Friday, July 30, 2010
ကျောက်မျက်ရတနာများ၏စွမ်းအင်
နယူးယော.မှ ဒေါက်တာ ဟောဝဒ်ဒီစတင်း ဂဲလ် ဆိုသူသည်
မဖမ်းကောင်းတဲ.ငါး
စာတွေ.ထက်
လက်တွေ.သင်ခန်းစာများသာ
အစွဲမြဲဆုံးဖြစ်သည်"
(မတ်တွိုင်း)
အဲသည်တုန်းက သူ.အသက် ၁၁နှစ်။
နယူးဟမ်.ပြည်နယ်ရှိ ရေကန်ကြီးတစ်ကန် အလယ်က ကျွန်းတစ်ကျွန်းပေါ်မှာ သူတို.မိသားစုပိုင်
အိမ်ငယ်လေး ရှိသည်။သူက အခွင်.သာတိုင်း အဲသည်ကိုသွားကာ လှေဆိပ်မှာ
ငါးမျှားလေ.ရှိသည်။
ငါးမျှားရာတွင် ဥပဒေစည်းကမ်းရှိသည်။ဥချသည်.ရာသီမှာ ငါးမမျှားရ။
အဲ.သည်နေ.ညနေစောင်း သူတို.သားအဖ ငါးမျှားကြတော. ဘတ်(စ်)ငါးကြီးတွေ မျှားခွင်.ပြုသည်.အချိန်
မရောက်သေး။ထို.ကြောင်. ငါးစပ်စပ်တို. ငါးပြေမတို. မိအောင်သာတီကောင်
အစာတပ်ပြီး သူတို. မျှားကြသည်။သို.သော် အဲ.သည်လိုမျှားကြရင်း အတော်ကြာတော.
သူက ငါးမျှားချိတ်မှာ ငွေရောင်ငါးစာတုလေး တစ်ခု တပ်ကာ ခပ်ဝေးဝေးထိ
ပစ်ပြိးငါးကြီးမျှားပုံကို စမ်းသပ်လေ.ကျင်.ကြည်.မိသည်။နေ၀င်စမှာ ရေထဲ
ငါးစာကျတော. ရောင်စုံ လှိုင်းဂယက်လေးတွေ ဖြာထွက်သွားသည်။
တစ်ဖြည်းဖြည်းနေ၀င်ပြီးလထွက်လာသည်။လှိုင်းကလေးတွေက အနီ ၊ အ၀ါရောင်စုံမှ ဖိတ်ဖိတ်လက်သော ငွေရောင်သို. ပြောင်းလာသည်။
တစ်ကြိမ်မှာတော. ငါးမျှားတံဆက်ခနဲကွေးသွားသည်။ နည်းနည်းမဟုတ်၊ အများကြီးကွေးသွားသည်။အတော်ကြီးတဲ.ငါးဘဲဟုသူသိလိုက်သည်။ငါးကိုသူလျော.
လိုက်တင်းလိုက် ကစားပေးရင်း တစ်ဖြည်းဖြည်း ဆွဲနေတာကို သူ.ဖခင်ကျေနပ်အားရစွာ
အကဲခတ်ကြည်. နေသည်။
ငါတော်တော် မောသွားပြီ၊သိပ်မရုန်းနိုင် မကန်နိုင်တော.ဘူး ဆိုသည်.အချိန်လောက်ကျမှ သူသတိကြီးစွာ ထားရင်းဆွဲတင်သည်။
ငါးက သူတွေ.ဖူးသမျှ ထဲတွင် အကြီးဆုံးငါး ။သို.သော် ဘတ်(စ်) ငါးဖြစ်နေသည်။
ကောင်လေးသားအဖအလွန်လှသည်.ငါးကြီးကိုကြည်.မ၀နိုင်ဖြစ်နေသည်။
ငါးပါးဟက်တွေ ပွလိုက်ရှုံလိုက်ဖြစ် နေတာလရောင်အောက်မှာတွေ.နေရသည်။အဲသည်
နောက်ဖခင်က မီးခြစ်ခြစ်ကာနာရီကိုကြည်.လိုက်သည်။ညသန်းခေါင်ကျော်လျှင်
ဘတ်(စ်)ငါးတွေ မျှားခွင်.ပြုသည်.ရာသီစပြီ။သို.သော် လောလောဆယ် ည (၁၀)နာရီ
ဘဲရှိသေးသည်။ ခွင်.ပြုသည်.အချိန်ရောက်ရန် (၂) နာရီလိုသေးသည်။
အဖေက ငါးကိုတစ်လှည်. ၊သားကိုတစ်လှည်. ကြည်.သည်။ပြီးလျှင်
"သားရေ ၊ငါးကိုပြန်လွှတ်ပေးရလိမ်.မယ်ကွာ" ဟုဆိုသည်။
" အဖေ " သားကဆိုသည်။
"တစ်ခြားငါးတွေ အများကြီး ရှိပါသေးတယ်ကွာ "အဖေက ပြောသည်။
"ဒီလောက်အကောင်ကြီး ဘယ်ရမလဲ" ဆိုပြီး အနီးပတ်ဝန်းကျင်ကိုသူကြည်.လိုက်သည်။
လရောင်ကြောင်. ပတ်ဝန်းကျင်ကိုသူမြင်နေရသည်။အနီးအနားမှာ ငါးမျှားသမားမရှိ။
ငါးဖမ်းလှေမရှိ။သူ.ဖခင်ကို တစ်ကြိမ်ပြန်မော.ကြည်.သည်။
သူတို.ကို ဘယ်သူမှလည်းမမြင် ၊သည်ငါးကိုသူဘယ်အချိန် ဖမ်းမိသည်ဆိုတာ
လည်း တခြား ဘယ်သူမှမသိနို်င်တာအမှန်ပင်၊ သို.သော် သူ.ဖခင်၏ ပြတ်သားသော
လေသံကိုသူသိသည်။သည်ကိစ္စကိုဘယ်လိုမှ တောင်းပန်ဆွေးနွေးလို.ရမည်မဟုတ်တော.
ငါးပါးစပ်မှ ငြိနေသည်.ချိတ်ကို သူသေချာဖြုတ်သည်။ပြီးလျှင်ရေထဲသို.ပြန်လွှတ်ပေး
လိုက်သည်။ငါးကြီးက ရေထဲ ပွတ်သွားအောင် လှုပ်ခတ်ရင်း ဖြေးဖြေးချင်းပျောက်သွား
သည်။ကောင်လေး၏ စိတ်ထဲတွင် သည်လောက်ကြီးတဲ.ငါးကြီးမျိုးနောင်တစ်သက်လုံး
ငါဖမ်းမိတော.မလား ဟူ၍ ခံစားလိုက်မိသည်။
ဒီအဖြစ်အပျက်သည် လွန်ခဲ.သော ၃၄ နှစ်ခန်. ကဖြစ်သည်။သည်ကနေ.မူ
ကောင်လေးသည် နယူးယောက်မြို.၏ ထင်ရှားသော ဗိသုကာတစ်ယောက်ဖြစ်၍
နေလေပြီ။ ရေကန်အလယ်ကျွန်းကလေးပေါ်မှ သူ.ဖခင်၏အိမ်ကလေးက ရှိမြဲရှိနေဆဲ။
သူကသားနှင်.သမီး ကိုခေါ်ကာ ဟိုးယခင်သူမျှားခဲ.သော လှေဆိပ်တံတားမှာ အတူတကွ
ငါးသွားမျှားတတ်သည်။
ဟိုးတုန်းက သူတွေးခဲ.မိသည်.အတိုင်းပင် အဲ.သည်လောက်ငါးကြီးမျိုးသူမဖမ်း
မိတော. ။သို.သော် နောက်ပိုင်းသူ.ဘ၀တစ်လျှောက်လုံး သည်လိုငါးတွေ သူအကြိမ်ကြိမ်
အဖန်ဖန်မြင်ခဲ. တွေ.ခဲ.ရသည်။ ငါးတွေ။ ဖမ်းလိုက်လျှင်သေချာပေါက်မိမည်.ငါးတွေ။
သို.သော် သည်ငါးတွေကိုကြည်.မိတိုင်း ကိုယ်ကျင်.တရားပြဿနာက အမြဲပေါ်လာသည်
ဖမ်းခွင်.ရှိသလား၊မရှိဘူးလား။ မှန်သလား၊မမှန်ဘူးလား ဟူသည်.မေးခွန်းများ။
သို.သော် သူ ၁၁ နှစ် အရွယ် မှာပင် သူ.ဖခင် ကလက်တွေ.သွန်သင် သဖြင်.
သူကောင်းစွာသဘောပေါက်ခဲ.သည်။
ကိုယ်ကျင်.တရားဆိုသည်မှာ ရှုပ်ရှုပ်ထွေးထွေး
မဟုတ် ။မှန်သလား ၊မှားသလား ၊သင်.သလား၊မသင်.ဘူးလား ခွဲခြားသည်.ကိစ္စသည်
ဘာမှ မခဲယဉ်း။ခဲယဉ်းသည်က မှန်သည်.အတိုင်း သင်.သည်.အတိုင်း ကျင်.သုံးလုပ်ကိုင်
ဖို.ပင်ဖြစ်သည်။
ဘယ်သူမှမမြင်သည်. အချိန်မှာ ကျွန်တော် တို. မဟုတ်တာ လုပ်သလား၊မလုပ်
ဘူးလား ၊ဘယ်သူမှ မသိဘူးဆိုသည်.အချိန်တွင် လုပ်ငန်းကိစ္စ မှာ ခိုသလား ၊ မခိုဘူး
လား ။ သူတစ်ပါးအပေါ်မှာ မတရား အမြတ်ထုတ်သလား ၊ မထုတ်ဘူးလား ။ ကျွန်တော်
တို.မှာ ကိုယ်ကျင်.သီလ ပြည်.၀မပြည်.၀ ဟူသည် အဲသည် ကျွန်တော်တို. အပြု အမူပေါ်
တွင်မူတည်နေမည်။
ငယ်ငယ်တုန်းက မမိသည်.ဘဲ မိလာသည်.ငါးကြီး ကြီးကို ပြန်လွှတ်တတ်
အောင် သွန်သင်ပဲ.ပြင် ခြင်းခံရသော ကလေးသည် မှန်သောအကျင်. ၊ သင်.သောအရာ
များကို ပြုကျင်.တတ်သော အလေ.အထများ စွဲမြဲ ကိန်းအောင်း ကာ၊ ကြီးပြင်းလာသော
အခါ၌ ကိုယ်ကျင်.တရားကောင်းသူအဖြစ် လူအများကြားတွင်တင်.တယ်မည်။အောင်
မြင်မည်။တဒင်္ဂစိတ်အလိုကို မလိုက်ဘဲ မှန်ရာကို ဆုံးဖြတ်လုပ်ကိုင်ဖြစ်ခဲ.သောထိုအမှု
သည်လည်းနောင် တစ်သက်တာ၌ မိတ်ဆွေသူငယ်ချင်းများ၊သားသမီး မြေးမြစ်များ
အား အခွင်.သာတိုင်း ၀မ်းမြောက်ဂုဏ်ယူစရာ ပြန်ပြောင်းပြောဆိုစရာ ကိုယ်တွေ.
ဘ၀ဇာတ်လမ်းအဖြစ် ပုံပြင်တစ်ပုဒ် အဖြစ်စွဲထင်ကျန်ရစ် နေပေမည်။
(မူရင်း ။ ။catch of lifetime)ဖေမြင်.ဘာသာပြန်ဆိုသည်။
အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်း
မိတ်ဆွေကောင်းဘယ်လိုပေါင်းမလဲ
မြော်မြင်ဆင်ခြင်နိုင်မှု့နဲ့ပေါင်းပါ။
ကိုယ်ချင်းစာစိတ်ဖြင့်ပေါင်းပါ။
မိသားစုစိတ်ဖြင့်ပေါင်းပါ။
ငယ်ပေါင်းစိတ်နဲ့ပေါင်းပါ။
သူတော်စင်စိတ်နဲ့ပေါင်းပါ။
ဝန်တိုခြင်းကင်းသောစိတ်နဲ့ပေါင်းပါ။
တဘက်သတ်မကျသောစိတ်နဲ့ပေါင်းပါ။
တစ်နပ်စားမကြံသောစိတ်နဲ့ပေါင်းပါ။
မြို့ရွာမည်မျှဝေးဝေးသွေးမအေးပဲပေါင်းပါ။
နှပ်ဂတိပြုသလိုလက်တွေ့မှာလည်းကတိ အတိုင်းပေါင်းသင်းပါ။
မှားနေလျှင်ထိုအမှားကိုပြောပေါင်းသင်းပါ။
မှန်နေတဲ့အခါ ထိုအမှန်ကို ချီးမွမ်းဝမ်းမြောက်စွာ ပြောပြီးပေါင်းသင်းပါ။
သာရေးမသွားဖြစ်တောင် နာရေးကိုဦးစားပေးသွားပါ။
သာရေးနာရေးအရေးကြုံလျှင်ပေါင်း သင်းနိုင်အောင်ပေါင်းသင်းပါ။
ဆန့်ကျင်ဘက်ကိုမပေါင်းနဲ့ မပေါင်းမဖြစ်ပေါင်းရလျှင် အပေါ်ကယှဉ်
အထဲကြဉ်၍ပေါင်းသင်းပါ။
ရန်သူဆိုလျှင် အတွင်းမ၀င်နိုင် အောင်ပေါင်းသင်းပါ။
သစ္စာမဲ့သူကို ကိုယ်က သစ္စာရှိစွာပေါင်းသင်းပါ။
ဥစ္စာငွေကျေးပျက်ပါစေ စရိတ္တမပျက်စေပဲ ပေါင်းသင်းပါ။
ဆင်းရဲသော်လည်း သီလမမွဲက ပေါင်းသင်းပါ။
ထူးဆန်းအံ့ဖွယ်ဓါတ်ပုံများ

( ပါးပြင်ပေါ်မှာ ကလေးလေး )

( ကမ္ဘာ့မျက်လုံး ပြူးနိုင် ဆုံးလူသား )

( ကမ္ဘာ အရပ်ရှည် ဆုံးလူသား )

( ခေါင်းနှစ်ခုနဲ့ လိပ်ကလေး )

( ခွေးက ရေလွှာလျှောစီး တယ်တဲ့ ဗျာ )

( လူတစ်ယောက် အရပ် ၀င်ရပ်လို့ ရတဲ့ ကားဘီး )


( လက်သည်းအရှည် ဆုံးလူသား )

( မျက်နှာ မှာ အမွှေးတွေနဲ့  လူသား )

( အရပ် ၈ပေ ကျော်တဲ့ လူသား )
တွယ်ချိတ်များနှင့် ကြက်သီးထဖွယ် ရွှေရောင် ကိုယ်ခန္ဒာ

သြစတေးလျ အနုပညာရှင် Lucy McRae သည် သူမ၏ ကိုယ်ခန္ဒာပေါ်တွင် ရွေရောင် တွယ်ချိတ်များကို ကော်ကပ် အသုံးပြု၍ ကိုယ်ခန္ဒာ အလှဆင် အနုပညာ (Body Art)
တစ်ခုအား ကိုယ်ဟန်ပြ ဖန်တီးခဲ့ရာ တွယ်ချိတ်များနှင့် ကြက်သီးထဖွယ် ရွှေရောင်
ကိုယ်ခန္ဒာကို မြင်တွေ့ရသည်။

ပုံရိပ်နှင့် အသံ အနုပညာ ပြတိုက် (Museum of Image and Sound) တွင်
ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ်သည့် “Rojo Nova work in progress”
အစီအစဉ်တွင် သရုပ်ပြခဲ့ခြင်း ဖြစ်သည်။
မူရင်းလင့် http://news.xinhuanet.com/english2010/photo/2010-07/28/c_13419276_2...
နေ.ရက်တိုင်းကိုပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းနိုင်စေဖို.
လွယ်တကူပိုင်ဆိုင်နေကြပေမယ့်၊လူတစ်ချို.မှာတော့ကျန်းမာရေးချို့တဲ့တာ၊စိတ်မချမ်းမြေ့တာစတဲ့ဝေဒနာတွေကို၊
ခံစားကြရတတ်ပါတယ်။လူတိုင်းဘ၀မှာအောင်မြင်ပျော်ရွှင်ချင်တယ်ဆိုရင်တော့၊ကိုယ်ကျန်းမာ၊စိတ်ချမ်းသာမှဖြစ်
မှာပါ။ဒါကြောင့်လူတိုင်းလူတိုင်းဖြတ်သန်းနေရတဲ့နေ့စဉ်ဘ၀မှာပျော်ရွှင်တက်ကြွစွာနဲ့၊အောင်မြင်မှုပန်းတိုင်ကိုအ
ရောက်လှမ်းနိုင်အောင်တစ်ဖက်နည်းလမ်းတွေကိုလိုက်နာကြည့်ပါလား။
၁။အမြဲတမ်းပြုံးနေလိုက်ပါ။
သင့်ကိုယ်သင်ပြုံးပြုံးလေးနေကြည့်ပါ။နှုတ်ခမ်းကပဲပြုံးတဲ့အပြုံးမဟုတ်ပဲ၊မျက်လုံးဘေးကကြွက်သားတွေကော၊ရင်
ထဲကပါပြုံးတဲ့အပြုံးစစ်ကို၊ပြုံးကြည့်ပါ။ပြုံးတဲ့အခါကောင်းမွန်တဲ့စိတ်ခံစားချက်တွေထွက်လာပြီး၊ဦးနှောက်ရဲ့လုပ်ငန်း
လုပ်ဆောင်တာကိုကြည်လင်ကောင်းမွန်စေပါတယ်။တချို.ရက်တွေမှာသင်ဟာမပြုံးရွှင်နိုင်ပဲ၊မှိုင်တွေစိတ်ဓာတ်ကျနေ
ရင်အမြဲတမ်းပြုံးရွှင်နေတတ်တဲ့သူငယ်ချင်းနဲ့၊တွေ.ဆုံစကားပြောလိုက်ပါ။သူ့အပြုံးတွေဟာသင့်ဆီကိုကူးစက်လာ
ပါလိမ့်မယ်။
၂။တစ်နာရီကြာတိုင်းရေသောက်ပါ
အလုပ်များနေတဲ့အခါ ရေသောက်ဖို့မေ့နေတတ်ပါတယ်။ပတ်ဝန်းကျင်ကျန်းမာရေးစာစောင်ရဲ့လေ့လာမှုအရ၊ရေ
ဓာတ်ခန်းခြောက်နေရင်ခန္ဓာကိုယ်အလေးချိန်၂ ရာခိုင်နှုန်းကျသွားတတ်ပြီး၊ရေငတ်တဲ့ခံစားမှုဟာမှတ်ဥာဏ်ချို.
တဲ့တာ၊ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းရည်ကျဆင်းတာတွေလည်း၊ဖြစ်တတ်တယ်လို့ဆိုပါတယ်။ခန္ဓာကိုယ်ညောင်း
ညာနုံးချိပြီး၊ပျင်းနေရင်သစ်သီးဖျော်ရည်၊ဂရိတ်ဖရုဖျော်ရည်တစ်မျိုးမျိုးကိုသောက်လိုက်ပါ။
၃။ကိုယ်ဟန်အနေအထားကိုစစ်ဆေးပါ
ထိုင်ခုံမှာမတ်မတ်မထိုင်ဘဲ၊ပျင်းရိပျင်းတွဲနဲ့နောက်မှီကို၊မှီထိုင်ရင်ကြာလာတဲ့အခါနောက်ကြောအပေါ်ဘက်က
ကြွက်သားတွေအားနည်းလာပြီး၊ဒဏ်ဖြစ်လာတတ်ပါတယ်။လူတစ်ချို့ကနောက်မှီထိုင်တာကိုနေရ၊ထိုင်ရသက်
သာတယ်လို့ထင်တတ်ကြပါတယ်။ဒါဟာဒဏ်ဖြစ်စေမှန်းမသိကြပါဘူး။ထိုင်ခုံမှာထိုင်တဲ့အခါသင့်တင်ပါးနဲ့ပခုံးတွေ
တစ်တန်းတည်းဖြစ်နေပါစေ။ကျောရိုးနေရာမှာလည်းသဘာဝအတိုင်းကွေးနေအောင်ထားပါ။ပေါင်တံနဲ့ခြေထောက်
တွေကိုမြေပြင်ပေါ်မှာအပြိုင်ချထားပြီး၊ခြေချင်းဝတ်ဟာဒူးရှေ့ရောက်နေသင့်ပါတယ်။
၂၀၁၂တွင် အင်တာနက်စနစ်များ ပြတ်တောက်မည်ဟုဆို( ကမ္ဘာပျက်မပျက်ကမသေချာ)




လာမည့် ၂၀၁၂ခုနှစ် တွင် ကမ္ဘာ့နိုင်ငံတို့၏ အင်တာနက်ဆက် သွယ်ရေးစနစ်များ ပြတ်တောက်သွားမည်
ဖြစ်ကြောင်း အမျိုးသားအာကာသအုပ်ချုပ် ရေးအေဂျင်စီ နာဆာ၏သတင်းထုတ်ပြန်
ချက်ကို ကိုးကား၍ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။
ဂြိုဟ်တုဆက်သွယ်ရေးစနစ်များ၊ အင်တာနက်၊ အီးမေးလ်၊ တယ်လီဖုန်းနှင့်
အီလက်ထရွန်နစ် ဆက်သွယ်ရေးစနစ်များ သည် ပြတ်တောက်သွားမည်ဖြစ်သည်ဟု
ဒေါက်တာထွန်းလွင်က နာဆာကို ကိုးကား ပြောကြားခြင်းဖြစ်သည်။
''လူတွေပြောတဲ့အထဲမှာ ဟုတ် တာမှန်တာရှိသလို သိပ္ပံကတွေ့ထားတာလဲ ရှိတယ်။
ဂလက်စီ(ကြယ်အစုအဝေး)ကို တစ်ကြိမ်ဖြတ်ဖို့ နေအဖွဲ့အစည်းဟာ နှစ် ပေါင်း
၆၄သန်းကြာတယ်။ ကမ္ဘာနဲ့နေအဖွဲ့ အစည်းက အခုဂလက်စီကိုဖြတ်မှာ။ အဲဒီ ၆၄သန်းဟာ
၂၀၁၂မှာပြည့်ပြီ''ဟု ဒေါက်တာ ထွန်းလွင်က နာဆာ၏တွေ့ရှိချက်ကို ထည့်
သွင်းပြောကြားခဲ့သည်။
ဒေါက်တာထွန်းလွင်နှင့် နာဆာ တို့၏တွေ့ရှိချက်များအရ ဂလက်စီကို ကမ္ဘာ နှင့်နေအဖွဲ့အစည်းဖြတ်သန်းစဉ်တွင်
ကမ္ဘာ့ မြေ၏ သံလိုက်စက်ကွင်းလမ်းကြောင်းများ ပြောင်းလဲမှုဖြစ်ပေါ်စေပြီး
အင်တာနက်နှင့် အီလက်ထရွန်နစ်ဆက်သွယ်မှုစနစ်များပြတ် တောက်သွားဖွယ်
အခြေအနေရှိနေသည်။
''မကြာသေးမီက အဲဒီ ၂၀၁၂ ရုပ်ရှင်ဟာ တစ်ကမ္ဘာလုံးကို လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့တယ်။ ကျွန်တော် ၂၀၁၂ကို နေပြည်
တော်ရုပ်ရှင်ရုံမှာသွားကြည်ခဲ့တယ်။ ကြောက် လန့်စရာအတိပါပဲ။ ဒါပေမဲ့ဗျာ
ဒီ၂၀၁၂မှာ ကမ္ဘာပျက်မယ်လို့တော့ ဘယ်ဘာသာတွေ ရဲ့
အထွတ်အမြတ်ကျမ်းတွေမှာမှရေးမထား ဘူး။ ဦးထွန်းလွင်ပြောသလို အင်တာနက်
ဆက်သွယ်ရေး၊ ဖုန်းလိုင်းဆက်သွယ်ရေး ပြတ်တောက်နိုင်တာ လက်ခံလို့ရပါတယ်။
ဒါတွေက အခုတောင်ပြတ်နေတာလေ''ဟု ရူပဗေဒဘွဲ့ရကျောင်းသား ကိုအောင်ဇော်
ထွန်းကပြောသည်။
''ကျွန်တော့်အနေနဲ့ ၂၀၁၂မှာ အင်တာနက်စနစ်များ ပြတ်တောက်မယ် ဆိုတာကိုမယုံကြည်ဘူး။ ဒါပေမဲ့ နာဆာက ထုတ်ပြန်ချက်အပေါ်
အလေးထားဖို့လိုလိမ့် မယ်''ဟု မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောသည်။
မကြာသေးမီက နိုင်ငံတကာ သတင်းတစ်ခု၏အဆိုအရ ၂၀၁၂အစော ပိုင်းတွင်
ဟောင်ကောင်လေကြောင်းလိုင်း Cathay Pacific နှင့် Panasonic ကုမ္ပဏီ
တို့ပူးပေါင်း၍ ကုမ္ပဏီပိုင်လေယာဉ်များတွင် အင်တာနက်၊ မိုဘိုင်းလ်ဖုန်းနှင့်
ရုပ်မြင်သံ ကြားတိုက်ရိုက်ထုတ်လွှင့်မှုများကို တပ်ဆင်
ဝန်ဆောင်မှုပေးရန်စီစဉ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်၊၊
ကဲ...... သင်တို့ ရော ဘယ်လိုထင်မြင်ယူဆကြပါသလဲခင်ဗျာ။
http://grou.ps/elevennovember ; မှ ကူးယူဖော်ပြပါသည်။
Thursday, July 29, 2010
အိမ်ထောင်ရေး အစီအစဉ်နှင့် ပတ်သက်၍ အချိန်အတိအကျ အသိပေးမည်ဟု အိန္ဒြာကျော်ဇင် ပြောကြား။
နာမည်ရ သရုပ်ဆောင် မင်းသားတစ်ဦးနှင့် လက်ထပ်တော့မည် ဟူသောသတင်းစကားများ ထွက်ပေါ်နေသော သရုပ်ဆောင် အိန္ဒြာကျော်ဇင်က သူမ၏အိမ်ထောင်ရေး အစီအစဉ်နှင့်ပတ်သက်၍ အချိန် အတိအကျ အသိပေးမည်ဟု Weekly Eleven News Journal သို့ ပြောကြားခဲ့ပါသည်။
" မအူဝဲ အခုချိန်မှာ အချစ်ရေးက အရမ်းနွေးနွေးထွေးထွေး ရှိနေပါတယ်။
အိမ်ထောင်ရေးဆိုတာက အိမ်ထောင်ရေးကံ ဆိုတာမျိုး ရှိသေးတယ်လေ။ ဒီချိန်မှာ
အိမ်ထောင်ကျတဲ့ကံ မပါသေးဘူးဆိုရင် ဘယ်လိုပဲ လုပ်ယူလုပ်ယူ မဖြစ်သေးဘူး။
ဘယ်လိုပဲ မလိုချင်သေးပါဘူး ပြောပြော အိမ်ထောင်ကျရမယ့် ကံပါလာပြီဆိုရင်
အလိုလိုနေရင်း အခြေအနေတွေ အားလုံးက လှုံ့ဆော်ပြီး အလိုလိုကို ဖြစ်သွားတာ။
လောလောဆယ်ကြီး အစီအစဉ်မျိုး တော့ မဟုတ်သေးပါဘူး"ဟု အိန္ဒြာကျော်ဇင်က
ပြောပြခဲ့သည်။
အိမ်ထောင်ပြုပြီးနောက်တွင် အနုပညာလှုပ်ရှားမှုများနှင့် ပတ်သက်၍လည်း အိန္ဒြာကျော်ဇင်က "ဒီနေ့ဒီအချိန်အထိ အနုပညာအလုပ်တွေ လုပ်လာခဲ့တဲ့ သက်တမ်းလည်း နည်းတော့တာမဟုတ်ဘူး။ လုပ်ခဲ့တဲ့
အနု ပညာအလုပ်တွေ ဆိုတာလည်း မနားမနေ မမောမပန်းဘဲနဲ့ကို နေ့စဉ်ရက်ဆက်
လှုပ်ရှားလာခဲ့တာ။ အဲဒီအခါ မအူဝဲအနေနဲ့ နောက်ထပ်ဘ၀တစ်ခုကို
ဖန်တီးတော့မယ်ဆိုတဲ့အချိန်မှာ နည်းနည်းလေးတော့ အပြောင်းအလဲ
လေးရှိသွားနိုင်ပါတယ်။ အိမ်ထောင်အတွက်ကို အချိန်ပေးရတာမျိုးတွေ
ရှိလာမှာပါ"ဟု ဆက်လက်ပြောပြခဲ့သည်။
အိန္ဒြာကျော်ဇင်သည် သူ၏ မင်္ဂလာအစီအစဉ်အတွက် ပရိသတ်များ အား ကြိုတင်၍ အချိန်အတိအကျ အား ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင်မူ ထုတ်ပြန်နိုင်ခြင်း မရှိသေးဟု
သိရသည်။ အိန္ဒြာကျော်ဇင် လက်တွဲမည့်သူသည် သတင်းစကား အချို့ထွက်ပေါ်နေသော
သူ၏အနုပညာ လုပ်ဖော်ကိုင်ဘက် နာမည်ရမင်းသားတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။
ဆေးလိပ်သောက်သူများ ကိုယ်ချစ်တဲ့သူများကို မသတ်မိကြစေပါနဲ့
အခုရေးမယ့် ပို့စ်လေးကတော့ ဆေးလိပ်သောက်သူများကို အသိရစေချင်တာပါ။ သူတို့ ကိုယ်တိုင် ဒုက္ခရောက်တာတော့ သိပြီးသားဖြစ်ကြမှာပါ။
တခြားလူကို ဒုက္ခမပေးမိဖို့ ရေးတာပါ။ အထူးသဖြင့် ကိုယ်ချစ်တဲ့ လူတွေ ကိုယ့်မိသားစုဝင်တွေပါ။ (ဘာလို့လဲဆိုတာ အဲဒီလိုသောက်တဲ့ လူတွေ
အနားမှာက သူတို့ ချစ်တဲ့လူတွေ အမြဲနေနေကြတာပါ။) ကျွန်တော့မိသားစုမှာ ဆိုရင်လဲ အဖေနဲ့ ကျွန်တော့ညီသောက်ပါတယ်။
ကျွန်တော် ဆေးလိပ်နံ့ကို မခံနိုင်ပါဘူး။ အဲဒီလို ဆေးလိပ်သောက်သူနားမှာ နေပြီး ဆေးလိပ်ငွေ့ရှူမိသူများကို အင်္ဂလိပ်လို Second-hand smoker
လို့ခေါ်ပါတယ်။ လူထုကြားမှာ ဆေးလိပ်သောက်သုံးသူတွေ ရှူထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေဟာ ဘယ်လောက်ပျံ့နေလဲဆိုတာ ကျွန်တော်တို့
မသိနိုင်ဘူးလေ။ ကျွန်တော်တို့ကိုယ်တိုင် Second-hand smoker တွေဖြစ်မှန်းမသိဖြစ်နေကြတယ်။ ဒါကြောင့်အခုဆိုရင် ဆေးလိပ်သီးသန့်
သောက်ရန်နေရာတွေ ဖန်တီးပေးထားလာကြတာပါ။ လေ့လာတွေ့ရှိချက်များအရ Second-hand smoker တွေဟာ ဓါတုဗေဒပစ္စည်း 4000 ကျော်
လောက်ပါတဲ့ အငွေ့တွေကို ရှူနေရတယ်။ အဲဒီ ဓါတုဗေဒ ပစ္စည်းတွေက -
- ကာဗွန်မိုနောက်ဆိုဒ်( carbon monoxide) ကားအိတ်ဇောကထွက်လာတဲ့ မီးခိုတွေမှာ ပါလေ့ရှိတယ်
- အမိုးနီးယား ( ammonia ) မှန်ကြည်ဆေးရေတွေမှာ ပါတဲ့ ပစ္စည်းတမျိုး
- ကဒ်မီယမ် ( cadmium ) ဘက်ထရီတွေမှာ တွေ့ရတတ်တယ်
- အာဆစ်နစ် ( arsenic ) ကြွက်သက်ဆေးမှာပါတယ်
အဲဒီဓါတ်ငွေ့တွေ ရှူခြင်းဖြင့် နှလုံးရောရဂါ ၊ အဆုပ်ကင်ဆာများ ဖြစ်နိုင်ပါတယ်။ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ Second-hand smoker တွေ နှလုံးရောဂါ
အဆုပ်ကင်ဆာ ဖြစ်ပြီးသေတဲ့နှုန်း တစ်နှစ်မှာ 46000 အထက်မှာရှိပါတယ်။ ဒါကြောင့်လူတိုင်း (ဆေးလိပ်သောက်သူများအပါဝင်) ဆင်ခြင်သင့်ပါတယ်။
အထူးသဖြင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်ကြီးရွယ်အိုများ၊ နှလုံးရောဂါ ရှိသူများ၊ အသက်ရှူကြပ် သူများ အနီးတွင် ဆေးလိပ်သောက်
သုံးခြင်းကို အထူးရှောင်ရှားသင့်ပါသည်။ နောက်ဆုံးအနေနဲ့ အကြံပေးချင်တာကတော့ ဆေးလိပ်သောက်သုံးသူများသည် မိမိကိုယ်ကို ချစ်လျှင် ဆေးလိပ်
သောက်နှုန်းလျှော့ချပြီး ဆေးလိပ်သောက်ခြင်းကို ဖြတ်သင့်ပါသည် (သို့မဟုတ်) တခြားသူများ (မိသားစုဝင်၊ သူငယ်ချင်း၊ ချစ်သူ) များကို ချစ်လျှင်
သူတို့အနီးအပါးတွင် ဆေးလိပ်သောက်ခြင်းကို ရှောင်ရှားသင့်ပါသည်။ ကျန်းမာပျော်ရွှင်သော ဘ၀များ ထူထောင်နိုင်ကြပါစေ။
ဝန်ခံချက်။ ။http://kyawkyawhtun.info/?p=105 မှကူးယူဖော်ပြခြင်းဖြစ်သည်။
Tuesday, July 27, 2010
လိုချင်တာ ယူပါ
ATM = At the moment = ဒီခဏ၊ အခု၊ အခိုက်အတန့်မှာ
;-) = wink = သိတယ် မဟုတ်လား
:-{ = sad face = ၀မ်းနည်းနေတယ်။
10Q = thank you = ကျေးဇူး
24/7 =
24 hours a day, 7 days a week = တစ်ပတ်မှာခုနှစ်ရက်၊ တစ်ရက်မှာ၂၄နာရီ
brb =
be right back = အခု ပြန်လာခဲ့မယ်
B4 = before = ...မတိုင်ခင်
B/C = because = ဘာဖြစ်လို့လဲဆိုတော့
afaik = as far as I known = ငါသိထားတာနဲ့ ဝေးလွန်းတယ်
asap = as soon as possible = ဖြစ်နိုင်ရင် အခုချက်ချင်း
cu18R = see you later = နောက်မှ တွေ့မယ်
u = you = သင်
esp = especially = အထူးသဖြင့်
18R = later = နောက်မှ
MYOB = mind your own business = ကိုယ့်လုပ်ငန်းကိုယ် အာရုံစိုက်ပါ
ppl = people = လူများ
FYI =
for your information = မင်းရဲ့ သတင်းအတွက်
IH8U = I hate you = မင်းကိုမုန်းတယ်
wtg = way to go = သွားဖို့ နည်းလမ်း
wtrdo'n = what are you doing = ဘာလုပ်နေလဲ
wuteva = what ever = ဘာပဲဖြစ်ဖြစ်
wuz = was = N/A
xcuz = excuse = ခွင့်ပြုပါ
whoz = who is = ဘယ်သူရဲ့
xqzme =
excuse me = င့ါကို ခွင့်ပြုပါ
xlnt = excellent = အကောင်းဆုံး
yw = you are welcome = ကြိုဆိုပါတယ်
yvw = you are very welcome = ကြိုဆိုပါတယ်
yt = you there = မင်းဒီမှာ လား
yrs = years = နှစ်များ
ya =
yes = ဟုတ်ကဲ့
uno = you know = မင်းသိတယ်
U/I = upload = file ကို web ပေါ်တင်ခြင်း
da = the = N/A
hw = home work = အိမ်စာ
d/l = download = web ပေါ်မှ file ကို ရယူသည်
duz = does = N/A
့h/o = hold ōn = ဆက်လုပ်
h8 = hate = မုန်းတယ်
goin = going = သွားခြင်း
goz = go to = သွားရန်
gn = good night = မင်္ဂလာညပါ
duz = does = N/A
duznt =
doesn't = N/A
e1 = everyone = လူတိုင်း
ez = easy = အလွယ်လေး
fu = follow up = နောက်ဆက်တွဲ
gbu = god bless you = ဘုရားသခင် ကောင်းချီးပေးပါစေ
gimme = give me = ပေးပါ
gi = good job = အလုပ်ကောင်း
8 = ate = စားသည်
BB = bye bye = တာ့တာ
KK = ōK = အိုကေ
obtw = oh..by the way = ဒါနဲ့ ..စကားမစပ်
lol = laugh out loud = ရယ်လိုက်ရတာ
BRB = be right back = ပြန်လာခဲ့ပါ
coz = cause = အကြောင်းက
noob = = လူသစ်
m4dskIIIZ = တစ်ခုခုတွင် အထူးကျွမ်းကျင်သည့်လူ
joo = ဗန်းစကားပြောခြင်း
IMHO = In my honest ōpinion = ငါ့ရဲ့ အရိုးဆုံးဆန္ဒက
b4k4 = တစ်ကိုယ်ကောင်းဆန်သူ
gg = good game = ပွဲကြီးပွဲကောင်း
pron = porn ကို ကျော်သည်
pwn = လွှမ်းမိုးခြင်း
ub3r = ကျော်လွှားရယူသည်
woot = ၀မ်းသာအံ့သြစွာ ပျော်ရွှင်မှု...
ull = you'll = N/A
uno? = you know? = မင်းသိလား
ur =
you are = မင်းဟာ...
v v = vice vesa = အပြန်အလှန်အားဖြင့်
w8 = wait = စောင့်ပါ
w/ = with = ..နှင့်..
w/e = whatever = ဘာပဲဖြစ်ဖြစ်
w-end = weekend = နောက်ဆုံးရက်သတ္တပတ်
w/o = without = မပါဘဲ
wazzup = what up? = ဘာဖြစ်တာလဲ
wanna = want to = ဆန္ဒရှိတယ်
wb =
welcomeback = ပြန်လာတာ ကြိုဆိုပါတယ်
ltnc = long time no see = မတွေ့တာကြာပြီ
u'd = you had = N/A
wnwu = what new with you = ဘာသတင်းတွေ မင်းမှာရှိသလဲ
wru = who are you? = မင်းဘယ်သူလဲ
Ruok = are you ok? = အဆင်ပြေလား
PAW = parents are watching = မိဘတွေ ကြည့်နေတယ်
OIC = oh, I see = ငါသိပြီ
NP = no problem = ပြဿနာမရှိ
NO1 =
no ōne = ဘယ်သူမျှ
NE1 = anyone = လူတစ်ယောက်မျှ
NE = any = N/A
Lv =
love = အချစ်
>^,,^< = cat = ကြောင်
CYA = see ya = တွေ့မယ်လေ
%-) = confused = ...
:-> = hay = (အော်..ခေါ်တဲ့အသံ)
:-& =
hmm = ဟမ်!
#:-o = oh! no = အို..ဟင့်အင်း
{ } = no comment = ထင်မြင်ချက် မပေး
: - x = tongue-tied = ပါးစပ်ချုပ်ထားတယ်
: - # = my lips are sealed = ပါးစပ် ကော်ကပ်ထားတယ်
:- e = dissapointed = အားငယ်တယ်
:- (*) = sick comment = ဖျားနာနေတယ်
:^D" = great! I like it = ကောင်းတယ် ကြိုက်တယ်
:-( = totally inbelievale = မယုံကြည်နိုင်လောက်အောင် ၀မ်းနည်း
:-@ = screaming = အလွန်
(:-) = blad = ထိပ်ပြောင်ပြောင်နဲ့
:-&& = angry = ဒေါသဖြစ်တယ်
<3 you
=" ချစ်တယ်
(:-...= broken = အသည်းကွဲနေတယ်
@}..\.,..=rose=နှင်းဆီသင်္ကေတ
:-v=talking=စကားပြောလေ
:-(o)=shouting =
အော်နေတယ်
>:-( = very angry=အရမ်းစိတ်ဆိုးတယ်
&-& = sleeping = အိပ်ပျော်နေတယ်
gt8 = great = ခမ်းနားတယ်
hb = hurry back = အမြန်ပြန်ခဲ့
hud = how you doing? = ဘယ်လို လုပ်တာလဲ
ibyp = I beg your pardon = တောင်းပန်ပါတယ်
idk = I don't know = ငါမသိဘူး
Ilu = I love you = မင်းကိုချစ်တယ်
gonna=going to= သွားတော့မလို့...
gl=good luck=ကံကောင်းပါစေ
gm=good morning=မင်္ဂလာနံနက်ခင်း
ROFL=rolling on floor laughing=လူးလိမ့်နေအောင် ရယ်သည်
tgif=thank god it's friday = -
w8ing=waiting =
စောင့်စိုင်းခြင်း
piss-->=piss ōff= ထွက်သွား
runu?=Are you nuts?= မင်းရူးနေလား
BCNU=be seeing you= တွေ့ရတာ
B2B=business to business= စီးပွားရေးဆန်သော ဆက်သွယ်မှု
P2P=peer to peer= P2P connection
g2g=google to
guy= google မှ မှာကြားမှု
gtg=got to go= သွားလို့ရပြီ
GR8=great= ကြီးကျယ်ခမ်းနားတယ်
g2g=guy to girl= ယောကျာ်းလေးမှ မိန်းကလေး
IYQ=I Like you= မင်းကို နှစ်သက်တယ်
HQ=hate= မုန်းတယ်
HAND=have a nice day= မင်္ဂလာရှိသော နေ့ဖြစ်ပါစေ
sos=save our doul =ကယ်ပါ
soz=sorry= ၀မ်းနည်းပါတယ်
DYLM=do you like me= မင်းငါ့ကို ကြိုက်ရဲ့လား
f2T=free to
talk = လွတ်လွတ်လပ်လပ်ပေါ့
k=okay= အိုကေ
Pls=please= ကျေးဇူးပြု၍
asl=age, sex, location= အသက်၊ လိင်၊ တည်နေရာ
%-}=intoxicated= ထိန်းမနိုင်
သိမ်းမရပါလား
&-o=snoring= အိပ်ပျော်ရင်း ဟောက်တတ်သူ
@:-) = using a turban = ပန်ချာပီခေါင်းပေါင်းနဲ့ပါလား
MM = Myanmar = မြန်မာသင်္ကေတ
<:-& =
Monk/Nun = ဘုန်းကြီး
<&-) = chinese = တရုတ်သင်္ကေတ
:-{) = with a moustache = နှုတ်ခမ်းမွေးကြီးနဲ့
:-{} = lip strick = နှုတ်ခမ်းနီ
:-? =
smoking a pipe = ဆေးတံသောက်နေတယ်
:-)))) = a person with multiple chins = မေးအထပ်ထပ်နဲ့လူ (အတ္တကြီးတဲ့လူ)
£$£:-) = I m rich! = လူချမ်းသာ
}:-(= =
dracula = သွေးစုပ်ဖုတ်ကောင်
B-) = sunglasses = နေကာမျက်မှန်များ
B:-) =
sunglasses on head = မျက်မှန်ခေါင်းပေါ်တင်ထားတယ်
o&&o = cock = မအား
('}{') = kissing lovers = ချစ်သူတွေအနမ်း
:* = kiss = အနမ်း
:o* = kiss = အနမ်း
:x = secret's safe = လျှို့ဝှက်ချက်ရှိတယ်
o:- =
Angel = နတ်သမီး
:*)? = Are you drunk? = သောက်ထားလား
:-ozz zz ZZ = bored or tired = ပျင်းနေလား၊ မောပန်းနေလား
}):(} = butterfly = လိပ်ပြာ သင်္ကေတ
e=:-) = chef = လူကြီး
>:-) = devil = နတ်ဆိုး
};-)> =
devil = နတ်ဆိုး
9) = taog = N/A
5:-) = prestey = ပရက်စလေ
@:-) = presley = ပရက်စလေ (အဆိုတော် ပရက်စလေ၏ သင်္ကေတ)
:-% = get lost = ရှုံးခဲ့ပြီ
:-]= =goofy = ကြောင်တောင်တောင်ပဲ
:-s = not making sense = အာရုံမရှိ
(-.-)Zzz = Sleep = အိပ်ပျော်နေတယ်
:***~) = wearing body glitter = ကိုယ်ရောင်ကိုယ်ဝါ ထွက်နေပါလား
:'-) = crying = ငိုမိတယ်
:-{} =
wearing lipstick = နှုတ်ခမ်းနီ ဆိုးထားတယ်
8(:-) = Mickey Mouse = ကြွက်
:-p = naughty = လူဆိုးလေး (စနောက်ခြင်း)
=^) = open minded = ကျယ်ပြန့်တယ်
:@) = pig = ၀က်
(8-) = Alternative! = ဟော့ရှော့
^(00)^ =
spider = ပင့်ကူ
(:::[]:::) = plaster = ပလာစတာ
9) = frog = ဖား
ပီကေစားရင်သတိထားကြပါဗျာ။
စားသောက်ဆိုင်တစ်ခုမှာ တွေ့ကြပါသတဲ့။ တစ်ခုံထဲမှာ အတူထိုင်ကြရင်း
ဟိုအကြောင်း
ဒီအကြောင်းပြောဖြစ်ကြတာပေါ့။ အဲဒီလို စကားပြောရင်းကနေ ပြင်သစ်ကြီးက
စားလို့မကုန်တဲ့ပေါင်မုန့်အကျန်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်ပါသတဲ့။
အဲဒါကိုမြင်တဲ့အမေရိကန်က ပြင်သစ်ကို နောက်ချင်စိတ်ပေါ်လာပါသတဲ့။
အမေရိကန်ကြီးက
မေးလိုက်တယ်။
*'ခင်ဗျားတို့ပြင်သစ်လူမျိုးတွေ
က စားလို့မကုန်တဲ့ပေါင်မုန့်တွေကို ဒီလိုပဲ
လွှင့်ပစ်တာပဲလားဗျ' *
*'အင်းလေ... လွှင့်ပစ်တာပေါ့' *
*'ကျုပ်တို့ဆီမှာတော့လွှင့်မပစ်ဘူးဗျ အဲဒီအကျန်တွေကို သိမ်းထားပြီး
ပေါင်မုန့်လုံးလုပ်တယ်။ ပြီးရင် ခင်ဗျားတို့ ပြင်သစ်ကို
ပြန်တင်ပို့တယ်လေ..ဟဲဟဲ'*
အဲဒီတော့ပြင်သစ်ကြီး စိတ်ညစ်သွားတယ်။ ဒါနဲ့တင် မပြီးသေးဘူး။ အမေရိကန်ကြီးက
ဆက်မေးတယ်။
*'ခင်ဗျားတို့ဆီမှာ စားလို့မကုန်တဲ့ အသားတွေကိုရော ဒီလိုပဲ
လွှင့်ပစ်တာပဲလားဗျ'
*
*'အင်းလေ.. လွှင့်ပစ်တာပေါ့ မပစ်လို့ဘာလုပ်ရမှာတုန်း'*
*'ကျုပ်တို့ကတော့လွှင့်မပစ်ဘူးဗျ အဲဒါတွေကိုပြန်သိမ်းထားတယ်။ ပြီးရင်
ဟမ္ဘာဂါ
လုပ်ပြီး ခင်ဗျားတို့ဆီကို ပြန်ပို့တယ်..ဟဲ ဟဲ'*
ပြင်သစ်ကြီးပေါက်ကွဲသွားတယ်။ ပြီးတော့ ဒီအမေရိကန်ကောင်ကိုတော့
ပြန်ပြီးပညာပေးရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ပြင်သစ်ကြီးက ပြန်မေးတယ်။
*'ခင်ဗျားတို့ဆီမှာ သုံးပြီးသား Condom (ကွန်ဒုံး ) တွေကိုလွှင့်ပစ်သလားဗျ'*
*'ဟာ..လွှင့်ပစ်တာပေါ့ဗျ ဘာလုပ်ရမှာတုန်း' * ဆိုတော့ ပြင်သစ်ကြီးက
မိန့်မိန့်ကြီးပြန်ပြောလိုက်တယ်
*'အေး.... ကျုပ်တို့ဆီမှာတော့ လွှင့်မပစ်ဘူးဗျ အဲဒါတွေအကုန်ပြန်ပေါင်းပြီး
ပီကေပြန်လုပ်တယ်။ ပြီးရင် ခင်ဗျားတို့ အမေရိကန်ကို ပြန်ပို့တယ်လေ ဟဲ ဟဲ
ဟဲ....' *လို့လည်းဆိုရော အမေရိကန်ကြီးလည်း တစ်ခွန်းတည်းအော်ပြီး
ပြေးပါလေရောတဲ့......ကြော်ငြာထဲကလိုဆိုရင်တော့
*အောင်မလေး....သေပါပြီဟ* ဆိုပြီးတော့ပေါ့
အဲဒီတော့ သူငယ်ချင်းတွေလည်း ပီကေစားမယ်ကြံရင်
နည်းနည်းသတိထားကြပါလို့...
forward mail ကနေရတာပါ
Sunday, July 25, 2010
ဒီလိုမဖြစ်အောင် အရက်ကို ရှောင်
> ကူးယူဖေါ်ပြသည်။
့အပြားအကြီးအကျယ် ကျင်းပကြသော နှစ်သစ်ကူးပွဲတော် ၊ နှင့် 
ထိုထိုနေ့ များတွင် လူငယ်များပီပီ လွတ်လွတ်လပ်လပ်ဖြင့် ပျော်ရွှင်စွာဖြင်
့မိမိတို့ ဆန္ဒရှိ သလို ပျော်ရွှင် ဆင်နွဲကြရာမှ ၊ အပျော်လွန်ကာ ဘ၀ပျက်ခဲ့ ရသော
မိန်းကလေးများ၏ အဖြစ်အပျက်များကား ရေးပြလို့ ပင် မကုန်နိုင်အောင်
များပြားလှချေ၏....
လောလောဆယ်နမူနာအနေဖြင့် ပြောပြရလျှင်....
ဒူဘိုင်းတွင်ပင် ကျော်မကောင်း၊ကြားမကောင်းဖြစ်သွားရသော...ငယ်ရွယ်သူအရောင်းစာရေးမြန်မာမလေးတစ်ဦးနှင့် သူ၏ မိတ်ဆွေ
ခရစ်စမတ်ပွဲတော်ကို ဒူဘိုင်း၏ နာမည်ကျော် Beach တွင် နှစ်ကိုယ်တည်း ကျင်းပခဲ
့ရာ အရက်၊ ဘီယာသောက်စားပြီး၊ အရှိန်လွန်ကာ အများပြည်သူမြင်ကွင်းတွင်ပင်
အသိတရားမရှိတော့ ပဲ အချစ်စခန်းဖွင့် ကာ အချစ်နယ်ကျွံမိခဲ့ ကြသဖြင့် 
ရဲဖမ်းခံရကာ ထောင်၊ အချူပ်ကျပြီး အရှက်တကွဲ၊ ကိုယ်ကျိုး
နည်းခဲ့ ရသည်က ပူပူနွေးနွေးအဖြစ်အပျက်ပင်....
ယုတ်ညံ့ သည့် သုံးတောင်ဝတ်ကျားတစ်ချို့ ကလည်း မွေးနေ့ အကြောင်းပြ၊ ဟိုအကြောင်း
ပြ၊ ဒီအကြောင်းပြနှင့် ပါတီပွဲ၊ နှုတ်ဆက်ပွဲ၊ ဧည့် ခံပွဲ အမျိုးမျိုးလုပ်ကာ
အလိုရှိသောအမျိုး သမီးများအား အရက်၊ ဘီယာ မူးအောင်တိုက်ပြီး ကြံစည်တတ်ကြပေသေးရာ
....
မိမိကိုယ်ကို တန်ဖိုးထားတတ်သော ဂုဏ်သိက္ခာရှိသည့် အမျိုးသမီးများအနေဖြင်
့သတိပြုရှောင်ရှားသင့် လှပေသည်...
သူတို့ လို လူမသိ၊ သူမသိနှင့်  မိမိချစ်ကြိုက်၊ လက်ထပ်ရန်မရည်ရွယ်ပါပဲလျက်
အစမှာတော့  အပျော်သဘောနှင့် သောက်ခဲ့ ပြီးနောက်ပိုင်းတော့ အပျော်လွန်ကာ
အမူးလွန်ပြီး တစ်စိမ်းတစ်ရံစာ ယောကျာင်္းလေးတစ်ယောက်၏ ကုတင်ထက်ဝယ် ဘ၀ပျက်ခဲ့ ကာ
ဖြစ်မိမှတော့ မထူးတော့ ပါဘူးဟူ၍ မထူးဇတ်ဆက်ခင်းနေကြသူ မိန်းကလေးများကား
ရေတွက်လို့ ပင် ကုန်ခန်းနိုင်ဖွယ်မရှိပေ....
မိမိ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အမှန်တစ်ကယ်ပင် ပျက်ပြားယုတ်လျော
့စေသောအရက်၊ဘီယာ ကား မြန်မာအမျိုးသမီးများအတွက် တစ်စိမ်းယောကျာင်္းလေးများနှင်
့အတူ မည်သည့် အခါမျှ ၊ မည်သို့ သောအကြောင်းပြချက်ဖြင့် မသောက်စားသင့် ကြောင်း
အထက်ပါ နမူနာအဖြစ်အပျက်နှင့် အောက်ပါ ဓါတ်ပုံများက သက်သေခံနေပေတော့ သည်....
သူတို့ ဆီမှာ ဘီယာ၊အရက်နှင့် ဖက်ပြီးကြီးပြင်းလာသည်ဟု ပြောလို့  ရသည်
့မိန်းကလေးများပင် ဓါတ်ပုံထဲတွင် မြင်တွေ့ ရသည့် အတိုင်းဖြစ်ကြရလျှင် အတွေ
့အကြုံနုနယ်သည့်  အူရိုင်း အာရှသူမိန်းကလေးများ ဆိုလျှင်တော့ ပြောဖွယ်မလိုတော
့ပြီ...
ဆင်ခြင်သုံးသပ်နိုင်ရန်အလို့ ငှာတင်ပြသည်မို့ တစ်ချို့ ပုံများ
အနည်းငယ်အမြင်မတော် သည်များကို တော့ ခွင့် လွှတ်စေလိုပါသည်....
ပျော်ရွှင်စွာကျင်းပဆင်နွှဲကြသော ပွဲတော်များက နိုင်ငံတိုင်းလိုလိုတွင်များကြပါသည်။
Credits@ ကိုပီတာ ဘလော့ခ် မှ
ကူးယူဖေါ်ပြသည်။ အချိုပုံများ အမြင်မတော်သည်ကိုတော့ ခွင့်လွတ်စေချင်ပါသည်။
ကိုယ် မသိတဲ့ တစိမ်းလူ အခန်းမှာများ အဲဒီလိုဖြစ်ခဲရင်....မဖြစ်ဘူးမပြော
ဘွားဘွားတောင် ဘီယာနဲတွေတော့မှ လွတ်သွားတယ်ကွယ်
တွေးတွေးပြီးရယ်
လူတွေကြိတ်ကြိတ်တိုးနေတဲ့ ပဲရစ်မြို့ရဲ့ ရထားဘူတာရုံတစ်ခုမှာ
တိုးရစ်တစ်ဦးက အလန့်တကြား ထအော်တယ်။
"ဟာ..... ကျုပ်ပိုက်ဆံအိတ် မတွေ့တော့ဘူး"
ဒါကို ပြင်သစ်အဘိုးအိုတစ်ဦးက ပုခုံးတွန့်ပြပြီး "ဘုရားသခင်ကို
အမြန်ကျေးဇူးတင်ပါ"လို့ပြောတယ်။ အဘိုးအိုကဆက်ပြီး "ပဲရစ်မြို့ရောက်ရင်
အရာနှစ်ခုကို ခင်ဗျားတင်းတင်း ဆုပ်ကိုင်ထားရတယ်။ တစ်ခုက ပိုက်ဆံအိတ်
နောက်တစ်ခုက ဇနီး၊ ခင်ဗျားဘေးမှာ ခင်ဗျားဇနီးရှိနေသေးတာကိုက
ခင်ဗျားကံကောင်းလို့ပဲ"
(၂)
ပထမလူ: အရင်ပတ်က ကျွန်တော့်မိန်းမမျက်စိထဲ သဲတစ်ပွင့်ဝင်သွားတယ်။
ဆရာဝန်သွားပြတော့ ကျွန်တော့်ငွေ ၃ရာကုန်သွားတယ်။
ဒုတိယလူး ဟာ.. ခင်ဗျားကံကောင်းတာပေါ့။ အရင်ပတ်က
ကျွန်တော့်မိန်းမမျက်စိထဲ အနွေးထည်တစ်ထည် ၀င်သွားတယ်။ နောက်တော့
ကျွန်တော့်ငွေ ၃ထောင်ကုန်သွားတယ်။
(၃)
ဖခင်း သား.. ဘယ်သူကိုအချစ်ဆုံးလဲ! မေမေကိုလား! ဖေဖေကိုလား!
သားး နှစ်ယောက်စလုံးကို ချစ်တယ်။
ဖခင်း တကယ်လို့ ဖေဖေက အမေရိကားကိုသွားမယ်။ မေမေက ပဲရစ်ကိုသွားမယ်ဆိုရင်
ဘယ်သူ့နောက်သားလိုက်မလဲ?
သားး မေမေနောက်လိုက်မယ်။
ဖခင်း ဘာဖြစ်လို့လဲ!
သားး ပဲရစ်မြို့က လှတယ်လေ...
ဖခင်း ဒီလိုဆိုရင် တကယ်လို့ ဖေဖေက ပဲရစ်ကိုသွားမယ်။ မေမေက အမေရိကား
ကိုသွားမယ်ဆိုရင်ကော ဘယ်သူ့နောက်သားလိုက်မလဲ?
သားး မေမေနောက်လိုက်မယ်။
ဖခင်း ဘာဖြစ်လို့ မေမေနောက်ပဲ လိုက်ရတာလဲ?
သားး ပဲရစ်ကို အခုနားကပဲ သားသွားပြီးပြီလေ..
(၄)
ကိုယ့်အပေါ်အလေးမထားတဲ့ ခင်ပွန်းကို မနာလိုဝန်တိုအောင် ဇနီးဖြစ်သူက သွေးထိုးစမ်းတယ်။
ဇနီးး တကယ်လို့ နင်ရဲ့အကောင်းဆုံး သူငယ်ချင်းနဲ့ ငါအိပ်ခဲ့တယ်ပြောရင်
ငါ့ကိုနင်ဘယ်လိုထင်မလဲ?
ခင်ပွန်းး နင်ဟာ လိင်တူချစ်ကြိုက်သူလို့ ငါထင်တယ်။
(၅)
လူတစ်ယောက်ဟာ စိတ်ရောဂါကုဆရာဝန်ဆီရောက်လာပြီး ဒေါသတကြီးနဲ့
"ဆရာ... ဆရာ.. ကျွန်တော်သည်းမခံနိုင်တော့ဘူးဗျာ။ ကျွန်တော့်မိန်းမလေ
ညတိုင်းညတိုင်း နှိပ်ကလပ်သွားပြီး သူ့အပေါ် နည်းနည်းကောင်းတယ်ထင်တဲ့
ယောက်ျားတွေကို အခွင့်အရေးပေးတယ်ဗျာ။ အဲဒါ ကျွန်တော်ဘယ်လို လုပ်ရမလဲ"
လို့ တိုင်ပင်တယ်။ အဲဒီအခါ ဆရာဝန်က
"မလောနဲ့.. မလောနဲ့ အသက်ကို၀၀ရှု.. ဖြည်းဖြည်းပြော၊ စိတ်သိပ်မလှုပ်ရှားနဲ့။
စိတ်ကိုငြိမ်ငြိမ်ထားပြီး ကျွန်တော့်ကိုပြောပါ။
ခင်ဗျားမိန်းမသွားသွားနေတဲ့ နှိပ်ကလပ်က ဘယ်နှိပ်ကလပ်လဲ?"
(၆)
ဖားကလေးနှစ်ကောင် ချစ်ကြိုက်မိပြီး ယူလိုက်ကြတယ်။ ဖားမလေး ကလေးမွေးတော့
အရုပ်ဆိုးတဲ့ဖားပြုပ်တစ်ကောင် မွေးတယ်။ ဒါကို ဖားထီးက မခံနိုင်ဘဲ
ဒေါသတကြီးထအော်တယ်။
"ဘယ်လိုဖြစ်ရတာလဲ.. ငါမသိအောင် မင်းဘာတွေလုပ်ခဲ့တာလဲ?"
"ကလေးအဖေရယ်.. သိပ်မအော်ပါနဲ့။ ကျွန်မက ဖားပြုပ်ပါ.. ရှင်နဲ့မသိခင်
ကျွန်မရုပ်ကို ခွဲစိပ်ပြုပြင်ခဲ့ဖူးတယ်"
*** private space ဆိုတဲ့ တရုတ်မဂ္ဂဇင်းမှာ ဖတ်ခဲ့ရတဲ့ ဟာသတွေပါ။ မျှဝေပါတယ်။
from forward email.
သံယောဇဉ်ဆိုတာ
သံယောဇဉ်ဆိုတာ… ဖြတ်ဖို့ခက်တဲ့ ပင်လယ်ရဲ့ဝိသေသ
သံယောဇဉ်ဆိုတာ… ကောင်းကင်ရဲ့ တိမ်မျှင်တစ်စ
သံယောဇဉ်ဆိုတာ… ပင့်ကူတစ်ကောင်ရဲ့ အသိုက်အမြုံ
သံယောဇဉ်ဆိုတာ… စွန်တစ်ခုရဲ့ရစ်ဘီး
သံယောဇဉ်ဆိုတာ… အိမ်တစ်လုံးရဲ့အမိုးအကာ
သံယောဇဉ်ဆိုတာ… ဦးခေါင်းတစ်လုံးရဲ့ဆံချည်ဆံထွေး
သံယောဇဉ်ဆိုတာ… မိသားစုရဲ့ နိဗ္ဗာန်
သံယောဇဉ်ဆိုတာ… တောတောင်တစ်ခုရဲ့စိမ်းလန်းရာ
သံယောဇဉ်ဆိုတာ… ဂိမာန်နွေရဲ့ရွက်ဝါတော
သံယောဇဉ်ဆိုတာ… ၀ဿ န်ဥတုရဲ့မိုးစက်မိုးပွင့်
သံယောဇဉ်ဆိုတာ… ဟေမာန်ဦးရဲ့နှင်းရည်နှင်းစက်
သံယောဇဉ်ဆိုတာ… ချစ်ခြင်းရဲ့နှလုံးသားရပ်ဝန်း
သံယောဇဉ်ဆိုတာ… အမှားပုစ္ဆာရဲ့နောင်တ တရား
သံယောဇဉ်ဆိုတာ… ဥပေက္ခာရဲ့ အမိုက်အမှောင်
သံယောဇဉ်ဆိုတာ… နားလည်မှုရဲ့ဝတ်မှုံဇာတိ
သံယောဇဉ်ဆိုတာ… ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်
သံယောဇဉ်ဆိုတာ… သေခြင်းတရားရဲ့ဆန့်ကျင်ဘက်
သံယောဇဉ်ဆိုတာ…
ဘယ်သူ့ခံယူချက်နဲ့မှ အသက်မရှင်တဲ့
တသီးတခြား ပစ္စုပ္ပ န်ဘဝ
သံယောဇဉ်ဆိုတာ…
ငါအကြောက်လန့်ဆုံး တစ္ဆေတစ်ကောင်ပေါ့… ။
< ဇွဲလူ >
Friday, July 23, 2010
ပန်းကန်ပြားပျံလား
တရုတ်နိုင်ငံ ရဲ့ Hangzhou မြို့ရဲ့ လေယာဉ်ကွင်းပေါ်ကို ပန်းကန်ပြားပျံလို ယူဆရဲ့ အရာဝတ္တုတစ်ခုဟာ အနီးကပ်ဖြတ်သန်းသွားတယ်လိုဆိုပါတယ်။ အဖြူရောင်
အလင်းတန်းဖျာထွက်နေပြီ ပုံသဏ္ဍာန်ကတော့ စက်ဝန်း ပုံသဏ္ဍာန်လို့ဆိုပါတယ်။
အချိန်ကတော့ တရုတ်နိုင်ငံ စံတော်ချိန် မွန်းလွဲ ၉းဝဝ နာရီဖြစ်ပြီး ထို အဖြစ်အပျက်ကြောင့် လေယာဉ် ဆယ်စီးထက်မက လမ်းကြောင်းလွဲခဲ့ရတယ်လို့ သိရပါတယ်။ မျက်မြင် သက်သေတွေက ပြောရာမှာတော့ ရုတ်တရက် မီးအလင်းလုံးကြီး
ဖြတ်ပြန်သွားတယ် ဆိုပါတယ်။ ဒေသခံ တော်တော်များလည်း ဓါတ်ပုံ ထို
ပျံသန်းသွားတဲ့ အရာဝတ္တုကို ရိုက်နိုင်ခဲ့ကြပါတယ်။
Yu လို အမည်ရတဲ့ ဒေသခံကားသမား တစ်ယောက်ကတော့ အရမ်းထူးဆန်းတဲ မီးအလင်းလုံးကြီး ဖြစ်ပြီး ဗုဒ္ဓဟူးနေ ညနေချိန် မှာနောက်ဖက်ကို ဦးတည်ပြီ
ဖြတ်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဘာလဲဆိုတာကိုတော့ တရုတ်နိုင်ငံက
အရာရှိတွေကတော့ တရားဝင်ထုတ်ပြန်မယ်အသိပေးမယ်လို့တော့ပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ နှင့် ပညာရေး အမြင်
ပညာ သင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ၊ ပညာတတ်သူသည် လောကရှိအရာရာကို အခွင့် အလမ်းလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း မိမိဥာဏ် အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ် တို့ကို၎င်း (Emotion of the Education) ပြုပြင် ပြုစု စီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။
ပညာသည် စာအုပ်များထဲတွင်သာ ရှိသည်မဟုတ် စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူ အဆများ ကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ် စေရမည်။
ရာဇဝင်သိရုံသာ မဟုတ် ရာဇဝင်ကို ဖန်တီး နိုင်စေရမည်။ လောကဓါတ် ပညာကို သိရုံသာ မဟုတ်၊ လောကဓါတ် ပညာကို တိုးချဲ့နိုင်စေရမည်။ ပဋ္ဌမ ပညာကို သိရုံမျှသာ မဟုတ်၊ မြေသစ် ရေသစ် တော တောင် တို့ကို ရှာဖွေ စုံစမ်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ် အကျဉ်းမျှပင်တည်း။
ပညာသည် ကာလ ဒေသ ပရောဂ နှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည့် ပညာတွင် သညာ လည်း ပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်၊ ဥာဏ်ချည်းသာ တိုးတက်၍ သညာ မရှိပါမူလည်း ဤမျှ ပိုမို ဆန်းကြယ် အပြောကျယ် လှသော ခေတ်သစ် အကြောင်းကို နားမလည်နိုင်ပေ၊ လောကဓါတ် ပညာကို မတတ် မသိဘဲ လောကဓါတ် ပညာဥာဏ် ကိုသာရလျှင် လောကဓါတ် ပညာ၏ တန်ဘိုးကို ဒင်ပြည့် မသုံးနိုင်ပေ။
တိုင်ပြည် အခြေအနေ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည် ထောင်ခြင်း ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။
လူတယောက်၏ သက်တမ်းတွင် အစ ပဋ္ဌမက သိမြင်လာသော စိတ်နေ စိတ်ထား ဝါဒ တို့သည် အမှန်ချည်း မဟုတ် ပြုပြင် ပြောင်းလဲ ရမည်သာတည်း။
လူတဦး၏ တဘဝတွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲ ဖေါက်ပြန် ဖြစ်ခြင်း ပေတည်း။ ဝါဒ ပြောင်းလဲ မှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်း ပေတည်း။
သမာဓိဆိုသည်မှာ လောက၏ အကောင်း အဆိုး အကျိုးအပြသ် သနစ်စုံကို ပိုင်းခြား ထင်ထင် သိမြင်၍ ဆင်းရဲလည်း ဝမ်းမနည်း ချမ်းသာလည်း ဝမ်းမသာ ပကတိ စိတ်ထား ဥာဏ် အမြင်အရ လူချီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို မထိတ် မလန့် တသမတ်တည်း တည်ညိမ်စွာ ရှိခြင်းကို ဆိုလေသည်။
လှေနံဓါးထစ်ဆိုသော အလုပ်။ အပြော၊ အတွေးတို့မှာ ပညာ၏အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း။
်
ဗိုလ်ချုပ်အောင်ဆန်း လူငယ်ကျောင်းသားဘဝက ကိုယ်တိုင်ရေးခဲ့သော အလွန်လေးနက်သော လောကအမြင်။ ပညာရေး အမြင် တစိတ်တဒေသ ဖြစ်သည်။
http://2.bp.blogspot.com/_UTsexfGKbEk/TCmp8z17xNI/AAAAAAAAAMo/lyGcR...
စုဆောင်းသူ ဘလော့ခ်ဂါ အလင်းဆက်
၂၈. ဇွန်လ. ၂၀၁၀
ဒီဆောင်းပါးလေးကို ဖတ်ပြီးအရမ်းကြိုက်လို့ ပြန်လည်ကူးယူဖေါ်ပြပေးလိုက်ပါတယ်။
တရားခံဘယ်သူလဲ..... (ကလေးပညာရေး စိတ်ပညာ)
ကျွန်မတို့တိုင်းပြည်ရဲ့ အနာဂါတ်ဟာ နောင်မျိုးဆက်သစ်တွေရဲ့ လက်ထဲမှာဘဲရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
ဖြစ်ရပ် (၁)
ကလေးငယ်သည် လွယ်အိတ်ကို ဝှေ့ရမ်းလျက် အိမ်ရှိရာသို့ အပြေးလာနေ၏။ လမ်းတွင် တွေ့သမျှ ရေအိုင်ငယ်၊ ရွှံ့ကွက်ငယ်တို့ကို လွှားခနဲ လွှားခနဲ ခုန်ကျော်၍ လာသည်။
သူ့မျက်နှာမှာ အပျော်ဖြင့် ၀င်းပနေ၏။ အိမ်သို့ မြန်မြန်
သူပြန်ရောက်ချင်လှပြီ။ သူ့အောင်မြင်မှုကို မိဘနှစ်ပါးအား ပြောပြချင်လှပြီ။
အားရ၀မ်းသာ ဖြစ်သွားကြမည့် မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ။ “ဒါမှ
င့ါသား ... ကွ” ဟူသော အဖေ၏ ချီးမွမ်းသံကို ကြားချင်လှပြီ။
ပြုံးရယ်လျက်ရှိသော အမေ၏ အနမ်းနွေးနွေးကို ခံယူချင်လှပြီ။ ကလေးငယ်သည်
ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်၏။
ရှေ့မှာ အိမ်ကို မြင်နေရပြီ။
အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့် မြင့်သော ပုဏ္ဏရိပ်ပင်တန်းကို သူ ခုန်ကျော်လိုက်၏။ ခါတိုင်း ဘယ်လိုမှ မလွတ်ဘဲ သစ်ခက်သစ်ညွှန့်တို့ကို
ခြေဖျားဖြင့် ခတ်မိမြဲ ဖြစ်သော်လည်း သည်နေ့အဖို့ လုံးဝ လွတ်လွတ်ကျွတ်ကျွတ်
ဖြစ်သွားသည့်အခါ သူ အံ့သြသွားလေသည်။ သို့ရာတွင် ကြာကြာ မအံ့သြနိုင်ဘဲ
အိမ်ပေါ်သို့ တဒုန်းဒုန်း ပြေးတက်သွားခဲ့သည်။ ပါးစပ်ကလည်း “အဖေရေ ...
အမေရေ” ဟု အော်ခေါ်လာခဲ့၏။
ဝတ်မှုန်ရွှေရည်က original လား?
သေချာကြည့်မယ်ဆိုရင် နှာခေါင်း မျက်စိ ပါးစပ် ပါးရိုး မေး ရိုးတွေပါ plastic surgery လုပ်ထားတာပါ
အော် သူလဲဘာထူးလို့လဲ
ရေခဲရေနှင့်အအေးသောက်လျှင် အူမကြီးကင်ဆာနှင့် အခြားရောဂါများဖြစ်နိုင်'
Thursday, July 22, 2010
အတိတ်ဟောင်းကရန်ကုန်မြို့ထဲသွားလည်ရအောင်
တို့ ဘိုးဘွားတွေရန်ကုန်မြို့မှာဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာလည်းလေ့လာရတာပေါ့။အခုနေရာတွေနဲ့ဟိုးအရင်ကနေရာတွေကို
နိုင်းရှင်ပြီးစိတ်ကျေနပ်စေရမယ်လို့အာမခံတယ်နော် ကဲသွားကြရအောင် လိုက်မယ်မှတ်လား
လှည်းယာဉ်လေးနဲ့သွားမယ်နော်
အရင်ဆုံးရွှေတိဂုံဘုရားကိုသွားဖူးကြမယ်ဟေ့
အင်း----ဘယ်ဖက်မုခ်ကတက်ရင်ကောင်းမလဲ
ဘုရားပေါ်ရောက်ဖို့ကအဓိကပဲ
ဘုရားဖူပြီးရင်ဈေးသွားဝယ်ကြမယ်
ဈေဝယ်ပြီးရင်မြို့ထဲရှောက်လည်မယ်နော်
ဆိပ်ကမ်းဘက်မှာလေညှင်းခံအုံးမှပဲ
ဆူးလေဘုရာလည်းဝင်ဖူးအုံးမှ ပြီးရင်
အင်းလျားကန်မှာနားပြီးပြန်ကြတာပေါ့ နေလည်းစောင်းပြီလေ
ဟိုးခေတ်ကဘိုးဘွားတွေရှောက်လည်တဲ့အတိုင်းခံစားပြီးရေးထားတာပါဟိုခေတ်ရန်ကုန်ကိုလည်ပတ်ရတာကျေနပ်ကြမယ်လို့
ထင်ပါတယ် သူငယ်ချင်းများအားလုံးပျော်ရွှင်ကြပါစေ။
ဲ
်