်တော်သည် အရှေ့ အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော့ ဆော်ဒီအာရေးဗီးယား
နိုင်ငံ တွင် ဟိုတယ် ၀န်ထမ်း အဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ ဟိုတယ်သို
့လာရောက်တည်းခိုသူများတွင် ပါလက်စတိုင်း လူမျိုးများ လည်း မကြာခဏ တွေ
့ရတတ်သည်။ သို့ သော် ထူးဆန်း သည် က သူတို့ ၏ နိုင်ငံကူးလက်မှတ် (Passport )
စာအုပ် ဖြစ်သည်။ သူတို့ တွင် ကိုယ်ပိုင်နိုင်ငံ မရှိပါပဲ မည်သို့ သော
နိုင်ငံကူးလက်မှတ် (Passport ) ကို ကိုင်ဆောင်ကြသနည်း ။ စိတ်ဝင်စားစွာ
ကြည့်လိုက်မိသောအခါ .

Palestine.jpg
ဘာသာစကား အခက်အခဲကြောင့် ကာယကံရှင်အား ခွင့်မတောင်းမိသည့်အတွက် အနူးအညွှတ် တောင်းပန်အပ်ပါသည်။




ကာယကံရှင်အား နစ်နာလိုစေသောရည်ရွယ်ချက် အလျင်းမရှိ ။ ကိုယ့်လူမျိုး များ သင်ခန်းစာယူရန်သာ ရည်ရွယ်လျက်


ဟုတ်ပါသည်။ ၄င်းတို့ ၏ အိမ်နီးချင်းဖြစ်သော လက်ဘနွန် နိုင်ငံမှ နိုင်ငံကူးလက်မှတ် (Passport ) များကိုထုတ်ပေးထားပါသည်။ သို့ သော် ဒေသခံ လက်ဘနွန်
နိုင်ငံသားစစ်စစ်များ ကိုင်ဆောင်သော စာအုပ် နှင့် ပါလက်စတိုင်းသားများ ၏
စာအုပ်ကတော့ ကွဲပြားခြားနားပါသည်။

ပုံတွင် တွေ့ ရသည့်အတိုင်း နိုင်ငံကူးလက်မှတ် ၏ အောက်နားတွင် ပါလက်စတိုင်း နိုင်ငံသားဖြစ်ကြောင်း
တံဆိပ်တုံး ထုထားပါသည်။ စာအုပ်တွင်လည်း Refugee ဟုခေါ်သည့် ဒုက သည်များ ဟု
ရေးသားဖော်ပြထားလေသည် ။ စာအုပ်၏ မျက်နှာဖုံးကတော့ လက်ဘနွန် နိုင်ငံ ဟူ
ဖော်ပြထားပါသည်။

ကျွန်တော်သည် အဆိုပါ စာအုပ်ကို ကြည့်ပြီး ခဏ မျှ တွေးကြည့်ဖူးပါသည်။ ကိုယ်ပိုင်နိုင်ငံ ရှိလျက် အိမ်နီးချင်း သူတပါး
နိုင်ငံ မှာ အရာရာအောက်ကျို့ စွာ နေရမည်သာ။

ကိုယ့် အိမ် ကိုယ့် ယာ ကို တိုင်းတပါးသားတို့ က သိမ်းယူ ထားသဖြင့် နေစရာ အိမ်မရှိသောကြောင့်
သူတပါးအိမ်တွင် ခိုကပ်နေရသော ဘ၀ ကား လွန်စွာ အသည်းနာ စရာကောင်းလှပေသည်။
အော်..ငါတို့ မြန်မာ နိုင်ငံလည်း အဲဒီလို မလွတ်လပ်တဲ့နိုင်ငံဖြစ်ရင် ..
ငါတို့ ရဲ့ အလံတော် ၊ ငါတို့ ရဲ့ နိုင်ငံတော် သီချင်း . ငါတို့ ရဲ
့အမျိုးသားဝတ်စုံ ဒါတွေ လည်း ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ၀တ်နိုင်မည်
မဟုတ်ချေ။

ထို့ ကြောင့် ရှိရင်းစွဲ ကိုယ်ပိုင်အလံ ကို လေးစားစွာ အလေးပြု လိုက်ရင်း . . . ကိုယ့်နိုင်ငံတော် သီချင်းကို ရင်ထဲမှ လှိုက်လှဲ
စွာ သီဆိုလိုက်ချင်ပါတော့သည်။

ကမ္ဘာမကြေ .. ကမ္ဘာမကြေ

ဒါတို့ ပြည် ဒါတို့ မြေ တို့ ပိုင်တဲ့မြေ..
ပြည်ထောင်စုကို အသက်ပေးလို့ တို့ ကာကွယ်မလေ
ဒါတို့ ပြည်. ဒါတို့ မြေ.......
...............
..............
............

National Anthem : http://www.youtube.com/watch?v=3GK1S-pn6B0

အလေးဂရုပြုလျက်
ဇော်ပြည့်

အဝေးရောက်သူငယ်ချင်းများအတွက်(သို့ ..........မေမေ)

> Hits: 2 အမေ မသိသေးသော အကြောင်းများ မဂ္ဂဇင်း ကာတွန်းတစ်ခုထဲမှာ ဒီလိုဖတ်ဖူးပါတယ်။ မိန်းမနှစ်ယောက် ဈေးက အပြန်လမ်းမှာတွေ့တော့ တစ်ယောက်ကနောက်တစ်ယောက်ကို ပြောနေတာ။

> ‘ကျွန်မအမျိုးသားက နိုင်ငံခြားမှာ အလုပ်လုပ်နေတာလေ။ သားက လည်း နိုင်ငံခြားမှာပဲ။ သမီးကတော့
> အဲဒီမှာ ပဲကျောင်းတက်နေလေရဲ့’

> ‘ဟင် ဒါဆိုရှင်က ဘာလို့ လိုက်မသွားတာလဲ’
> ‘အဟင်း ကျွန်မကကြွားခြင်လို့ နေခဲ့တာလေ’ တဲ့။

> အဲဒီ ကာတွန်းလေးက အမေပြောပြတာပါ။ အမေကတော့ ဟုတ်မှာပေါ့လေ။ ဒါပေမယ့် အမေမသိသေးတာ တွေ အများကြီးရှိပါသေးတယ်။

> ‘ဟုတ်တယ် နိုင်ငံခြားမှာ လမ်းတွေတအား ကောင်းတာတဲ့။ တစ်မြို့လုံးလည်း
> သန့်ရှင်းနေတာပဲတဲ့။ လျှပ်စစ် မီးဆိုတာတော့ ပြောစရာကို မရှိဘူးတဲ့’

> အမေကတော့ မိတ်ဆွေတွေနဲ့ တွေ့တိုင်း အဲလိုပြောလေရဲ့။ ဒါပေမယ့် အမေပြောပြောနေတဲ့ နိုင်ငံခြားမှာ တစ်အား ကောင်းနေတာတဲ့ ဆိုတာ
> ကျွန်တော်ကတော့ လက်မခံဘူးအမေ။ တစ်ကယ်တော့ နိုင်ငံခြားက
> တစ်အားကောင်းဒါမဟုတ်ဘူးဗျ။ ဒါတွေက ပုံမှန်ပဲ။ ကတ္တရာလမ်း ချိင့်ခွက်မရှိတာ

> ကို တကားကောင်းတယ် လို့ ပြောလို့ရမလား။ လမ်းဘေးတွေမှာ အမှိုက်မရှိတာရော
> တအားကောင်းနေတာလား။ လျှပ်စစ်မီး ခလုတ်ဖွင့် လိုက်တိုင်း ရှိနေတာကရော။ Bus
> ကားတွေ မြို့ပတ်ရထားတွေ အချိန်မှန်နေတာကရော အထူး အဆန်းလားပဲလား။
> ကျွန်တော်ကတော့ အဲဒါကို အရမ်းကောင်းနေတယ်လို့ မယူဆဘူး အမေ။ ဒါတွေက
> ပုံမှန်လေ။ တစ်ကယ်တော့ ကျွန်တော်တို့ဆီက ပုံမမှန်ဖြစ်နေတာ။ အဲဒါကြောင့်
> နိုင်ငံခြား တစ်အား ကောင်းနေတယ်လို့ ပြောရင် သိပ်ဘ၀င် မကျဘူး အမေ။
> နိုင်ငံခြားက ပုံမှန် ကျွန်တော်တို့ဆီက ပုံမမှန်။

> သူတို့ဆီမှာ ရုပ်ဝတ္ထုပစ္စည်းတိုးတက်မှု့ကတော့ ထိပ်ပဲလေ။ ဒါပေမယ့် ကျွန်တော်တော့ ဒီမှာ အရမ်းပျော်နေပြီ။ သူတို့ နဲ့ တစ်သားထဲကျနေပြီ။
> အင်တာနေရှင်နယ် စတန်းဒက် ဖြစ်နေပြီလို့ အမေထင်ရင်တော့ အမေ မှားသွား ပြီ
> အမေရေ။ ကျွန်တော်ဆိုတဲ့ ကောင်က အမေ့အိမ်ကို ပြန်လာဖို့ပဲ
> အမြဲတွေးနေတဲ့သူလေ။ မလာနဲ့ ဒီမှာ နေပူ၊ ဖုန်ထူ၊ ခြင်ကိုက်၊ မီးပျက်
> လို့တော့ ကျွန်တော့်ကို မပြောပါနဲ့ အမေ။ ကျွန်တော်က အဲယားကွန်းခန်း
> ကိုမုန်းလို့ နေရောင်ခြည်လေး လိုချင်နေတဲ့သူ၊ လေအဝေ့မှာ
> ဖုန်နံ့လေးရှူနေရတာကို air fresher နံ့ထက်ပို ကြိုက်တဲ့သူ၊ အမှောင်ထဲမှာ
> ထိုင်ပြီး ယက်တောင်လေးနဲ့ ခြင်ရိုက်ပြီး စကားပြောရတာကို ပို သဘောကျနေတဲ့
> သူဆိုတာ အမေမသိပါဘူးလေ။

> တစ်ချို့ကတော့ ပြောကြတယ်။ နိုင်ငံခြားမှာက အရည်အချင်းရှိဖို့ပဲ အရည်အချင်းရှိရင် အားလုံးတန်းတူပဲတဲ့။ အခုကမ္ဘာကြီးက Globalization
> ဖြစ်နေပြီတဲ့။ နေရာဒေသလေးတစ်ခုကို စွဲလမ်းနေလို့ မဖြစ်ဘူးတဲ့။ ရေကြည်
> ရာမြက်နုရာမှာ တိုးတက်အောင်နေရမှာပဲတဲ့။ တစ်ခုတော့ မေးပါရစေ။ ကမ္ဘာကြီးက

> တစ်ကယ့်ကို ကမ္ဘာ့ရွာကြီး ဖြစ်နေပြီလား။ လူမျိုးရေး ခွဲခြားမှု့တွေ
> မရှိတော့ဘူးလား။ ကျွန်တော့်မေးခွန်းကို သေချာဖြေကြည့်ပါ။ အမေရေ
> ကျွန်တော်တော့ ကမ္ဘာကြီးက နည်းပညာတစ်ခုကလွဲလို့ ဘယ်နေရာမှ တကယ် Globalize
> မဖြစ်သးဘူးလို့ ထင်တယ် အမေ။ ကျွန်တောတို့လို နိုင်ငံက လာတဲ့သူတွေကို
> ရုပ်ဝတ္ထုပစ္စည်း တိုးတက်နေတဲ့ နိုင်ငံတွေက သူတွေက (လူများစုပါ။ လူအားလုံးကို
> မဆိုလိုပါ) ဘယ်လိုမြင်တယ်ဆိုတာ့ အမေမသိသေးပါဘူးဗျာ။ ဒါတွေထားလိုက်ပါတော့။
> အသေးစိတ်တွေ ပြောပြနေရင် အမေစိတ်မကောင်းဖြစ်နေမှာ။

> တစ်ခါတစ်လေကြတော့ ကိုယ့်ကိုကိုယ် စက်ရုပ်တစ်ခုလိုထင်လာမိတယ်။ အလုပ်လုပ်နေတာ တစ်ကယ်ကို ထမင်းစားဖို့အတွက်လိုဖြစ်နေလို့ အမေ။ အရင်တုန်းက
> အမေ့အိမ်မှာ နေရင်းအလုပ်လုပ်ရတာကု အဓိပ္ပာယ် လေးတစ်ခုခု ရှိနေသလိုပဲ အမေ။
> အခုတော့ ဘာမှ အဓိပ္ပယ် မရှိသလိုပဲ။ ကိုယ့်နိုင်ငံမှာ လုပ်တာကမှ
> ကိုယ့်လူမျိုး ကိုယ့်မွေးရပ်မြေအတွက် ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်ခုခုတော့
> အကျိုးရှိဦးမယ် အမေ။ ကျွန်တော့် ကိုလူမျိုးရေး အမြင်ကျဉ်းတယ်လို့
> ပြောရင်းလည်း ကျေကျေနပ်နပ်ကြီး ခံပါမယ်ဗျာ။ အဲလောက် နိုင်ငံနဲ့ လူမျိုးကို
> ချစ်နေရင် ဘာလို့ထွက်လာသေးလဲကွာကို အပြစ်တင်မစောပါနဲ့။ လူ့ဘ၀မှာ လူတန်းစေ့
> လေးတော့ နေချင်တယ်လေ။ အင်း ခက်တာက အခုလိုနေနိုင်စားနိုင်အောင် အမေ့အိမ်က
> မှာ နေပြီး ကျွန်တော် မရှာနိုင်ဘူး အမေရေ။ ကျွန်တော်ကပဲ ညံ့လွန်းလို့ပဲလား။
> ရေကြည်ရာ မြက်နုရာဆိုရင် ကျွန်တော်တို့ဆီမှာ ရေတွေနောက်နေလို့လား။
> မြက်တွေကခြောက်နေလို့လား။ ကျွန်တော် မစဉ်းစား တတ်ဘူးအမေရေ။

> အမေမသိသေးတာတွေ အများကြီးရှိပါသေးတယ်ဗျာ။

> ဥပမာ ဒစ်ဂျစ်တယ် နိုးစက်သံက ဘယ်လောက်မုန်းစရာကောင်းတယ် ဆိုတာ အမေခံစားဖူးမှ သိလိမ့်မယ် အမေ။
> အမေတို့ဆီမှာ လူတွေ ဂုဏ်ယူဝင့်ကြွားစွာကိုင်နေတဲ့ ဟန်းဖုန်းဆိုတာ
> ကျွန်တော့် အတွက်တော့ နွားခလောက် တစ်လုံးနဲ့ ဘာမှ မထူးဆိုတာ အမေ မသိပါဘူး
> အမေ။ ဒီမှာ ရုပ်ဝတ္ထုပစ္စည်းအရ အများကြီးကောင်းတယ် ဆိုတာတော့ ကျွန်တော်
> မငြင်းပါဘူးအမေ။ ဒါပေမယ့်ဗျာ စာရေးဆရာတစ်ယောက် ပြောဖူးသလိုပေါ့။

> ‘ငှက်လှောင်အိမ်ကြီးကိုပဲ ဆေးသုတ်ပြီး အထဲက ငှက်ကလေးကို အစာမကျွေးရင် ဘာအဓိပ္ပာယ်ရှိမှလဲ’ တဲ့။

> ဒီမှာတော့ ရွှေပိန်းချလှောင်အိမ်ကြီးတွေ ထဲက ပိန်လှီနေတဲ့ ငှက်ကလေးတွေ အများကြီး တွေ့ခဲ့ရလို့ အဲလိုတော့
> မဖြစ်ချင်ဘူးအမေရေ။

> ကျွန်တော်ကတော့ အချိန်တန်ရင် အမေ့အိမ်ကို ပြန်လာနိုင်အောင် ကြိုးစားနေတာ။ အမေရေ။ ငါ့သားက နိုင်ငံခြားမှာ အရမ်းအဆင်ပြေနေတာလို့
> မကြွားပါနဲ့တော့ ဗျာ။ ငါ့သားက အမေ့အိမ်ကို တအားခင်တွယ်တာ လို့ပဲ
> ကြွားလိုက်စမ်းပါ။

> အခြေအနေ တစ်ခုရောက်ရင် ကျွန်တော်ပြန်လာမှာပါအမေ။ ဘာအခြေအနေလဲလို့ တော့ မမေးပါနဲ့ အမေ။ အခြေအနေတစ်ခုပေါ့။……


ဒါကကျွန်တော့မေးလ်ထဲက fwd: ပါ

Saturday, September 25, 2010

မိန်းမ တစ်ယောက်ရဲ့ အသက်ကို ခန့်မှန်းနည်း

အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင် သွားပြီး မျက်နှာပေါ်က အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။
ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ် ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက် သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။
“ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား”
“၃၂နှစ်လောက်ပေါ့” စာရေးက ပြန်ဖြေလိုက်တယ်။
“အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅၀ ပြည့်တာ” အမျိုးသမီးက ပျော်ရွှင်စွာ ပြောလိုက်တယ်။
နောက်တော့ သူမက မက်ဂ်ဒေါ်နယ်ဆိုင်ထဲ ဝင်သွားပြီး ကောင်တာက ကောင်မလေးကို အဲ့ဒီ မေးခွန်း ပြန် မေးလိုက်ပြန်တယ်။
ကောင်မလေးကဖြေတယ် “၂၉နှစ်လောက်ပေါ့”
“မဟုတ်ဘူး။ ၅၀ ရှိပြီ” အမျိုးသမီးက ပြောလိုက်တယ်။
ခုတော့ အမျိုးသမီးက သူမကိုယ် သူမ တော်တော်လေး ကျေနပ် နေပြီ။ သူမ လမ်းဆက် လျှောက်လာရင်း ဆေးဆိုင်တစ်ဆိုင် တွေ့တော့ ဝင်ပြီး ပူရှိန်းသကြားလုံး တစ်ချို့ ဝင်ဝယ်လိုက် ပြန်တယ်။ ကောင်တာကို ရောက်တော့ ထုံးစံအတိုင်း သူမ မေးချင် လွန်းလှတဲ့ မေးခွန်းကို မေးလိုက် ပြန်တယ်။

“အိုး၊ ၃၀လို့ ထင်တယ်” ကောင်တာစာရေးက ဖြေလိုက်တယ်။
“ဒို့အသက်က ၅၀ကွ၊ ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်” အမျိုးသမီးကပျော်ရွှင်စွာနဲ့ တုံ့ပြန်လိုက် ပြန်တယ်။
သူမ အိမ်ပြန်ဖို့ ဘတ်စ်ကား စောင့်နေတုန်း သူမဘေးမှာ ကားစောင့်နေတဲ့ အဖိုးအို တစ်ဦးကို တွေ့တော့ အဲ့ဒီ မေးခွန်းကိုပဲ ထပ်ပြီး မေးလိုက်ပြန်တယ်။
အဖိုးအိုက ပြောတယ်။ “ဒီမှာ အမျိုးသမီး။ ငါ့အသက်က ၇၈နှစ် ရှိနေပြီ။ အမြင်အာရုံတွေလဲ မွဲနေပြီ။ ဒါပေမဲ့ ငါ ငယ်ငယ်တုန်းကတော့ မိန်းမတွေရဲ့ အသက်ကို တိတိကျကျ ပြောနိုင်တဲ့ နည်းလမ်း ရှိခဲ့ဖူးတယ်။ ငါ့စကားက သိပ်ပြီး စည်းကျော် နေမလားပဲ။ မမြင်ရမေမဲ့ မင်းရဲ့ ဘော်လီ အင်္ကျီအောက်ကို ငါ လက်နှိုက် စမ်းသပ်လို့ ရမယ်ဆိုရင်တော့ မင်းရဲ့ အသက်ကို တိတိကျကျ၊ သေချာပေါက်ကို ပြောနိုင်မှာပါ”
အမျိုးသမီးက ခဏတိတ်သွားပေမဲ့ ဒီအဖိုးကြီးရဲ့ အဖြေကို ကြားချင်တဲ့ စိတ်က အနိုင်ယူ သွားခဲ့တယ်။
သူမ သိချင်စိတ်ကို ထိန်းမရတဲ့ အဆုံး အဖိုးကြီးကို စူအောင့်အောင့်နဲ့ ပြောလိုက်တယ်။
“ဘာပဲ ဖြစ်ဖြစ်၊ ကောင်းပြီလေ။ စမ်းကြည့်ပေါ့”
အဖိုးအိုက အမျိုးသမီးရဲ့ရင်သားနှစ်ဖက်ကို စမ်းသပ်လိုက်၊ ဆုပ်နယ် ပွတ်သပ်လိုက်နဲ့ လုပ်နေတယ်။ အချိန် နည်းနည်းကြာတော့ အမျိုးသမီးက စိတ်မရှည်တော့ဘူး။
“ဒီမှာအဖိုးကြီး၊ ကျွန်မအသက် ဘယ်လောက် ရှိပြီလဲ”
ဒီတော့မှ အဖိုးအိုက အမျိုးသမီးရဲ့ ရင်သားနှစ်ခုကို စမ်းသပ် နေရာကနေ နောက်ဆုံး အကြိမ် ဖွဖွ ဆုပ်နယ် လိုက်ပြီး လက်ကိုဖယ်ရင်း ပြောလိုက်တယ်။
“ကောင်းပြီ အမျိုးသမီး၊ မင်းရဲ့ အသက်က ၅၀ မဟုတ်လား”
အမျိုးသမီးက အံ့ဩလွန်းလို့ မျက်လုံးပြူးသွားတယ်။ ကြားရတာ မယုံနိုင်ဘူး ဖြစ်နေတာပေါ့။

“တကယ်ကို မယုံနိုင်စရာပဲ၊ ရှင် ဘယ်လိုလုပ် အတိအကျကို ပြောနိုင်တာလဲ”
“ပြောပြရင် မင်းငါ့ကို စိတ်မဆိုးရဘူး၊ ဘာမှလဲမလုပ်ရဘူး” အဖိုးအိုက ကတိတောင်းတယ်။
“ကောင်းပါပြီ၊ ကတိပေးပါတယ်” အမျိုးသမီးက ကတိပေးလိုက်တယ်။

“မက်ဂ်ဒေါ်နယ် ဆိုင်မှာတုန်းက ငါ မင်းအနောက်မှာ တန်းစီနေတာလေ”

မေးလ်ထဲက နေ ပြန်လည် ဝေမျှပါတယ်။

ဆိုလည်းဆို ပြလည်းပြ ဆိုပြကြသူတွေ










Myanmar Popular Singer : Thinzar Wint Kyaw
Photos from Ko Nay Min (MCM@MY19)

Myanmar Singer, Yadanar Mai's Performance in KL, Malaysia

Posted: 24 Sep 2010 06:22 AM PDT










Myanmar Popular Singer : Yadanar Mai
Photos from Ko Nay Min (MCM@MY19)

Myanmar Singer, Thazin Performed in Kuala Lumpur, Malaysia

Posted: 24 Sep 2010 06:16 AM PDT

































ကိုရီးယားနိုင်ငံမှာ စက်တင်ဘာလ (၂၁) ရက်နေ့က ကျင်းပခဲ့တဲ့ Lazy Club Live in Korea Concert ပွဲမှာ ဖျော်ဖြေခဲ့တဲ့ သဇင် ရဲ့ Photos တစ်ချို့ပါ။ ဒီပွဲမှာ Lazy Club နဲ့အတူ သဇင်၊ ဂျင်းနီ၊ ချစ်သုဝေ၊ Lလွန်းဝါ၊ ဟဲလေး နှင့် ခင်မောင်တိုး တို့ ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။











ကိုရီးယားနိုင်ငံမှာ စက်တင်ဘာလ (၂၁) ရက်နေ့က ကျင်းပခဲ့တဲ့ Lazy Club Live in Korea Concert ပွဲမှာ ဖျော်ဖြေခဲ့တဲ့ ချစ်သူ့ဝေရဲ့ Photos တစ်ချို့ပါ။ ဒီပွဲမှာ Lazy Club နဲ့အတူ သဇင်၊ ဂျင်းနီ၊ ချစ်သုဝေ၊ Lလွန်းဝါ၊ ဟဲလေး နှင့် ခင်မောင်တိုး တို့ ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။

မေးလ်ထဲရောက်လာတာလေး ပြန်လည်မျှဝေပါသည်။