Monday, September 6, 2010

မယုံရင် တစ်ကမ္ဘာလုံး ဖျက်ဆီးပစ်မယ်

မွေးဖွားလာခြင်းကို မကျေနပ်ခဲ့သူ
ဒါပေမယ့် မွေးဖွားလာခဲ့တာပါပဲ

ဆင်းရဲသားတွေကို စွန့်ကြဲချင်သူ
ကိုယ်တိုင်က ဆင်းရဲနေသူ

ကမ္ဘာကျော် စာရေးဆရာ ဖြစ်ချင်သူ
တစ်ဗျာတစ်ပုဒ်ကို ကာရံမိအောင်မရေးတတ်သူ

လူသားအားလုံးအတွက် ကမ္ဘာကျော် စွမ်းဆောင်ရှင်ဖြစ်ချင်သူ
နိုဗယ်လ်ဆုက တော့ ဝေးနေဆဲပါပဲ

တစ်နေ့မှာတော့ လူသားအားလုံးအတွက်
အကောင်းဆုံးအလုပ်တွေ လုပ်ပေးနိုင်ခဲ့မှာပါ
အဲဒါ ကျွန်တော်ပါပဲလေ။

ယုံလား... မယုံချင်နေပေါ့
မယုံလဲ ကျွန်တော်ကတော့ ဘာမှ ချေပခွင့်တောင်မရှိပါဘူး

ဒါကြောင့်ပြောတာာ... ဘုရားသခင်ကိုယုံလိုက်ပါလို့
ဘာလို့လဲလို့ ပြန်မမေးနဲ့ ၊ မေးခွင့်မရှိပါဘူး။

ခင်ဗျား မယုံရင် ကျွန်တော်လည်းဘာမှ မတတ်နိုင်ဘူး
သေချာတာက...

သူ့ကို မယုံကြည်တော့ဘူး (ယုံကြည်မဲ့သူ မရှိတော့ဘူး) ဆိုရင်
တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်မယ်တဲ့....
ဘယ်သူပြောတာလဲ... ဘုရားသခင်ပြောတာတဲ့

မိုးယံ (6.9.2010)

8 comments:

Anonymous said...

ဟင်..........ဘယ်ဘုရားသခင်လဲ
ပြောစမ်း..အကြွေးသွားတောင်းမယ်...ငါ့ကို လူ့ပြည်အလိုမတူပဲ ပို့တဲ့သူကို..:)

Maung Myo said...

ဟမ်း....လူတွေက စိတ်ညစ်နေရတဲ့ အထဲ ဒင်းက တစ်မျိုး ဘယ်က ဘုရားသခင်တုန်း ဖျက်ချင်လည်းဖျက်တော့ လခ မကောင်းရတဲ့ အထဲ နော် ဟင်း ဟင်းး

မိုးပြဲ လူကို ပြူးတူးပြဲတဲ ဖြစ်အောင်လုပ်တယ် ။

SHWE ZIN U said...

ဟမ်းဟမ်း ဟုတ်ပ

ယွန်း said...

ခြိမ်းခြောက်ထားလိုက်တာ နေစ၇ာတောင်မရှိတော့ဘူးးး
ဟွန့် ...

မိုးယံ said...

လကမ္ဘာလေးပေါ် သွားနေမယ်လေ။ လိုက်ဦးမလား ဒေါ်ယွန်းရေ...၊ အဲဒီမှာ အနော်နဲ့ အတူမနေချင်ရင် တော့ အင်္ဂါဂြိုဟ်ပေါ်သွားမယ့် ရေငုပ်သင်္ဘော လမ်းကြုံရှိတယ်။ အဲဒါနဲ့ တင်ပေးလိုက်မယ်။

ကိုဇော် said...

အတော်ကို တော်ကြ ၊ တတ်ကြတယ်။
ဒါပေမဲ့ ဘယ်မှ မွေးကတည်းကတော့ မတတ်ကြပါဘူး။
တစ်ဆင့်ချင်းစီပေါ့လေ။

တစ်နေ့တော့ ဘုရားကတောင်မှ ကောင်းချီးပေးကာ ချီးမွမ်းပါလိမ့်မည်။

ချော(အစိမ်းရောင်လွင်ပြင်) said...

နည်းနည်း နားရှုပ်သွားတယ်..
တစ်ယောက်ယောက်ကိုများ ရည်ရွယ်ချင်တာလား ????

အဖြူရောင်နတ်သမီး said...

တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်မယ် ဆိုလို့ ..
“ယုံပါတယ်”...လို့ လာပြောတာ..
“ယုံလို့ လာထောက်ခံတာမဟုတ်ဘူး”...
ဟူးးးးးးး..ပေါက်တယ်နော်...
တကထဲတော်...
မွှေကိုမွှေနိုင်လွန်းအားကြီးတယ်...
စီးပွားရေးမကောင်းရတဲ့အထဲ...
အလန့်သကြားတော်တော်လုပ်တယ်...
နောက်တခါ လိမ်ပြီးမခေါ်နဲ့...
ခြိမ်းခြောက်ပြီးလည်း မခေါ်နဲ့...
လာဘူး........