ယနေ့ပုသိမ် မြင်ကွင်း – ကမ္ဘောဇဘဏ်

ပုသိမ်-September 11, 2010

အဝေးရောက် ပုသိမ်သူ ပုသိမ်သားများအတွက် ရည်ရွယ်ပြီး ယနေ့ပုသိမ် မြင်ကွင်း ကဏ္ဍအဖြစ် မြို့တော်ပုသိမ်၏ လှပသော ဓါတ်ပုံများကို ရွေးချယ် ဖော်ပြသွားမည်ဖြစ်ရာ ယခုတစ်ခါ ပုသိမ်မြို့ မဟာဗန္ဒုလ လမ်းမကြီးရှိ ကမ္ဘောဇဘဏ် အဆောက်အအုံကို ဖော်ပြလိုက်ပါသည်။

ကမ္ဘောဇဘဏ် အဆောက်အဦး သည် ပုသိမ်မြို့ မဟာဗန္ဒုလ လမ်းမကြီးရှိ ဈေးလေးမီးပွိုင့် သာသနာ့ဗိမာန် အလွန်တွင် တည်ရှိပြီး ခေတ်ဆန်၍ လှပသော ၃ ထပ် အဆောက်အဦ တစ်ခုဖြစ်သည်။ ထုတည်ခိုင်ခန့် ကြီးမားသော အဆောက်အအုံ တစ်ခုလုံးကို အရောင်အသွေး ပြေပြစ်သော Composite Panel များဖြင့် အလှဆင်ထားသည်။

၂၀၀၉ ခုနှစ်ကုန်ပိုင်းက စတင် ဆောက်လုပ်ခဲ့သော ကမ္ဘောဇဘဏ် ပုသိမ်ဘဏ်ခွဲသည် ယခုအခါ ဘဏ်လုပ်ငန်းများ လည်ပါတ်နေပြီဖြစ်သည်။

PatheinCity News | Photo:ak2o