Monday, September 13, 2010

ကျောင်းသား ၃၀၀၀ ၀န်းကျင် သင်ကြားနိုင်မည့် ဘုန်းတော်ကြီးသင်ကျောင်းနှစ်ကျောင်း ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် ကျောင်းသား ဦးရေ ၃၀၀၀ ၀န်းကျင် စာသင်ကြားနိုင်မည့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းနှစ်ကျောင်းကို တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သတင်းရရှိပါသည်။

ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီ အစဉ်(GGA) အရ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် တေဇာရာမဘုန်းတော်ကြီးသင် အလယ်တန်းကျောင်း တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ ကျော်၊ အနောက်အုတ်ကျင်း ဘုန်းတော်ကြီးသင် မူလတန်းကျောင်း တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၉၅၀၀၀ ကျော်ကို ထောက်ပံ့မှုပြုလုပ်ခဲ့သည် ဟု သိရှိရသည်။

တေဇာရာမ ဘုန်းတော်ကြီး သင်စာသင်ကျောင်းသည် ပုံမှန် ပညာရေးကို သင်ကြားလာရာတွင် ကျောင်းစရိတ်နည်းပါးမှုကြောင့် ကျောင်းသားဦးရေ ၂၀၀၀ ကျော် အထိရောက်ရှိလာရာ ကျောင်းသားအားလုံးကို လက်ခံသင်ကြားရန် စာသင်ခန်းလိုအပ်မှု ရှိလာခဲ့သည်။

ထို့ကြောင့်ပင် GGA သည် ကူညီမှုပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပြီး စာသင်ခန်းခြောက်ခန်းနှင့် ကျောင်းသုံးပရိဘောဂများ ပါဝင်မည့် နှစ်ထပ်စာသင်ဆောင်ကို ဆောက်လုပ်မည်ဖြစ်ကာ ကူညီမှုနှင့် ပတ်သက်သည့်သဘော တူညီချက်ကို နှစ်ဖက်တာဝန်ရှိသူများ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည် ဟု သိရှိရသည်။

အနောက်အုတ်ကျင်းဘုန်းတော် ကြီးသင် စာသင်ကျောင်းသည် ကျောင်းသားဦးရေ ၁၀၀၀ ကျော် အထိရောက်ရှိလာ၍ စာသင်ခန်း လိုအပ်မှုရှိလာရာ စာသင်ဆောင် ဆောက်လုပ်နိုင်ရန် ကူညီမည်ဖြစ်ကြောင်း၊ ကျောင်းသုံး ပရိဘောဂများ၊ စာသင်ခန်း ခြောက်ခန်းပါဝင်မည့် နှစ်ထပ်စာသင်ဆောင်ကို ဆောက်လုပ်ရန် GGA က အကူအညီ ပေးခဲ့ခြင်းဖြစ်သည်။

http://www.news-eleven.com/

1 comments:

အဖြူရောင်နတ်သမီး said...

သတင်းကောင်းပါပဲ...