Tuesday, September 21, 2010

ယောက်ျား ကိုယ်ဝန်ဆောင်

`“ ကမ္ဘာပေါ်တွင် မဖြစ်သေးတာပဲ ရှိသည်။ မဖြစ်နိုင်တာ မရှိ။” ဟု သိပ္ပံ ပညာရှင်များက ယုံကြည် ယူဆ ထားသည်။သုတေသန သိပ္ပံ နယ်ပယ်၌ အသစ်တွေ့ ရှိထားမှု များ တွေ့ လာလေလေ -- သိပ္ပံ နယ်ပယ် ကျယ်ဝန်း လာလေလေ ဖြစ်ပေသည်။

အနောက်တိုင်း ဆေး သိပ္ပံ( Medical Science) ပညာအရ “ကျားနှင့် မ” သည် ဇီဝကမ္မ ( Physiology) ဖြစ်တည်ပုံခြင်း မတူ ညီ ကြပေ။ အမျိုးသားများ၏ အူခွေသည် (၂၄ )ပေခန့်  ရှည်လျား၍ အမျိုးသမီးများ၏ အူခွေသည် (၂၂) ပေ ရှည်လျားသည်။ မိန်းမများ၏ သားအိမ် (Uterus ) ကနေရာ ယူထား၍ ယောက်ျားထက် ပို၍ အူတိုနေခြင်း ဖြစ်သည်။

ယနေ့  ဆေး သိပ္ပံ ပညာရှင်များ၏ သုတေသန တွေ့ ရှိမှုများက အံ့မခန်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် “ကျား-ကို-မ” အဖြစ်၎င်း၊ “မ-ကို ကျား” အဖြစ်၎င်း လိင်အင်္ဂါ ပြောင်းလဲ Tran sexual နိုင်ပြီ ဖြစ်သည်။ ထိုနည်းတူစွာ အမျိုးသားများကိုလည်း အငှား ကိုယ်ဝန်ဆောင် ( hine pregnancy) ပြုလုပ်နိုင်ပြီ ဖြစ်သည်။

သန္ဓေပညာရှင် (Embrayo Logist ) များက ကိုယ်ဝန်ဆောင်ရန် ခက်ခဲသူ အမျိုးသမီးများကို ဖန်ပြွန် သန္ဓေသား(Test tube baby) ဖြင့် ကိုယ်ဝန်ဆောင်ပေး နိုင်သကဲ့သို့ အခြား အမျိုးသမီး တစ်ဦးကိုလည်း အငှား ကိုယ်ဝန်ဆောင် ( hine pregnancy) ပြုလုပ် နိုင် ပေပြီ။

ထိုနည်းတူစွာ ကိုယ်ဝန်ဆောင်လိုသူ အမျိုးသားများကိုလည်း ယောက်ျား ကိုယ်ဝန်ဆောင်ရန် ပြုလုပ် နိုင်ပြီ ဖြစ်သည်။

ယခုဖော်ပြပါ ပုံရှိ အမျိုးသား Thomas Beatie (35) သည် ကမ္ဘာပေါ်တွင် ပထမဆုံးသော ကိုယ်ဝန်ဆောင် အမျိုးသား ဖြစ်ပေသည်။ 2008 June လက သူ၏ သမီး Susan ကို ကိုယ်ဝန် ဆောင်ပြီး မွေးဖွား ပေးခဲ့ပေသည်။

ယခုနှစ် ၂၀၁၀ တွင် အမေရိကန် နိုင်ငံ “မြောက် ကာရို လိုင်းနား ” ပြည်နယ်မှ Scott More(30) နှစ်သည် ဒုတိယ ယောက်ျား ကိုယ်ဝန်ဆောင်သူ ဖြစ်လာပေသည်။ Moreသည် မူလက မိန်းမအဖြစ် မွေးဖွားလာ၍ Jassica ဟုခေါ်ပါသည်။

အသက် ၁၀ နှစ် သမီးခန့် က လိင်အင်္ဂါ ပြောင်းလဲ လိုစိတ် ဖြစ်ပေါ်ခဲ့ပြီး အသက် ၁၆ နှစ်၌ “မ-မှ ကျား ”လိင်အင်္ဂါ ပြောင်းလဲ လာ ခဲ့သူဖြစ်ပေသည်။

အလားတူ လိင်တူ ပေါင်းသင်းနေသူ (Homophile ) Thomas ၃၀ နှစ်သည်လည်း “မ မှ ကျား” လိင်အင်္ဂါ ပြောင်းလဲ လာခဲ့သူ ဖြစ်ပေသည်။ သူတို့ နှစ်ဦး နှင့်အတူ မွေးစားသား Gregg(11)နှစ်နှင့် Logan(9) နှစ်တို့နှစ်ဦး သည်လည်း အတူနေထိုင်ပါသည်။

ယခု Scott More မှာ အငှား ကိုယ်ဝန်ဆောင်သည့်အတွက် နော်ဝေငွေ-ခရိုနာ ငွေ ငါးသောင်း( ၅၀ ၀၀၀) နှင့် ညီမျှသော ဒေါ်လာ ငွေကို မိဘ အရင်း ဖြစ်သူထံမှ လွှဲပြောင်း ပေးပြီ ဖြစ်ပေသည်။

မှီငြမ်း။ Se og Hør No-4

19-23 - Februar 2010-09-02-

Uke 7

သက်ထူးဇင် (အော်လီဆွန်း)

2 Sep 2010

2 comments:

သုခုမလေဒီ said...

အိုးး ခေတ်ကြီးဘာတွေဖြစ်ကုန်သလဲ..

Anonymous said...

ဟုတ်ပ့..အတည့်ကိုပြောင်းပြန်လုပ်...ပြောင်းပြန်ဖြစ်တော့အတည့်ပြန်လုပ်..အိုး..ရှုတ်နေတာပဲ