Monday, September 13, 2010

ရှာတာ တစ်မျိုး တွေ့တာတစ်မျိုး

အတူ အလုပ်လုပ်တဲ့ အစ်ကို တစ်ယောက်က စတီဖင် ဟော့ကင်းမ် ရဲ့ နောက်ဆုံးထွက် စာအုပ်တစ်အုပ်ကို
ဖတ်ပြီး ပြီလားတဲ့ မေးတယ်။ ကျွန်တော်က လည်း ရိုးရိုးသားသား မဖတ်ရသေးဘူးပဲ ၀န်ခံလိုက်ပါတယ်။

အဲဒါနဲ့ သူက အဲဒီစာအုပ်ကို ဖတ်ချင်တယ်တဲ့။ ၀ယ်လို့ရတဲ့ နေရာမှာကလည်း ဈေးက ကြီးတော့... ထုံးစံ အတိုင်းပါပဲ စေတနာရှင်တွေ ကို အားကိုးရတာပေါ့ ။(အွန်လိုင်းမှာ အလကားရအောင်ရှာတာပါ)
အခုထိတော့ မရသေးပါဘူးခင်ဗျာ။ အကယ်လို့များ အော်ရီဂျင်နယ် မရသေးလဲ နောက်မှ တစ်ယောက်ယောက် ဘာသာပြန်ပြီး ရေးထားရင်တော့ အကောင်းသားလို့ စိတ်ကူးမိသေး (ကိုယ်ကမှ အင်္ဂလိပ်စာ မကျွမ်းကျင်တာကိုး)

အဲဒီ စာအုပ်က

Stephen Hawking: God did not create Universe


ပါခင်ဗျာ... အလကားရမယ့် နေရာတွေမှာ မတွေ့သေးရင်တော့ စာအုပ်ဆိုင်မှာပဲ ၀ယ်ပြီး မတောက်တစ်ခေါက်နဲ့ဖတ်ရတော့မှာပဲလေ။ အဲဒါနဲ့ ဟိုဟို ဒီဒီ လျှောက်ရှာဖွေရင်း သီချင်းလေး တစ်ပုဒ် နားထောင် မိတာပါပဲ။ ကျွန်တော်က တော့ ရိုးရိုးသားသား ၀န်ခံရရင် တန်ခိုးရှင်တစ်ယောက်က ဒီကမ္ဘာလောက ကြီးကို ဖန်ဆင်းပြီး အရာရာကို သူ့အလိုအကျသော် လည်းကောင်း ဒါမှမဟုတ် အလိုမကျ တာ တွေကို သူ့ရဲ့ မှတ်တမ်း ထဲမှာ ခဏမှတ်ထားပြီး တစ်နေ့(သေလွန်ပြီးခဲ့သော်)မှာ ပြန်လည် ဖြေရှင်းရမည် ဆိုတဲ့ ကျမ်းစာတွေကို နားလည်နိုင်လောက်တဲ့ ဦးနှောက်မရှိသေးကလို့ မယုံကြည်ပါဘူး ခင်ဗျာ။ ကျွန်တော်တို့ အဘိုး(အမေရဲ့အဖေ)ထိတော့ လက်ခံပါသေးတယ်။ ကျွန်တော်တို့ အမေ လက်ထက်မှာ စပြီး မယုံကြည်မှုသန္ဓေတည်ခဲ့တာ ကျွန်တော့်လက်ထက်ထိတိုင်အောင်ပါပဲ။ ကျွန်တော်လဲ ခေါင်းမာမာနဲ့ မယုံကြည်ခဲ့တာ ယနေ့ထက်တိုင်အောင်ပါပဲ ခင်ဗျာ။ ဒါကလည်း တစ်ခြား အကြောင်း တွေကြောင့်တော့မဟုတ်ပါဘူးဗျာ။ လွပ်လွတ်မှုကို မြတ်နိုးလွန်းလို့ ဘုရားသခင်ကို တော်လှန်မိယုံ ကလေးပါပဲ။


ကျွန်တော့် အမျိုးတွေထဲမှာတော့ ယုံကြည်သူတွေ ခုထိရှိဆဲပါပဲ။ သူတို့နဲ့ ကျွန်တော်တို့က တော့ ငြိမ်းချမ်းစွာ
သဘောထားကွဲလွဲနေကြယုံလေးပါပဲ။ကျွန်တော်နဲ့ သူငယ်ချင်းများလဲ ဒီလိုပါပဲ ၊ ကျွန်တော်ငယ်ငယ်ကတည်း က အယူအဆမတူတဲ့ သူငယ်ချင်းတွေနဲ့လည်းပေါင်းပါတယ်။ ကြီးပြင်းလာတာလဲ အယူအဆ မတူသူတွေ ကြားမှာ ပါပဲ။ ယနေ့ထက်တိုင်အောင်လဲ ဘာသာရေးအယူအဆ မတူသူများ ကြားထဲမှာ ငြိမ်းချမ်းစွာ ဖြတ်သန်း နေတုန်းပါခင်ဗျာ။ ကျွန်တော် အခုလို လေကြောရှည်နေတာကတော့ ကျွန်တော်နဲ့ ဘာသာရေး ခံယူချက် မတူတဲ့ ယခုမှ ခင်မင်သူများရော ၊ ကျွန်တော့်ရဲ့ မဖြစ်ညစ်ကျယ် ဘလော့ဂ်လေးမှာ စာလာဖတ် ကြတဲ့ စာဖတ်သူတွေကိုရော ကျွန်တော်နဲ့ အယူအဆ မတူညီခဲ့ရင် ကျွန်တော့်ဖက်က စော်ကားသလို ဖြစ် သွား မှာ စိုးရိမ်မိလို့ပါခင်ဗျာ။

ကျွန်တော် ဖတ်ဖူးတဲ့ ကျမ်းစားတွေထဲမှာတော့ အနန္တမေတ္တာတော်ရှင် ဘုရားသခင်က သူ့ကို မယုံကြည်တဲ့ လူတွေကိုလဲ လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားပါတယ်။ နောက်များကျမှပဲ အပြစ်ပေးမယ်လို့ ဖတ်ဖူးပါတယ်။
အဲဒါကြောင့် ကျွန်တော်က အသက်ရှင်တုန်းလေး ကြိုးစားပြီး တော်လှန်နေတာပါ။

ဘုရားသခင်ကို မထီမဲ့မြင်ပြုသူတွေ၊မရှိဘူးပြောကြသူတွေ၊ မယုံကြည်တဲ့ လူတွေရဲ့ အယူအဆတွေ စာပေ တွေကို ဖတ်ပြီး ကျွန်တော်လဲ သူတို့လို ဖန်ဆင်းရှင် ဘုရားသခင်ကို မယုံကြည်တဲ့သူတစ်ယောက် ဖြစ်နေတာပါ။ အခုတော့ ကျွန်တော် တွေ့မိတဲ့ ဗွီဒီယို ဖိုင်လေးကို ချပြမိတာပါ။ စကားပုံတောင် ရှိသေးတယ် မဟုတ်လား။ စာအုပ်ရှာ ဗွီဒီယိုတွေ့ ဆိုလား........

ကဲ.... ကျွန်တော်တို့ ငြိမ်းချမ်းစွာ သဘောထားကွဲလွဲ ကြပါစို့။

ဒီမှာ ဒီမှာ ကျွန်တော် နဲ့များ တူမလားမသိ




မှတ်ချက် ။ ။ သယ်ရင်း ဦးမောင်မျိုးပေးတဲ့ နည်းအတိုင်း ရင်ထဲရှိတာကို ချရေးထားတာပါဗျာ

6 comments:

Anonymous said...

ဒါလေးများ ငနောက်ငမိုးရယ်
ငါဘာသာပြန်ပေးမယ်
ယူခဲ့...ယူခဲ့
ကျောက်သင်ပုန်းနဲ့ ကျောက်တံ..
ပြီးရင် ကြိမ်လုံးပါ ပါပစေနော်:)

Anonymous said...

ဒါလေးများ ငနောက်ငမိုးရယ်
ငါဘာသာပြန်ပေးမယ်
ယူခဲ့...ယူခဲ့
ကျောက်သင်ပုန်းနဲ့ ကျောက်တံ..
ပြီးရင် ကြိမ်လုံးပါ ပါပစေနော်:)

မြစ်ကျိုးအင်း said...

ဘာသာရေး ခံယူချက်ကတော့ ကိုယ့်အယူအဆ နဲ့ကိုယ် ခံယူထားပေမယ့် ယုတ္တိမတန်တာတွေ တော့ သဘောမကျဘူး။
ကိုယ်လုပ်မှ ကိုယ်ဖြစ်မယ် ဆိုတာကိုပဲ သဘောကျလွန်းတယ်။ အပြစ်လုပ်သမျှ အာပတ် ဖြေရုံနဲ့ ပြေပျောက်တာမျိုးတော့ သဘောမကျတာ အမှန်ပဲ။

ရွှေရတုမှတ်တမ်း said...

ဘာသာရေးနဲ့ပတ်သက်လို့ ဘာမှမပြောလိုပါဘူး..
ဒို့ဗုဒ္ဓမြတ်စွာကတော့...ဘယ်ယုံကြည်မှုမျိုးမဆို ကိုယ်တိုက်လက်တွေ့လေ့လာ..... မှန်တယ်တယ်လို့ ယုံကြည်ယူဆမှ အဲဒါကိုလက်ခံပါလို့ ဆိုခဲ့တာပဲ..
ဗုဒ္ဓဘာသာက အများကြီးမှတ်ကျောက်အတင်ခံနိုင်ပါတယ်....

ကိုဇော် said...

ကိုယ်တိုင် လေ့လာ ၊ စီစစ် ၊ ကျင့်သုံး ၊ ကိုယ်နဲ့ အံ့ဝင်ပြီးတောင်မှ ကိုယ်က နှစ်သက်တယ် ဆိုမှ လက်ခံသင့်တယ် လို့ပဲ ထင်မြင် ယူဆမိတဲံ့ အတွက် ဖန်ဆင်းရှင် ဆိုတာကို လုံးဝကို လက်မခံမိတာပဲ။ သူ့ကို မျက်နှာ လိုက်တယ် လို့လည်း မြင်တယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အတင်းမငြင်းပါဘူး။ လွတ်လပ်စွာပဲ ကွဲလွဲပြီး လွတ်လပ်စွာပဲ သက်ဆိုင်ရာ နေရာကို ရောက်သွားကြရမှာ မဟုတ်လား။

Maung Myo said...

ရင်ဘတ်ထဲက ဟာကြီးဖွင့်ပြလိုက်တော့လည်း အလေးကြီးပါလား ။ ဘာသာရေးအကြောင်းတော့ သိပ်မသိပါဘူး ငါ့အတွက်တော့ ဘုရားမှတစ်ပါး ကိုးကွယ်ရာမရှိပါပဲ ။ ဘာသာပြန်ဖို့လိုရင် ငါ့ကိုပြော ပြန်ပေးမယ် ဒင်ရှင်နယ်ရီ လှန်ပြီးတော့း)