Tuesday, September 28, 2010

အို ဘုရားသခင်

ပေါ်လာတိုင်းပင် ပညာရှင်

စော်ကားကြတုန်းပင်


သူတို့ပြောစကား သင့်ကိုများ

မရှိဘူးတဲ့ဗျား


ကျေးဇူး စကားဆိုဖို့များ

သူတို့ မတတ်လေသလား


သုတ်သင် လိုက်ပါ ဘုရားသခင်

သိပ္ပံ တွေးခေါ်ရှင်


ငါတို့တွေသာ ချန်လို့ထား

ငါတို့ ဒုက္ခများ


မိုးယံ (27.9.10)

2 comments:

Anonymous said...

:)...ရောက်ခဲ့ပါတယ် ကိုမိုးယံ ။ :)
ရိုးရိုးလေးနဲ့ ရှင်းရှင်း ကဗျာလေးကို
ဖတ်ရင်း..တွေးရင်း.....:)
...ခင်မင်လျှက်..ခင်မာလာအောင်..:)

Maung Myo said...

အတုမရှိ မြတ်စွာဘုရားပါပဲ ။

ဘေးစကားတွေကို မယုံနဲ့ဗျာ