Tuesday, July 20, 2010

အွန်လိုင်းပေါ်ရှိစာရေးသူများ သို့...

မဂ္ဂဇင်းစာမျက်နှာများပေါ်တွင် ရေးသားလျှက်ရှိသော ကဗျာဆရာမောင်ယုပိုင် ၊ ၄င်းဧ။် ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် Note အဖြစ်ရေးသားကာ အွန်လိုင်းစာရေးသူများကို ချိုးဖဲ့ထားသော စာတစ်ပုဒ်ကို ဤသို့တွေ့ရသည်....


အွန်လိုင်းပေါ်တွင်တွေ့ရသည့် တချို့စာရေးသူများမှာ သူရေးထားတာတွေ မဂ္ဂဇင်းလျှောက်ပို့ကြည့်သည်၊ မပါ။ ဘယ်လိုမှ ဘယ်နေရာမှာမှ မပါသည့်အဆုံး မဂ္ဂဇင်းကဖေါ်ပြမှ စာဖြစ်တာ အနုပညာဖြစ်တာမဟုတ်ဘူးဟု ၀ါးလုံးရှည်နဲ့ရမ်းထည့်လိုက်သည်။
အင်တာနက်ခေတ်ရောက်တော့ တံခါးမရှိဓါးမရှိ ကွေးအောင်ကဖို့ ဇာတ်စင်တွေ့သွားသည့် ဇာတ်ရူးလို
ဝမ်းသာအားရဘလော့တွေ ပြေးတင်ပြန်သည်။ စီစစ်တည်းဖြတ်မယ့်သူ မရှိတော့မှ လွတ်လပ်စွာရေးချင်သလိုရေးခွင့်ရသွားသည်ဟု
ဆိုပြန်သည်။ နင်ပဲငဆများ တစ်ဖက်စောင်းနင်းများ သူငယ်နာမစင်ခြင်းများ ဒေါသသင့်ခြင်းများ၊
လိင်စိတ္တဇဖြစ်ခြင်းများ အိုးနင်းခွက်နင်းများ၊ ပစ်တိုင်းထောင်ရုပ်ကြိုးရှုပ်ခြင်းများ
စသဖြင့် ဘယ်သူဖတ်ဖတ် သိသာထင်ရှားသည့် တွေးပုံရေးပုံညံ့ဖျင်းပုံကို ဝေဖန်ကော်မန့်ပေးသူပေါ်လာပြန်တော့
ကိုယ်ကသူများနဲ့မတူအောင်ရေးထားတာ၊ ဘယ်သူမှ ချုပ်ချယ်တာမကြိုက်ဘူး၊ မကြိုက်ရင်မဖတ်နဲ့၊
အယ်ဒီတာတွေဆုံးဖြတ်မှ

စာဖတ်သူတို့လက်ခံမှ စာဖြစ်တာမဟုတ်ဘူးဟု ထပ်ကာထပ်ကာဆိုပြန်သည်။ ဘယ်သူမှ မဖတ်ရခင် မဝေဖန်ခင်ကတည်းက ကြိုက်မှဖတ် ကြိုက်မှပေါင်း ကြိုက်မှလက်ခံ အောင်မြင်ချင်လို့ကျော်ကြားချင်လို့ ရေးနေတာမဟုတ်ဘူး၊ ဘာမှတ်နေသလဲဆိုသည့်သဘောမျိုး ဖေ့စ်ဘုဒ်ထဲ ကြေလည်းကြေငြာ ကြိမ်းလည်းကြိမ်းမောင်းထားပြန်သည်။(တော်ပါသေးသည်၊
မအောင်မြင်ချင်မကျော်ကြားချင်လို့) သို့သော် ယနေ့ခေတ်မှာ မည်သည့် စောက်ရူးရေးသည့်စာဖြစ်စေ
လက်ခံဖတ်ရှူသည့်စောက်ရူးပရိသတ်ရှိတတ

်ရာ (မောင်ပြည့်မင်းကဗျာထဲကလို လူချာနဲ့လူချာ့တပည့်တွေ ရှိတတ်ရာ) ထိုပရိသတ်လက်တစ်ဆုပ်ကျတော့ ကိုယ့်စာကိုနားလ

ည်လက်ခံနိုင်စွမ်းရှိသည့် အဆင

့်မြင့်စာဖတ်ပရိသတ်များဖြစ်သွားရပြန်သည်တဲ့ စာဖတ်ပရိသတ်သူငယ်ချင်းအပေါင်းတို့။






ကျွန်မပြောချင်တာက ....



1. မောင်ယုပိုင်က ဘယ်သူတွေကို ပြောချင်တာလဲ။( အွန်လိုင်းက လူတွေက မကောင်းပြောတယ်ဆိုတာ)



2. တစ်ကယ်လို့ပြောချင်ရင် နာမည်တပ်ပြီး ဘာလို့မပြောရဲသလဲ။ နာမည်တပ်ပြီးမပြောရဲတဲ့အတွက်ကြောင့်။ အခုလို အကျိုးဆက်တွေဖြစ်လာတယ်။ သူပြောတဲ့ လူမိုက်ဆန်နေတဲ့လူတွေက ဘယ်သူလဲ။ လိင်စိတ္တဇဖြစ်နေတဲ့လူတွေကဘယ်သူလဲ။
ပစ်တိုင်းထောင်ရုပ်ကြိုးရှုပ်တယ်ဆိုတာတွေကရော ဘယ်သူတွေလဲ။



3. မောင်ယုပိုင် အပြင်မှာစာရေးတာ ဘယ်လောက်ကြာသည်ဖြစ်စေ။ အွန်လိုင်းလောကကို ရောက်လာတာ ဘယ်လောက်ကြာပြီလဲ။ အွန်လိုင်း ဘလောဂ့်ဂါတွေ
အပါအ၀င် Ning Social network တွေ က blogger တွေရဲ့ အလေ့အထနဲ့ အပြုအမူတွေ အကြောင်းရော
လေ့လာထားလား။



4.မောင်ယုပိုင် အွန်လိုင်းပေါ်မှာ ဘလောဂ့်တစ်ခုတည်ဆောက် Fan Page တစ်ခုတည်ဆောက်၊ Facebook တစ်ခု ယူခဲ့တာ ဘာရည်ရွယ်ချက်လဲ။



5. Weblog တွေကိုရေးသားနေတဲ့လူတွေက ပညာရည်မပြည့်ဝဘူးလို့ ဆိုရင် ဒီလောကကိုရောက်လာတာ မောင်ယုပိုင်အတွက် ကလေးအုပ်ထဲကို ကလေးပေါကြီးအနေနဲ့ဖြစ်သွားသလို
ဖြစ်မှာကို မတွေးမိဘူးလား။



6. blog တစ်ခုတည်ဆောက်ပြီး ပို့စ်တွေ တင်ရင်ပဲ blogger လို့ခေါ်လို့ရနေပြီ။ ဒါဆို Blogger စီနီယာတွေက ဒီလောကမှာ ရေးချင်ရာရေးတယ်ပဲထားဦး။
သူ့လို အွန်လိုင်းပေါ်အခုမှ ဒီလောကထဲရောက်လာတာ နှစ်ရက်နဲ့ တစ်ပိုင်းလောက်ပဲ ရှိသေးတဲ့
ဂျူနီယာလေးက ဘာလို့ အမေလောက်ရှိနေတဲ့ ဦးလေးလောက်ရှိနေတဲ့ လူတွေကို သိမ်းကျုံးပြီး
လူချာနဲ့လူချာ့ တပည့်တွေလို့ပြောရဲသလဲ။ အွန်လိုင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ဖိုက်နေတဲ့
ပရင့်လောကမဟုတ်ဘူး။



7. တစ်ယောက်ယောက်ကို ပြောချင်ရင် နာမည်တပ်ပြီး By Name ပြောပါ။ သတ္တိရှိရှိပေါ့။



9. သူက ပို့စ်ထဲမှာ (မည်သည့်စောက်ရူးရေးသည့်စာဖြစ်စေ.ဆိုပြီး..) အွန်လိုင်းမှ လူများကို သိမ်းကျုံးပြီး(်ပြန်ပြီး ဖာထေးလို့ရအောင်၊ စကားလျှောချလို့ရအောင်တစ်ချို့တစ်ချို့သော
သူများလို့

ရေးထားပြီး) ရမ်းထားတာကြောင့် ပုံနှိပ်မီဒီယာလောကက စာရေးဆရာများကို
ကျွန်မတို့က သူတို့ကဗျာဆရာတွေရဲ့ စာတွေ ပါတဲ့ မဂ္ဂဇင်းတွေက ကဗျာတွေကို တစ်လကို နှစ်ရာသုံးရာ
ပေးပြီးဖတ်ရတာ ဘယ်လောက် ၀မ်းနည်းစရာကောင်းလဲ



10.www.mgyupie.co.cc ဆိုပြီး အခုလုပ်ထားတဲ့ ဘလောဂ့်က အရှေ့က စီနီယာ ဘလောဂ့်ဂါကြီးတွေက လုပ်ထားခဲ့တဲ့ အီးဘုတ်တွေကို မှီးငြမ်းပြီး အနောက်က
ဂျုနီယာဘလောဂ့်ဂါတွေက လိုက်လုပ်ထားရတာတွေချည်းပဲ။ ဘလောဂ့်ပေါ်မှာ ထားဦး။ အခု ဖေ့စ်ဘုတ်ပေါ်မှာ
ရေးနေ Gtalk ပေါ်မှာ ရေးနေတဲ့ ဇော်ဂျီ ဖောင့်ကလည်း ရှေ့က စီနီယာ ဘလောဂ့်ဂါတွေရဲ့ ကျေးဇူးကြောင့်ပဲ။သူ့ဘလောဂ့်ကို
သင်ပေး၊လုပ်ပေးထားတဲ့ လူတွေကလည်း အဲ့ဒါတွေကို ဖတ်မှတ်ပြီးလုပ်လာခဲ့ရတာတွေချည်းပဲ။ အဲ့ဒိ
ရှေ့ကစီနီယာကြီးတွေ ကိုပါသိမ်းကြုံးပြီး မည်သည့်စောက်ရူး လို့ရေးထားတဲ့အတွက်၊ သူက ကျေးဇူးတရားကိုသိတတ်တဲ့
ဗုဒ္ဓဘာသာ မှဟုတ်ရဲ့လားလို့ ကျွန်မတွေးမိတယ်။


11. အပေါ်က ရေးထားတာတွေ အားလုံးက ကျွန်မတို့ သူ့အပေါ် အထင်အမြင်လွဲ ၊ နားလည်မှု့ လွဲတယ်ပဲထားဦး။ ဒီလို နားလည်မှု့လွဲအောင် အထင်အမြင်လွဲအောင် ရေးချင်ရာ ရေးထားတဲ့အတွက် နားလည်မှု့လွဲတာပဲဖြစ်တယ်။


မေလေး

0 comments: