မျက်ဝန်းအနက်
ဆံနွယ်ဖြောင့်စင်းစင်း
ရင်လှိုက်ဖို သူ့အပြုံး
ညိုညက်တဲ့ အဆင်း
ခြေလှမ်းတိုင်းလှတယ်ကွယ်။
မခုန်ဖူးတဲ့ရင်အစုံ
မင်းမျက်ဝန်းကြောင့် ရင်လှိုက်ဖို
ကဲပါလေ .....
ရင်ခွင်ကြားမှ နှလုံးသားစကား
ဖွင့်ဟမယ် ကြံရွယ်ထား
မင်းမှာရည်စူး ဦးသူရှိထား
ငါတစ်ကယ် အသိနောက်ကျခဲ့လေသလား.....။
နေ့စဉ်မြင်ချင် မင်းရုပ်သွင်
မဆုံနိုင်ဒီတစ်ဘ၀ ဝေးကြစို့လား
ချစ်ရပါသော ကြည်ပြာ
တစ်ကယ်ဆို မင်းနဲ့လွဲ
အသည်းကွဲ သမားပဲပေါ့။
မိုးယံ (17.9.10)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
2 days ago

3 comments:
သွပ် သွပ် သနားလိုက်တာဗျား) လက်နှေးတာကို ပြောသား မိရာကိုသာဆွဲထားပါဆို ပြောပြမယ် ဖူးစာဆိုတာ ဦးရာလူပါတဲ့ ထပ်ကြိုးစားကြည့် သတိတော့ထားပေါ့ ဟဲဟဲ
ဟဲ့...ဟဲ့..
ကြည်ပြာဆိုတာ ငါ့အမတစ်ယောက် နာမည်ကွ..။
အဲ့တာဆို မင်းတို့ ၂ ယောက်က ယောက်ဖတော်လို့ရပြီပေါ့ ဟဟားး
Post a Comment