Monday, September 20, 2010

သူမသည် ယောက်ျားတစ်ဦး ဖြစ်ကြောင်း ဝန်ခံ

တိုကျို- September 02, 2010

နာမည်ကျော် ဂျပန် ဖက်ရှင်မော်ဒယ် နှင့် Nico video game ကုမ္ပဏီ၏ ဂိမ်းဇတ်ကောင် သရုပ်ဆောင် တစ်ဦးဖြစ်သူ ကေရို ဆာတို(Kayo Sato) သည် သူမ၏ ဘဝ အစစ်အမှန်မှာ အမျိုးသားတစ်ဦး ဖြစ်ကြောင်း ကို ရုပ်/သံအစီအစဉ်မှ တစ်ဆင့် ထုတ်ဖော် ပြောဆိုလိုက်ကြောင်း သိရသည်။

သူမ၏ လိင်အစစ်အမှန်နှင့် ပါတ်သက်၍ ကောလာဟလ အချို့ ထွက်ပေါ်လာခဲ့ပြီးနောက် အသက် ၂၂ နှစ်အရွယ်ရှိ ဂျပန်မော်ဒယ်က လူအများအား ရှင်းလင်း ပြောကြားသင့်သည်ဟု ခံစားရသောကြောင့် ယခုကဲ့သို့ ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ Nico video game ကုမ္ပဏီ၏ ပင်တိုင် အစီအစဉ် တင်ဆက်သူ နှင့် ဂိမ်းသရုပ်ဆောင် ကေရိုသည် မကြာသေးမီက ရုပ်/သံ အစီအစဉ်မှတဆင့် သူမသည် အမှန်တစ်ကယ် ယောက်ျားတစ်ဦး ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

http://patheincity.com/news//HLIC/d47f22d9dad1562c9bc7e7d399d2c033.jpg

သူမသည် သူမ၏ ဇာတိမြို့မှ ထွက်ခွာခဲ့ပြီး နာမည်ပြောင်းကာ အမျိုးသမီးတစ်ဦး အဖြစ် ဇတ်မြှုတ် နေထိုင်ခဲ့ခြင်းကြောင့် သူမအား မည်သူမှ မမှတ်မိခြင်း ဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ပြောင်းရွေ့ပြီး မကြာမီ မော်ဒယ် အေဂျင်စီ တစ်ခုမှ သူမအား ရွေးချယ်ခဲ့သောကြောင့် အမျိုးသမီး ကိုယ်ဟန်ပြမယ် တစ်ဦးအဖြစ် စတင်အသက်မွေးခဲ့ခြင်း ဖြစ်ကြောင်း၊ အေဂျင်စီမှ မည်သူ တစ်ဦးတစ်ယောက်ကမှ သူမကို သံသယ မရှိခဲ့ကြောင်း သိရသည်။

သူမသည် ခန္ဒာကိုယ် ခွဲစိတ်ပြုပြင်ခြင်း မလုပ်ခဲ့သောကြောင့် ယခုအချိန်အထိ သဘာဝအတိုင်း ယောက်ျားတစ်ဦး အနေဖြင့်သာ ရှိသေးကြောင်း၊ ယခုကဲ့သို့ အမျိုးသမီးမော်ဒယ် အဖြစ် အောင်မြင်ခဲ့ခြင်းမှာ သူမ၏ ပင်ကိုယ် မျက်နှာအနေအထား၊ ခန္ဒာကိုယ် တည်ဆောက်ပုံ အချိုးအစား နှင့် မိတ်ကပ် အစွမ်းကြောင့် ဖြစ်ကြောင်း ကေရိုက ပြောကြားပါသည်။

http://patheincity.com/news//HLIC/168509cdca1c398e241820e32364e063.jpg

ကေရိုအနေဖြင့် ယခုကဲ့သို့ အမျိုးသား တစ်ဦးအဖြစ် ဝန်ခံလိုက်သော်လည်း ပရိသတ် အများစုက သူမအား မိန်းကလေးမော်ဒယ် တစ်ဦးအဖြစ် သဘောထားလျက်ပင်ရှိကာ ယခုကဲ့သို့ အဖြစ်မှန်ကို ထုတ်ဖော် ပြောဆိုလိုက်ခြင်းသည် လက်ရှိသူမ၏ အောင်မြင်မှု အနေအထားကို ထိခိုက်မှု မရှိကြောင်း သိရသည်။

http://patheincity.com/news//HLIC/1be131826b18cf797840e720b2855dd4.jpg

ကေရို သည် စတင်ဘာလ ၂ ရက်နေ့က သူမ၏ ဘလောဒ့်တွင် သူမ၏ ဘဝ အစစ်အမှန်ကို ဝန်ခံလိုက်ရသည့်အတွက် စိတ်ထဲတွင် ကျေနပ်မိကြောင်း၊ သူမကို အခွင့်ရေးပေး လက်ခံကြပြီး အားပေးစကား ပြောကြသည့်အတွက် အလွန်ဝမ်းသာမိပါကြောင်း၊ ဖော်ပြပါအတိုင်း ကျေးဇူးတင်စကား ရေးသားခဲ့သည်။

“To everyone who received my message.

Thank you everyone for the comments.
I have received so much courage from them.

As I said on the show I was born a boy.
I feel really good about being able to tell everyone about my past.

I appreciate you guys giving me this opportunity.

I will continue to work as Kayo Sato and keep moving forward.

I’m really happy that many people have accepted me and my new start.

Thank you all very much.”

ထို့ကဲ့သို့ သူမ ရေးသားပြီးနောက်ပိုင်း သူမ၏ သတ္တိရှိရှိ ထုတ်ဖော်မှု အတွက် မည်သို့သော အပြစ်တင်ရှုံ့ချမှုများကိုမှ မကြုံရဘဲ ပရိသတ်ပေါင်း များစွာက အပြုသဘော ဆောင်သော ဝေဖန်မှုများနှင့် အားပေးစကား များစွာသာ ရရှိခဲ့သည်။

http://patheincity.com/news//HLIC/d37f4a86d6e72c76466a400a7bb74e15.jpghttp://patheincity.com/news//HLIC/757216ce638220ec8602d6332afb7742.jpg http://patheincity.com/news//HLIC/780cfc35ff22ce0f3d6d04b54c6f4294.jpg

http://patheincity.com/news//HLIC/e6e31feebf9eae95417394fe31c96b6d.jpg

http://patheincity.com/news//HLIC/b999aeb976f51084866d9d5f5a72389f.jpg

http://patheincity.com/news//HLIC/f7d25969e97af2f5c6791abe469aeea2.jpg

http://patheincity.com/news//HLIC/0403c2981ae349a6e3853fb6fe6f9929.jpg

http://patheincity.com/news//HLIC/78571bd920b7143c84b9ec12f4680d58.jpg

http://patheincity.com/news//HLIC/80900c2acba4a64d70a1e3ff8b941d80.jpg

http://patheincity.com/news//HLIC/79f66443ccdacccccb7eb90a5a6259ea.jpg

http://patheincity.com/news/wp-content/uploads/2010/09/kayosato.jpg

PatheinCity News | Source:TokyoHive


မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News

ဒီသတင်းလေး ဖတ်မိတော့ ဟိုတစ်လောက စာအုပ်လေးတစ်အုပ်အမည်ကို သတိရသွားတယ် ။ ဘာတဲ့
““ကမ္ဘာပြားပြီ ”” ဆိုလားပဲ

6 comments:

Anonymous said...

ကောင်မလေးက ချစ်ချာယေး..
အဲ..ကောင်လေး ကောင်လေး..(ယောင်လို့):P

ရွှေရတုမှတ်တမ်း said...

ကြိုက်တောင်ကြိုက်ချင်လာပြီ..ဒါပေမဲ့လဲ...ဖြတ်ဖေါက်ချုပ် မလုပ်ရသေးလို့..အဝေးကပဲ အားပေးပါတယ်ဗျာ...

ကိုဇော် said...

လိုတောင်မှ လိုချင်သွားပြီ။
ဖြတ်ဖောက်ချုပ် လုပ်ပြီးရင် ပြောနော်။

( အဟဲ မနက်ကတောင်မှ မမျှော်လင်ပဲ ရောက်လာသေးတယ်။ ဖုန်းခေါ်တယ်နော်။ မကိုင်လို့ ၊ နောက်တော့ တွေ့တာပေါ့ )

Maung Myo said...

ဂျစ်ချာလေးး)

SHWE ZIN U said...

အမယ်လေး တကယ်ပြောတာလားဟင် လှလိုက်တာဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သုခုမလေဒီ said...

ဟယ် ဟုတ်ရောဟုတ်ရဲ့လား မယုံနိုင်စရာ..
မိန်းခလေးချင်းဆိုရင်တောင် ငေးမိမယ့်ရုပ်..