Wednesday, September 29, 2010

ငြိမ်းချမ်းရေးအတွက် အင်တာနက်

အင်တာနက်ဆိုတာ ကွန်ပျူတာတွေ အများကြီး ဆက်ထားတဲ့ ကွန်ရက်တစ်ခုထက် ပိုတယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ပါတယ်။ တကယ်တော့ တိုးမဆုံးတဲ့ လူတွေပါနေတဲ့ ကွန်ရက်ကြီးပါ။

ကမ္ဘာတစ်ဝန်း ဘယ်နေရာက ဖြစ်ဖြစ် ယောက်ျားရော မိန်းမတွေပါ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက် နိုင်တဲ့အတွက် လူ့သမိုင်းမှာ ကျေးဇူးတင်စရာ ကောင်းတဲ့ အပြန်အလှန် ကူးလူးနိုင်တဲ့ လူမှုကွန်ရက်ကြီး ဖြစ်လာပါတယ်။

ဒစ်ဂျစ်တယ် ယဉ်ကျေးမှုကတော့ အခုလို ပုံစံသစ် လူမှုအသိုင်းအ၀ိုင်းရဲ့ အခြေခံဖြစ်ပါတယ်၊ ဒီတော့ လူမှုအသိုင်းအ၀ိုင်းသစ်မှာဆိုရင် ဆက်သွယ်ရေး အခြေခံပြီး နှစ်ဘက် စကားပြောဆိုတာတွေ၊ အပြန်အလှန် ငြင်းခုံတာတွေ၊ သဘော ညီမျှတာတွေကို ကောင်းကောင်း လုပ်နိုင် ဆောင်ရွက်နိုင်ပါတယ်။ တကယ်တော့
ပွင့်လင်း မှုတွေ ရှိပါမှ၊ နားလည်လက်ခံ တတ်မှုတွေ ရှိပါမှ၊ ဆွေးနွေးမှုတွေနဲ့ ပါဝင်စီးမျောမှုတွေ ရှိပါမှ ဒီမိုကရေစီရဲ့ အသီးအပွင့်တွေကို ခံစားနိုင်မယ် မဟုတ်ပါလားဗျာ။

မုန်းတီးမှုတွေ၊ ပဋိပက္ခတွေထက်စာရင်တော့ အများနဲ့ဆက်သွယ် ဆောင်ရွက်တာက ဇာတ်သိမ်း ပိုကောင်း တတ် ပါတယ်ဗျာ၊ ဆိုရရင်တော့ အင်တာနက်ဟာ ငြိမ်းချမ်းရေးအတွက် လက်နက်ပါ၊ အင်တာနက် သုံးနေတာဟာ အကြမ်းမဖက်မျိုးစေ့ ချနေတာပါ၊ ဒီတော့ဗျာ ဒီနှစ်ငြိမ်းချမ်းရေးနိုဗယ်ဆုဟာ အင်တာနက်ကို ပေးသင့်ပါတယ်။ ကျွန်တော်တို့အားလုံးကို ချီးမြှင့်တဲ့ နိုဗယ်ဆုပဲ ဖြစ်သင့်ပါတယ်။

Internet For Peace

Tuesday, September 28, 2010
We have finally realized that the Internet is much more than a network of computers.
It is an endless web of people. Men and women from every corner of the globe are
connecting to one another, thanks to the biggest social interface ever known to humanity. Digital culture has laid the foundations for a new kind of society. And this society is advancing dialogue, debate and consensus through communication.Because democracy has always flourished where there is openness, acceptance, discussion and participation. And contact with others has always been the most effective antidote against hatred and conflict. That's why the Internet is a tool for peace. That's why anyone who uses it can sow the seeds of non-violence.
And that's why the next Nobel Peace Prize should go to the Net.
A Nobel for each and every one of us.

4 comments:

Myanmar Good Knowledg Co., Ltd said...

ဟုတ်တယ်။
အင်တာနက်ကိုသိပ်ကိုကျေးဇူးတင်တယ်။
ခုပဲကြည့်လေ အင်တာနက်ကြောင့်ပဲ အခုလိုသိလာရတာပဲ။

blackကော်ဖီ said...

အင်တာနက်ကတော့ မရှိမဖြစ်ကို ဖြစ်နေပြီဗျို့ ...

Maung Myo said...

အေးး....ဒါဆို အလား အလာ ရှိတာပေါ့ နောက်ပိုင်းကျ ဘလော့ဂါတွေလည်း နိုဗယ်ဆို မရနိုင်ဘူးလို့ ဘယ်သူပြောလဲနော့် “လူသားအားလုံးအတွက် ” အဲ့ ခေါင်းစဉ်နဲ့တင် နယ်ဆင်မင်ဒဲလာ တို့လို နိုဗယ်ဆု ပေးသင့်နေပြီး ငါလည်း နည်းနည်းပြန်ခွဲပေးနော့်း)

မိုးယံ said...

မျှ ပေးဦးမှာ မောင်မျိုးရေ အခုတောင် အဲဒီ နံမည် “ လူသားအားလုံး အတွက်” နဲ့ နိုင်ငံရေး လုပ်နေတဲ့ ဆိုဒ် တစ်ခု ရှိနေတယ် သတင်းကြားထားတယ်။ နိုဗယ်လ်တော့ မသိဘူး။ နပန် ရရင်တော့ နင်တစ်ဝက်နော်။ ခွိ ခွိ ။